Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ရွှေဝါရောင်တော်လှန်ရေးရဲ့ အငွေ့အသက်တွေ ပါဝင်တဲ့ “မိုးပန်းပွင့်ရဲ့ သင်္ကေတ” ရုပ်ရှင်

$
0
0

စာရေးဆရာမ နှင်းဝေငြိမ်းရဲ့ ဝတ္ထုကို ဒါရိုက်တာကိုပေါက်က ပုံဖော်ရိုက်ကူးထားတဲ့ “မိုးပန်းပွင့်ရဲ့သင်္ကေတ” ရုပ်ရှင် ကားကြီးမှာတော့ ၂၀၀၇ ခုနှစ်က ဖြစ်ပေါ်ခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးရဲ့ အငွေ့အသက်တွေကို ထည့်သွင်း ရိုက်ကူးထားတယ်လို့ ဒါရိုက်တာ ကိုပေါက်က ပြောပါတယ်။

“NLD အစိုးရလက်ထက်မှာ ကျနော့်အတွက် ကံကောင်းတယ်လို့ ပြောရမယ်။ ရွှေဝါရောင်တော်လှန်ရေးရဲ့ အငွေ့အသက်က ကျနော်ကို အနှောင့်အယှက် မဖြစ်ဘူး။ ရိုက်ခဲ့တာလည်း အဆင်ပြေတယ်။ ဆင်ဆာကလည်း စိုးရိမ်စရာ မရှိခဲ့ဘူး” လို့ ဒါရိုက်တာ ကိုပေါက်က ပြောပါတယ်။

အဆိုပါ ရုပ်ရှင်ကားကြီးကတော့ လွန်ခဲ့တဲ့ ၂နှစ်က ရိုက်ကူးထားတာဖြစ်ပြီး သူ့ရဲ့ပထမဆုံးရိုက်ကူးတဲ့ ရုပ်ရှင်ကားကြီး ဖြစ်တယ်လို့ ပြောပါတယ်။

“ဒီဝတ္တုကို ရုပ်ရှင်ရိုက်မယ့်အချိန်မှာ ကျနော့်အတွက် နံပါတ်တစ် စိန်ခေါ်မှု အားလုံးတော်တော်များများက ဒါရိုက်တာဘဝ ရုပ်ရှင်ရိုက်မယ့်အချိန်မှာ အရှေ့ကနာမည်ကြီးထားတဲ့ နာမည်ကြီးပြီးတဲ့ မင်းသားမင်းသမီးတွေနဲ့ပဲ အဖွင့်ကို ရိုက်ချင်ကြတာလေ။ ဒီကားကတခြားကားတွေနဲ့ မတူဘူး။ ကျနော့် အတွက် စိန်ခေါ်မှုတွေ အများကြီး ပါတဲ့ ကားပေါ့။ အသစ်တွေနဲ့ ဇာတ်လမ်းညွှန်းအသစ် ၊ ကင်မရာမန်းအသစ် ၊ ကျနော်လည်း ရုပ်ရှင်ဒါရိုက်တာအနေနဲ့ ပထမဆုံး ရိုက်ထားတဲ့ကားပေါ့။ ကျနော်အတွက် အသစ်ပေါ့။ ကျနော့်အတွကအသစ်မှာ လူငယ်သရုပ်ဆောင် အသစ်တွေနဲ့ ရိုက်ခဲ့တာပေါ့” လို့ ကိုပေါက်က ပြောပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးရန်အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပြီး ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးမှာ အဓိက သရုပ်ဆောင်များကိုတော့ သရုပ်ဆောင်အသစ်များနဲ့ လက်တွဲပြီးဖန်တီးထားတာ ဖြစ်ပါတယ်။

“မိုးပန်းပွင့်ရဲ့ သင်္ကေတ” ရုပ်ရှင်ကို စက်တင်ဘာလ ၁၄ ရက်နေ့မှာ ရုံတင်ပြသမှာဖြစ်ပြီး ရုံမတင်ခင် ဆင်ဆာတင်ခဲ့တဲ့ အချိန်မှာ ဆင်ဆာ ၃ ချက် ထိခဲ့တယ်လို့ သိရပါတယ်။

“ရုံတင်ဖို့ဆင်ဆာတင်တဲ့အခါမှာ ဆင်ဆာ ၃ခုထိခဲ့တယ်။ ပထမတချက်က မင်းသမီးက သရေကွင်းနဲ့ ပစ်ခံထိတဲ့ အခါမှာ “ဟဲ့ စောက်ပလုပ်တုတ်”လို့ ယောင်လိုက်တာကို စောက် ဖြုတ်ခိုင်းတာ၊ နောက်တခုက တက္ကသိုလ် ကျောင်းသူတွေ ဆံပင် အဝါတွေ၊ အနီတွေဖြစ်လို့ မရဘူး ဆိုတ ၊ နောက်တခုကတော့ စာတန်းထိုးတဲ့ ကိစ္စပေါ့” လို့ ဒါရိုက်တာ ကိုပေါက်က ပြောပါတယ်။

ဒီကားထဲမှာတော့ အဓိကသရုပ်ဆောင်များအဖြစ် ဟန်လင်းသန့် ၊ မေမြင့်မိုရ် ၊ နေအဉ္ဇရာ နှင့် ဝါရင့်သရုပ်ဆောင်များ ဖြစ်ကြတဲ့ ရန်အောင် ၊ ရဲအောင် ၊ စိုးမြတ်သူဇာ ၊ မေသဉ္ဇာဦးတို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာ ကိုပေါက်ရဲ့ ပထမဆုံးရုပ်ရှင်ကားဖြစ်တဲ့ အဆိုပါ “မိုးပန်းပွင့်ရဲ့ သင်္ကေတ” ရုပ်ရှင်ဟာ သူ့ရဲ့ယခင်က ရိုက်ကူးထားတဲ့ ကားများနဲ့ မတူညီဘဲ ကွဲပြားတဲ့ပုံစံကို မြင်ရမှာဖြစ်တယ်လို့ ပြောပါတယ်။

“တချို့ပရိသတ်တွေက ကျနော့်ကို ဟာသကားတွေ ရိုက်လို့ ပေါကားတွေပဲ ရိုက်တော့မှာလား ပေါဒါရိုက်တာလို့ ပြောကြတယ်။ ဒီကားလေးကို လာကြည့်လိုက်ပါ။ ကျနော့်ကို ပေါကားရိုက်တာ မကြိုက်တဲ့ ပရိသတ်တွေရှိတယ်ပေါ့။ ဒီကားမှာ ကိုပေါက် နောက်တယောက်ကို မြင်တွေ့ရပါလိမ့်မယ်” လို့ ကိုပေါက်က ဆိုပါတယ်။

The post ရွှေဝါရောင်တော်လှန်ရေးရဲ့ အငွေ့အသက်တွေ ပါဝင်တဲ့ “မိုးပန်းပွင့်ရဲ့ သင်္ကေတ” ရုပ်ရှင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...