Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မအိမ်ကံနဲ့ ပတ်သက်ပြီး “ရိုက်မယ်၊ မရိုက်ဘူး အစီအစဉ် မရှိသေးဘူး” လို့ မေမြင့်မိုရ်ပြော

$
0
0

စာရေးဆရာမ ခင်ခင်ထူးရဲ့ အောင်မြင်ကျော်ကြား လူသိများပြီး စာဖတ်သူများ တန်ဖိုးထားရတဲ့ ဝတ္ထုတပုဒ်ဖြစ်တဲ့ မအိမ်ကံ ဝတ္ထုရဲ့ အဓိကဇာတ်ကောင် မအိမ်ကံနေရာမှာ သရုပ်ဆောင် မေမြင့်မိုရ်ကို ရိုက်ကူးမယ်ဆိုတဲ့ သတင်းကတော့ အမှန် မဟုတ်ဘဲ “ရိုက်မယ်၊ မရိုက်ဘူး” ဆိုတဲ့ အစီအစဉ် မရှိသေးဘူးလို့ မေမြင့်မိုရ်က ပြောပါတယ်။

“မအိမ်ကံနဲ့ ပတ်သက်ပြီးတော့လည်း ဘာမှပြောထားခြင်းလည်း မရှိဘူး။ အဲဒီနေ့က မီဒီယာတခုကမေးတာလည်း ညီမဆိုရင် အရိပ်ကို ရိုက်ခဲ့တော့ ဝတ္ထုကြီးတွေ ရိုက်ရတာ ဘယ်လိုခံစားရလဲဆိုတာပဲ ပြောပြတာ။ မအိမ်ကံနဲ့ ပတ်သက်ပြီး ရိုက်မယ်၊ မရိုက်ဘူး အစီအစဉ် မရှိသေးပါဘူး။ ညီမကိုယ်တိုင်လည်း အဲဒီဝတ္ထုလေးကို ပရိသတ်တွေ တန်ဖိုးထားသလို အရမ်းတန်ဖိုးထားပါတယ်” လို့ မေမြင့်မိုရ်က ပြောပါတယ်။

အဆိုပါ သတင်းစကားကတော့ မီဒီယာတခုရဲ့ မေးမြန်းမှုတွေဖြေကြားခဲ့တာဖြစ်ပြီး မအိမ်ကံဝတ္ထုကို တန်ဖိုးထား နှစ်သက်ကြတဲ့ ပရိသတ်များကြားမှာတော့ ဂယက်တခုသဖွယ် ဖြစ်သွားခဲ့ပါတယ်။

ထပ်မံပြီးတော့လည်း မေမြင့်မိုရ်က “အဲဒီကိစ္စကို ပြောရမယ်ဆိုရင် ညီမတို့ Forever Group ကထုတ်လုပ်မယ့် ဇာတ်လမ်းတွဲတွေက အများကြီး။ ညီမကိုယ်တိုင်လည်း ဘယ်ဇာတ်လမ်းတွဲမှာ ပါရမလဲ ဆိုတာ မသိသေးဘူး။ အခုချိန်ထိလည်း မသိသေးဘူး။ ညီမ ပုဂံမြို့သူရိုက်ပြီးတော့ ၂၀၁၉ လောက်မှ ဇာတ်လမ်းတွဲတွေ စရိုက်ဖြစ်မှာ” လို့ ပြောပါတယ်။

မေမြင့်မိုရ်က မကြာခင်က ပြသပြီးစီးသွားခဲ့တဲ့ အရိပ် ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဝေဖန်မှုနဲ့အတူ အားပေးမှုများလည်း ရရှိခဲ့တဲ့အတွက် နာမည်ကြီးဝတ္ထုများကို ပြန်လည်ရိုက်ကူးတဲ့အခါ သရုပ်ဆောင်ရတဲ့ ခံစားချက်ကိုလည်း ပြောပြခဲ့ပါတယ်။

“နာမည်ကြီးတဲ့ ဝတ္ထုတွေက အရမ်းကိုတာဝန်ကြီးပါတယ်။ အရိပ်ဆိုရင် အားလုံးရင်မှာရှိပြီးသား ဝတ္ထုဖတ်တဲ့အချိန်မှာ။ ညီမကိုယ်တိုင်လည်း ဝတ္ထုအမြဲဖတ်တော့ ကိုယ်ပုံဖော်ထားတဲ့ ရင်ထဲကဇာတ်ကောင်က အမြဲတမ်းရှိတယ်။ ရုပ်ရှင် ပြန်ရိုက်ပြီး ပုံဖော်တဲ့အခါမှာ အရမ်းခက်ခဲတယ်။ ရိုက်ကူးနေရင်းနဲ့လည်း စိတ်ဖိစီးမှု အရမ်းများတယ်။ မှားယွင်းသွားရင် မကြိုက်ကြဘူး။ အန္တရာယ်လည်းများတယ်။ ကိုယ်တိုင်လည်း အဲဒီလိုကားတွေ ရိုက်တဲ့အခါမှာ သတိထားရတယ်” လို့ မေမြင့်မိုရ်က ပြောပါတယ်။

သရုပ်ဆောင် မေမြင့်မိုရ်ကတော့ MRTV-4 ဇာတ်လမ်းတွဲများမှတဆင့် ပရိသတ်များ သတိပြုမိခဲ့ကြတဲ့ သရုပ်ဆောင် တယောက် ဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးလျက် ရှိပါတယ်။

The post မအိမ်ကံနဲ့ ပတ်သက်ပြီး “ရိုက်မယ်၊ မရိုက်ဘူး အစီအစဉ် မရှိသေးဘူး” လို့ မေမြင့်မိုရ်ပြော appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းထုတ်ပြန်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း