Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မိသားစုကြောင့် Show ပွဲတွေ သိပ်မဆိုဖြစ်တဲ့ အဆိုတော် မနော

$
0
0

နယ်ပရိသတ် အခိုင်အမာရရှိထားတဲ့ အဆိုတော် မနောက လတ်တလောမှာ သီချင်းဆိုဖို့ လာငှားတဲ့ ပွဲတိုင်း မဆိုဖြစ်တော့ဘဲ ၁၀၀ မှာ ၁၀ ပွဲလောက်သာ ဆိုဖြစ်တယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ရှိုးတွေက ကျနော် Band နဲ့ပဲဆိုတယ်။ CD နဲ့ ဆိုရတဲ့ပွဲတွေ ပိတ်လိုက်တယ်။ တချို့နယ် အလှူတွေကျတော့ ကျနော့်ကို အပြတ်ငှားတယ်။ ကျနော့်တီးဝိုင်း၊ ကျနော့်အဆိုပေါ့။ ကျနော်တို့လိုချင်တဲ့စက်တွေ အကုန်ငှားပေးတယ်။ အဲဒီလိုပွဲမျိုးဆို လိုက်ဆိုတယ်။ ပြီးတော့ ၤၤFree show ဖြစ်ရမယ်။ ရုံပွဲတွေ မဆိုတော့ဘူး။ လာငှားတဲ့ ပွဲ ၁၀၀ မှာ ၁၀ ပွဲလောက်ပဲ ရွေးဆိုတော့တယ်”လို့ အဆိုတော် မနောက ဧရာဝတီကို ပြောပါတယ်။

အခွေရောင်းအားနဲ့ ငွေရှာလို့ မရဘဲ ရှိုးပွဲတွေကတဆင့် ငွေကြေးနဲ့အောင်မြင်မှု ရှာဖွေရတဲ့ ခေတ်မှာ အဲဒီလို ဆုံးဖြတ်ဖြစ်တဲ့အကြောင်းကို မနောက အခုလိုပဲ ပြောပါတယ်။

“အောင်မြင်မှုကို ဆက်လိုချင်သေးသရွေ့ ကျနော့မိသားစုကို အချိန်နည်းသွားမယ်လေ။ ငွေကြေးကျတော့လည်း အပြင်လုပ်ငန်းစီးပွားရေးကို ကျနော်က အချိန်ပေးတဲ့အတွက် အဲဒီကဝင်တာ။ ဒီဖက်ကမဝင်လည်း ဟိုဖက်ကဝင်တယ်။ နောက်ပြီး ဒီလောကထဲမှာ မမြင်တော့ရင်လည်း လုံးဝပျောက်သွားမယ်။ ဒီတော့ ပွဲကိုခြိုးခြံတယ်။ ချုံ့လိုက်တယ်။ ဒီတော့ အနုပညာဖန်တီးမှုကျတော့ တောက်လျှောက်ရှိလာတယ်”

“အရင်ကဆို အခွေမလုပ်နိုင်ဘူး၊ခုတော့အခွေက တောက်လျှောက် လုပ်နိုင်အား များလာတယ်။ ဖန်တီးမှုအား များလာတယ်။ အောင်မြင်လာတော့ အရင်ကလို မလွတ်လပ်တော့ဘူး။ မိသားစုနဲ့ အရင်ကလို နေကာတိုင်းသွားလို့ မရတော့ဘူး။ ကိုယ့် ကိုယ်ချစ်တဲ့ပရိသတ်ကလည်း အပြင်မှာတွေ့ရင် ကိုယ်နဲ့ဓာတ်ပုံရိုက်ချင်ကြတာပေါ့နော်။ တနေရာသွားရင် ပရိသတ်နဲ့တွေ့ရင် အုံလာပြီး မိသားစုနဲ့ ကိုယ်သွားချင်တဲ့နေရာအဆုံးထိ မရောက်တော့ဘူး။ ကျနော် မိသားစု အတွက်လည်းစဉ်းစားရပြီလေ”လို့ မနောက ဆိုပါတယ်။

အဆိုတော် မနောက”ကမောက်ကမ သမီးယောင်းမ”ရုပ်ရှင်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင် ထားပါတယ်။ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်လို့လည်း အခုလို ဆိုပါတယ်။

“ရုပ်ရှင်တွေက လာတော့လာတယ်။ ကျနော် ဒီတကားပဲ လက်ခံဖြစ်တာပါ။ ဟာသကားပါပဲ။ ဇာတ်ညွှန်းကြည့်ပြီးမှ လက်ခံဖြစ်တာပါ။ လာတုန်းကတော့ ဟိုကလာကမ်းလှမ်း၊ ဒီက လာကမ်းလှမ်းနဲ့ ၁၅ ကားလောက်ရှိတယ်။ ဒီပရိုဂျူဆာကတော့ ရိုက်ချင်အောင် ပြောတတ်တယ်။ အရမ်းကိုပညာရတယ်။ သင်ပေးတယ်”

“ကိုပြေတီဦးကလည်း သင်ပေးတယ်။ ကိုခင်လှိုင်တို့၊ မခိုင်လေးတို့၊ သဉ္ဇာဝင့်ကျော်တို့ အားလုံးက တွဲခေါ်တယ်။ ဒိုင်ယာလော့ခ်တွေပါလာတော့ ခက်တယ်လေ။ ပြောရင်းနဲ့မှ မျက်နှာအမူအရာ မပျက်အောင်လည်း နေရသေးတာ။ ကျနော့်အတွက်ကျ ခက်တယ်။ သူများတွေတော့ မသိဘူး။ သီချင်းဆိုတာနဲ့တော့ တခြားစီပဲ” လို့ မနောက ပြောပါတယ်။

မနောက ဇာတ်လမ်းလည်းကြိုက်ပြီး အချိန်လည်း အများကြီးမပေးရဘူးဆိုတဲ့ ဇာတ်လမ်းတွေ ဆိုရင်တော့ လက်ခံရိုက်ကူးဖြစ်ဦးမယ်လို့လည်း ပြောပါတယ်။ မနောက သူ့ရဲ့တေးရေးဆရာ သဟာအောင်နဲ့ အတွဲတေးစီးရီးတခွေ အမြန်ဆုံးထွက်နိုင်ဖို့လည်း စီစဉ်နေတယ်လို့ သိရပါတယ်။

ပရိသတ်ကို လိုင်းအသစ် ခံစားစေချင်တဲ့အတွက် ပုံစံအသစ်လေးတွေ ဆိုထားတယ်လို့ဆိုပြီး နေ့ချင်း၊ ညချင်း စီစဉ်လိုက်တဲ့အခွေဖြစ်ပြီး နောက်ဆက်တွဲ စတီရီယို တကိုယ်တော်ခွေနဲ့ တေးရေး ၅ ဦးရဲ့သီချင်းတွေနဲ့တေးစီးရီးတွေ ဆက်တိုက်လာဖို့ရှိတယ်လို့လည်းဆိုပါတယ်။

အဆိုတော် မနောရယ်လို့ မဖြစ်ခင်ကနဲ့ ဖြစ်ပြီးမှ ရပ်တည်ချက်က တူသေးလားဆိုတဲ့အမေးနဲ့ ပတ်သက်ပြီး မနောက အခုလိုဆိုပါတယ်။

“မနော မဖြစ်ခင်ကနဲ့ ဖြစ်ပြီးမှ ရပ်တည်ချက်က တူတယ်။ ကျနော်အေးအေးချမ်းချမ်းနဲ့ပဲ ဘဝကို ရပ်တည်မယ်။ လောဘဇောတိုက်ပြီး ဘာမှ မလုပ်ဘူး။ ကျနော့်ရဲ့ ပြိုင်ဘက်က ကျနော်ပဲလေ။ ဘာပြီးရင် ဘာလုပ်မယ်ဆိုတာကို ကျနော့်ပရိုဂရမ်နဲ့ပဲ ကျနော်သွားတယ်။ သူများဟာက ကျနော့်ကို လာဂယက် မရိုက်ဘူး။ ကိုယ့်လမ်းကြောင်းနဲ့ကိုယ်သွားမယ်။ အေးချမ်းတည်ငြိမ်စွာနဲ့ နေမယ်။အဲဒီလိုပဲဆုံးဖြတ်ထားတယ်။ ဒီဂီတကိုတော့ အရိုးသားဆုံး လုပ်ရမယ်။ ဘာခုတုံးမှ မထည့်ဘူး”လို့မနောက ဖြေပါတယ်။

မနောက ခုချိန်ထိ ရှိုးပွဲတွေမှာ မဖြစ်မနေ ဆိုနေရတဲ့ သီချင်းတပုဒ်ရှိပြီး သူကိုယ်တိုင်လည်း အံ့သြရတဲ့သီချင်းဖြစ်နေတယ်လို့ ဆိုပါတယ်။

“မဖြစ်မနေဆိုရတာတော့ မထင်ထားတဲ့သီချင်းကြီး၊ သြင်္ကန်သီချင်းကြီး “မိချော”၊ နှစ်ပေါင်းများစွာ ဆိုနေရတာ။ ဗိုလ်အောင်ဒင်ကတော့ ထားပါတော့လေ၊ ဆိုရတာက။ ဒီသြင်္ကန်သီချင်းကြီးကို တောက်လျှောက်ကိုဆိုရတာ မဖြစ်မနေကို ဆိုရတာ။ ပြီးတော့ ကျနော်မြို့ပေါ်ပွဲတွေဆိုမယ်ဆို စတီရီယိုသီချင်းလေးတွေ တိုက်သွားလိုက်ရင် ဟိုကျ “အချစ်စစ်တန်ဖိုး”နဲ့ “ကြာဖြူ”ပဲဆိုရတယ်၊ ဒီတော့ စတီရီယိုသီချင်းကို ညှပ်ညှပ် ဆိုရတာပေါ့”လို့ မနောက ဧရာဝတီကို ပြောပြပါတယ်။

အဆိုတော် မနောက စစ်ကိုင်းမှာ သီလရှင်ဆရာလေးများအတွက် ကျပ်သိန်း၂၅၀ ကျော် ကုန်ကျတဲ့ ကျောင်းဆောင်သစ်တစ်ဆောင်ကို သူရထားတဲ့ အနုပညာကြေးများနဲ့ ဆောက်လုပ် လှုဒါန်းထားတယ်လို့ သိရပါတယ်။

The post မိသားစုကြောင့် Show ပွဲတွေ သိပ်မဆိုဖြစ်တဲ့ အဆိုတော် မနော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...