Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးဝတ်စားဆင်ယင်တတ်သူ အမျိုးသမီးအဖြစ် Meghan Markle ဖော်ပြခံရ

$
0
0

နာမည်ကျော်ကြား ထင်ရှားမှုမှာ တော်ဝင်မျိုးနွယ်တွေကို ရှားရှားပါးပါး အနေနဲ့ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီရဲ့ ကြင်ယာတော် အမေရိကန်မင်းသမီး Meghan Markle ဟာ People မဂ္ဂဇင်းကနေ ရွေးချယ်တဲ့ ၂၀၁၈ ခုနှစ်အတွက် ဝတ်စားဆင်ယင်မှုအကောင်းဆုံးအမျိုးသမီးအဖြစ် သတ်မှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့မေလမှာ ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနဲ့ လက်ထပ်ခဲ့ပြီးတဲ့နောက် Sussex မြို့စားကတော် ဖြစ်လာခဲ့တဲ့ အသက် ၃၇ နှစ်အရွယ် Markle ဟာ People မဂ္ဂဇင်းရဲ့ နှစ်စဉ်ထုတ်ပြန်နေကျ အဲဒီ စာရင်းမှာ ဟောလိဝုဒ်မင်းသမီးတွေ ဖြစ်တဲ့ Cate Blanchett နဲ့ Sandra Bullock၊ လူ့အခွင့်အရေး ရှေ့နေ Amal Clooney နဲ့ ရုပ်သံအစီအစဉ်စတား Kim Kardashian တို့ရဲ့ ရှေ့မှာ ရပ်တည်နေတာဖြစ်ပါတယ်။

အခုလိုမျိုး တော်ဝင်မိသားစုဝင် တဦးကို ထိပ်တန်းအမြင့်ဆုံးနေရာမှာ ဂုဏ်ပြုလိုက်တာဟာ မဂ္ဂဇင်းအတွက် ခရီးစဉ်တခုရဲ့ အစလို့ သတ်မှတ်နိုင်ပါတယ်။

People မဂ္ဂဇင်းရဲ့ စတိုင်နဲ့ အလှအပ ဒါရိုက်တာ Andrea Lavinthal က “ဟောလိဝုဒ်ပြင်ပက ပုဂ္ဂိုလ်နဲ့ တော်ဝင် မိသားစုတွေကို တခါမှ စာရင်းထဲမထည့်ခဲ့ဖူးပါဘူး။ ဒါပေမယ့် ၂၀၁၈ ခုနှစ်နဲ့ စတိုင်အကြောင်း ပြောကြတဲ့အခါ Meghan Markle အကြောင်း မပါဘဲ ပြောလို့ ရမှာ မဟုတ်ပါဘူး” လို့ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

Lavinthal က “သူ့ရဲ့ စတိုင်ဟာ ဒီနှစ်မှာ တော်တော်လေးကို ထူးခြားခဲ့ပါတယ်။ ဒါကြောင့် သူ့ကို ကျနော်တို့ စာရင်းထဲမှာ ထည့်ရုံသမာက အကောင်းဆုံး ဝတ်စားဆင်ယင်သူအဖြစ်လည်း ဖန်တီးပေးခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်မှာ မွေးဖွားခဲ့တဲ့ Markle ဟာ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလမှာ မင်းသား ဟယ်ရီနဲ့ စေ့စပ်လိုက်ပြီး နောက်ပိုင်း မဂ္ဂဇင်းနဲ့ သတင်းစာတွေထဲမှာ ဖော်ပြခံခဲ့ရပါတယ်။ သူတို့ရဲ့ မင်္ဂလာပွဲကိုလည်း ကမ္ဘာတဝန်းမှ လူသန်းပေါင်း များစွာ ကြည့်ရှုခဲ့ကြပါတယ်။

သူ့ရဲ့ လှပတဲ့ခြေထောက်တွေကို ပြသနိုင်တဲ့ ရိုးရာ ဗြိတိသျှ တော်ဝင်စတိုင်၊ ပုခုံးသားပေါ်လွင်တဲ့ ဝတ်စုံဒီဇိုင်းတွေဟာ လက်လီဖက်ရှင်စတိုးတွေမှာ နာမည်ကျော်ခဲ့တဲ့ ဒီဇိုင်းတွေလည်း ဖြစ်ပါတယ်။

သူဟာ Classic ဆန်တဲ့ ရှပ်နဲ့ ဂျင်းအပြဲပဲ ဝတ်ဆင်တာပဲ ဖြစ်ဖြစ်၊ လက်ထပ်ဝတ်စုံနဲ့ ဆံထိုးကို ဆင်မြန်းတာပဲဖြစ်ဖြစ် တော်တော်လေးကို ဆွဲဆောင်မှုရှိပြီး ပြီးပြည့်စုံလွန်းတာမျိုး မဟုတ်ဘဲ သူ့ရဲ့ အရောင်အဝါကို တောက်ပြောင်စေတဲ့ အရာတခုခုရှိတဲ့အကြောင်းလည်း Lavinthal က ပြောဆိုထားပါတယ်။

People မဂ္ဂဇင်းက ပြစ်မျိုးမှည့်မထင် ရှင်းသန့်လွန်းတဲ့ ဖက်ရှင်ဒီဇိုင်းတွေ ဝတ်ဆင်တဲ့ မင်းသမီး Blanchett ၊ ကိုယ်ပိုင် ကျက်ကရေရှိတဲ့ စတိုင်နဲ့ Amal နဲ့ ရင်သပ်ရှုမောဖွယ် ဖြစ်လွန်းတဲ့ မင်းသမီး Bullock တို့ကိုလည်း ချီးမွန်းပြောဆိုခဲ့ပါတယ်။

ခင်ပွန်း Kanye West ရဲ့ Yeezy ဖက်ရှင်နဲ့ ဆွဲဆောင်မှုရှိတဲ့ အလှတို့ ပေါင်းစပ်ထားတဲ့ Kardashian ကိုတော့ ပြီးခဲ့တဲ့ ဇွန်လမှာ အမေရိကန်ဖက်ရှင်ဒီဇိုင်နာ ကောင်စီကနေ လူထုအပေါ်လွှမ်းမိုးနိုင်သူဆု ချီးမြှင့်ထားပါတယ်။ စာမျက်နှာ ၂၃ မျက်နှာပါရှိမယ့် အခုသီတင်းပတ်ရဲ့ မဂ္ဂဇင်းကို အမေရိကန်နိုင်ငံမှာ လာမယ့် စက်တင်ဘာ ၇ ရက်နေ့ကစလို့ ရောင်းချတော့မှာဖြစ်ပါတယ်။

Ref:Reuters

The post ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးဝတ်စားဆင်ယင်တတ်သူ အမျိုးသမီးအဖြစ် Meghan Markle ဖော်ပြခံရ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


နီနီခင်ဇော်ရဲ့ ခင်ပွန်းဟောင်း “ဦးမျိုးမြင့်သိန်း” ကိုယ်တိုင်...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


TTA Oreo Gapp Installer


လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်