Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

သမ္မတ Donald Trumpကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်တဲ့ အဆိုတော် John Legend

$
0
0

ကမ္ဘာကျော် အဆိုတော် John Legend က အမေရိကန်သမ္မတ Donald Trump ဟာ တိုင်းပြည်ကို တာဝန်မယူသင့်တဲ့၊ တကယ့်ကိုပဲ ဆိုးရွားတဲ့ ပုဂ္ဂိုလ်တဦးဖြစ်တဲ့အကြောင်း ဝေဖန်ပြောဆိုလိုက်ပါတယ်။ “All of Me” သီချင်းအဆိုတော် John က “Apprentice” အစီအစဉ်စတားဟောင်း Trump ဟာ အဲဒီလို ပြောဆိုမှုနဲ့ ထိုက်တန်သူဖြစ်တဲ့အတွက် နိုင်ငံရေး လှုပ်ရှားမှုကို အပြစ်တင်ရန် သူ့အနေနဲ့ လူထုမီဒီယာကို အသုံံးပြုခွင့်ရှိတဲ့ အကြောင်း ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

“သူ (Trump) ဟာ ဝေဖန်ခံရမှုနဲ့ ထိုက်တန်ပါတယ်။ သူကတော်တော်လေးကို အဆင်မပြေတဲ့ ကိစ္စတွေကို လုပ်ခဲ့ပါတယ်။ ပြီးတော့ သူဟာ တကယ့်ကိုပဲ ဆိုးရွားတဲ့ ပုဂ္ဂိုလ်လို့ ကျနော်ထင်ပါတယ်။ သူဟာ တကိုယ်ကောင်း ဆန်တယ်။ လူမျိုးရေး ခွဲခြားတယ်။ အမျိုးသမီးတွေကို တိုက်ခိုက်သူဖြစ်တယ်။ လူလိမ်တယောက် ဖြစ်တယ်။ လူမှုဘဝ နယ်ပယ်မှာ ကျနော်တို့ မြင်တွေ့နိုင်တဲ့ အဆိုးရွားဆုံး လူလိမ် ဖြစ်နိုင်ပါတယ်။ ဆင်ခြင်တုံတရား နည်းပါးတယ်။ ဘဝင်လေဟပ်နေသူ တယောက်ဖြစ်တယ်လို့ ကျနော် ဆိုချင်ပါတယ်။ ဒါပေမယ့် သူဟာတော်တော်း ဆိုးရွားတဲ့ ပုဂ္ဂိုလ်ဖြစ်ပြီး သမ္မတမဖြစ်သင့်ဘူးဆိုတာ ထင်ရှားတယ်လို့ ကျနော်ထင်ပါတယ်”လို့ အဆိုတော် John က ပြောပါတယ်။

အသက် ၃၉ နှစ်အရွယ် အဆိုတော်က သူ့ရဲ့ သူငယ်ချင်း Kanye West နဲ့တော့ သမ္မတ Trump အပေါ်မှာ အမြင်ချင်းကွဲပြားပြီး သူငယ်ချင်း Kanye အနေနဲ့ သမ္မတရဲ့ မူဝါဒတွေနဲ့ ပြည်သူတွေအပေါ် ဘယ်လို သက်ရောက်မှု ရှိတယ်ဆိုတာကို အနီးကပ် ကြည့်ရှုသင့်တဲ့အကြောင်း တိုက်တွန်းလိုက်ပါတယ်။

ယူကေ ရုပ်သံအစီအစဉ်တခုဖြစ်တဲ့ ‘This Morning’ မှာပြောဆိုရာမှာတော့ သူက “နိုင်ငံရေးအရ သဘောမတူတာ မျိုးက ဖြစ်လေ့ဖြစ်ထရှိပေမယ့် သေချာကတော့ သူမှားနေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင်သူက “ကျနော် Kanye ကို ထောက်ပြလိုတာက သူက ဒီပုဂ္ဂိုလ်ကို ပုဂ္ဂိုလ်ရေးအရ သဘောကျတာ ပြဿနာ မရှိပေမယ့် သူရုံးမှာ ဘာတွေလုပ်နေတယ်ဆိုတာ ပြဿနာဖြစ်ပါတယ်။ သူ့ရဲ့ မူဝါဒတွေကို အသက်သွင်းတဲ့အခါ ပြည်သူတွေအတွက် တကယ့်လက်တွေ့ဘဝအပေါ် အကျိုးဆက်တွေ ဖြစ်တာမျိုးလို့ တော်တော်လေးကို ဆိုးရွားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် John က အပြောင်းအလဲကို ပိုမိုလှုံ့ဆော်နိုင်ပါစေလို့ ဆန္ဒရှိတဲ့အကြောင်းလည်း ပြောဆိုပါတယ်။ သူက “ကျနော့် သီချင်းအသစ်ထဲမှာဆိုရင် ကွန်းဂရက်နဲ့ အခြားအရာရှိတွေအနေနဲ့ သမ္မတအပေါ်မှာ အရေးယူ ကိုင်တွယ်တာတွေ လုပ်ဆောင်ဖို့ ဖော်ပြထားပါတယ်” လို့ ဆိုပါတယ်။

ဒါပေမယ့် သမ္မတရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့ အစီအစဉ် မရှိတဲ့အကြောင်းလည်း ဆိုပါတယ်။ သမ္မတဖြစ်လိုစိတ်မရှိပေမယ့် နိုင်ငံရေးမှာ ပါဝင်တာမျိုး၊ နိုင်ငံရေးနဲ့ အချိတ်အဆက်ရှိသင့်တယ်လို့ ယုံကြည်တဲ့အကြောင်းလည်း ပြောဆိုထားပါတယ်။

Ref: contactmusic

The post သမ္မတ Donald Trumpကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်တဲ့ အဆိုတော် John Legend appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...