Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

လတ်တလော အောင်မြင်မှုတွေရနေတဲ့ Crazy Rich Asians ရုပ်ရှင်

$
0
0

Box Office ရဲ့ဇယားမှာ နံပါတ် ၁ အဖြစ် အချစ်ဇာတ်မြူးကား Crazy Rich Asians ကရပ်တည်နေပါတယ်။ အမေရိကမှာ စတင်ပြသတဲ့အချိန်ကစပြီး ၃ ပတ်မြောက်အထိ နံပါတ် ၁ အဖြစ် ရှိနေပြီး ဝင်ငွေ ဒေါ်လာသန်း ၁၀၀ ကိုကျော်ပြီးခန့်မှန်းငွေ ဒေါ်လာ ၁၁၇ သန်းအထိ ရရှိနေပြီလို့ သိရပါတယ်။

ကမ္ဘာတဝန်းလုံးအတိုင်းအတာနဲ့ဆိုရင် ဒေါ်လာ ၁၃၇ သန်းထိရရှိနေပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ Jon M.Chu က ရိုက်ကူးထားပြီး ထုတ်လုပ်စရိတ်ကုန်ကျငွေက ဒေါ်လာ သန်း ၃၀ သာရှိတာကြောင့် အမြတ်များတဲ့ ဇာတ်ကားတကား ပဲဖြစ်ပါတယ်။

ဇာတ်လမ်းက နယူးယောခ့်သူဖြစ်တဲ့ Rachel Chou ဟာ သူမရဲ့ချစ်သူ Nick Yang နဲ့အတူ အာရှနိုင်ငံဖြစ်တဲ့ စင်္ကာပူကို သွားလည်တာကနေ ဇာတ်တည်ထားတာဖြစ်ပါတယ်။ အာရှလူမျိုးတွေရဲ့ချမ်းသာကြွယ်ဝမှုကို ပုံဖော်ထားပြီး မင်းသမီးကြီး Michelle Yeoh ကိုယ်တိုင်ကလည်း ပါဝင်အားဖြည့်ထားပါတယ်။

ဇာတ်ကားမှာ စင်္ကာပူက တရုတ်သူဌေးတွေရဲ့ခမ်းနားမှုကို ထင်ဟပ်ပြထားပါတယ်။ အဝတ်အစားဒီဇိုင်းတွေ၊ အခင်းအကျင်းတွေကို ခမ်းခမ်းနားနားနဲ့ တွေ့မြင်ရမှာပါ။

ဟောလိဝုဒ်က တွေ့နေကျ အက်ရှင်၊ သရဲ ဇာတ်လမ်းမျိုးမဟုတ်ဘဲ ပေါ့ပါ့ပါးပါးနဲ့အချစ်ဇာတ်မြူးကား ပဲဖြစ်ပါတယ်။ သြဂုတ်လ ၇ ရက်ကနေ စတင်ပြသနေတာဖြစ်ပြီး Warner Bros ကနေ ဖြန့်ချိထားပါတယ်။

၂၀၀၉ ခုနှစ်မှာ Sandra Bullock နဲ့ Ryan Reynolds တို့သရုပ်ဆောင်ထားတဲ့ The proposal ပြီးရင် ဟောလိဝုဒ်ရုပ်ရှင် သမိုင်းတလျှောက်မှာ ၉ နှစ်ကြာ မှ အောင်မြင်မှုရရှိလာတဲ့ အချစ်ဇာတ်မြူးကားပဲဖြစ်ပါတယ်။

Crazy Rich Asians ရဲ့ ပဲ့ကိုင်သူဖြစ်တဲ့ ဒါရိုက်တာ Jon M.Chu က ဒီရုပ်ရှင်နဲ့ပတ်သက်ပြီး “ဒါကရုပ်ရှင်သပ်သပ် မဟုတ်ပါ ဘူး။ အပြောင်းအလဲတခုလည်းဖြစ်ပါတယ်။ ဟောလိဝုဒ်မှာ အာရှရဲ့ခမ်းနားမှုကို ဖော်ပြနိုင်တဲ့ အခင်းအကျင်းတခု” လို့ ဆိုပါတယ်။

အခုလက်ရှိ အမေရိက Box Office ဇယားမှာ Crazy Rich Asians ပြီးရင် The Meg နဲ့ Mission Impossible: Fallout တို့က အစဉ်လိုက်ရပ်တည်နေပါတယ်။

www.gamespot.com

The post လတ်တလော အောင်မြင်မှုတွေရနေတဲ့ Crazy Rich Asians ရုပ်ရှင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...