Quantcast
Viewing all articles
Browse latest Browse all 7343

xXx ရုပ်ရှင်အသစ်မှာမြင်တွေ့ရဦးမယ့် ဘောလိဝုဒ်မင်းသမီး Deepika Padukone

ကမ္ဘာကျော် မင်းသား Vin Diesel နဲ့အတူ “xXx: Return of Xander Cage” ရုပ်ရှင်မှာ အတူတွဲပြီး သရုပ်ဆောင်ခဲ့တဲ့ နာမည်ကျော်ဘောလိဝုဒ်မင်းသမီး Deepika Padukone ဟာ xXx ရဲ့ စတုတ္ထမြောက် နောက်ဆက်တွဲ ရုပ်ရှင်မှာ ပါဝင်မယ့်အကြောင်း အဲဒီရုပ်ရှင် ဒါရိုက်တာ DJ Caruso က အတည်ပြု ပြောကြားလိုက်ပါတယ်။

Twitter မှာ ဒါရိုက်တာ Caruso က တရုတ်အဆိုတော်၊ သရုပ်ဆောင် Roy Wang ကိုလည်း အခုလိုမျိုး xXx မိသားစုမှာ ပါဝင်လာတဲ့အတွက် ကြိုဆိုတဲ့အကြောင်း ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့က ရေးသားပြောဆို ခဲ့ပါတယ်။

အဲဒီအကြောင်းအရာမှာ လူမှုကွန်ရက်မီဒီယာ အသုံးပြုသူတဦးက “Deepika Padukone ကရောဘယ်လိုလဲ။ သူရော ရုပ်ရှင်မှာပါဝင်လာမှာလား” လို့ မေးမြန်းခဲ့ပါတယ်။ အဲဒီအခါ ဒါရိုက်တာ Caruso က “ဟုတ်ပါတယ်” လို့ အက်ရှင်အခြေခံရုပ်ရှင်မှာ နာမည်ကျော် မင်းသမီးပါဝင်လာမယ့်အကြောင်း အတည်ပြုခဲ့ပါတယ်။

မင်းသမီး Deepika ရဲ့ ရုပ်ရှင်ရိုက်ကူးရေး အချိန်ဇယားနဲ့ ပတ်သက်လို့ မေးမြန်းရာမှာတော့ Caruso က “ဇာတ်ညွှန်းကိုရေးသားနေဆဲမလို့ အချိန်ဇယားရေးဆွဲနေတုန်းပါ” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

မင်းသမီး Deepika ဟာ’xXx: Return of Xander Cage’ ရုပ်ရှင်နဲ့ ဟောလိဝုဒ် ရုပ်ရှင်လောကထဲ ဝင်ရောက်လာခဲ့ သူဖြစ်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့နှစ်မှာ မင်းသား Diesel ဟာ အိန္ဒိယနိုင်ငံကို ရောက်ရှိလာခဲ့ပြီး ဒါရိုက်တာ Caruso နဲ့ မင်းသမီး Deepika တို့နဲ့အတူ xXx ရုပ်ရှင်မြှင့်တင်ရေး ပြုလုပ်ခဲ့ပါတယ်။

xXx ရုပ်ရှင်အတွဲရဲ့ ပထမဆုံးအစ ရုပ်ရှင်က xXx ဖြစ်ပြီး ၂၀၀၂ ခုနှစ်မှာဖြန့်ချိခဲ့တာဖြစ်ပါတယ်။ ဒုတိယရုပ်ရှင်ကတော့ ၂၀၀၅ ခုနှစ်မှာ ရုံတင်တဲ့ ‘xXx: State of the Union’ ရုပ်ရှင်ဖြစ်ပါတယ်။ တတိယမြောက် ‘xXx’ ရုပ်ရှင်မှာတော့ မင်းသမီး Deepika က Serena Unger အဖြစ် ပါဝင်ထားပြီး ကမ္ဘာတဝန်း ရုံဝင်ငွေ ဒေါ်လာ သန်း ၃၀၀ ကျော် ရရှိခဲ့ပါတယ်။

အိန္ဒိယနိုင်ငံရဲ့ အနုပညာကြေး အများဆုံး မင်းသမီးတဦးဖြစ်တဲ့ Deepika ဟာ ထိပ်တန်း Filmfare Award ဆု ၃ ခုအပါအဝင် ဆုများစွာ ရရှိထားသူဖြစ်ပါတယ်။

Ref:timesofindia

The post xXx ရုပ်ရှင်အသစ်မှာမြင်တွေ့ရဦးမယ့် ဘောလိဝုဒ်မင်းသမီး Deepika Padukone appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...