Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ကမ္ဘာ့အချမ်းသာဆုံး နာမည်ကျော်ကြားသူ ၇ ဦး

$
0
0

ကမ္ဘာ့အချမ်းသာဆုံး နာမည်ကျော်ကြားသူတွေထဲမှာ ရုပ်ရှင်လုပ်ငန်း၊ နိုင်ငံရေးနဲ့ ဘောလုံးသမားတွေ အထိ ပါဝင်တာ ကိုတွေ့ရပါတယ်။ ချမ်းသာကြွယ်ဝမှုတွေ၊ ဘန်ဂလိုတွေ နဲ့ ခေါင်းမိုးထပ်တိုက်ခန်းတွေအထိ သူတို့တွေ စိတ်ကူးယဉ် ခဲ့ကြတဲ့ အရာတွေ အားလုံးကပိုင်ဆိုင်ရရှိထားသူတွေလည်း ဖြစ်ပါတယ်။

အခုဖော်ပြမယ့် ပုဂ္ဂိုလ် တွေမှာ သူတို့ကို စတားတယောက်ဖြစ်လာစေတဲ့ ကိုယ်ပိုင်ဆွဲဆောင်မှု တခုစီကိုတော့ ပိုင်ဆိုင်ထား ြ ကပါတယ်။ သူတို့ကို ကမ္ဘာတဝန်းက လူသန်းပေါင်းများစွာကလည်း ချစ်မြတ်နိုးကြပါတယ်။ အခုဖော်ပြမယ့် ပုဂ္ဂိုလ် တွေ ကတော့ ဖျော်ဖြေရေး လုပ်ငန်းမှာ ကျင်လည်နေကြတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ပြီး သူတို့ကို သူတို့ ထင်ပေါ်ကျော်ကြား သူတွေ အဖြစ် ဖန်တီးရရှိလာသူတွေလည်း ဖြစ်ပါတယ်။

(၁) Steven Spielberg

 

 

ကမ္ဘာ့နာမည်ကျော် ဟောလိဝုဒ် ဒါရိုက်တာတယောက်ဖြစ်ပြီး အိုဟိုင်းယိုးပြည်နယ်မှာ မွေးဖွားခဲ့သူ တယောက်ဖြစ်ပါတယ်။ သူဟာ ကျနော်တို့ စိတ်ကူးယဉ်နိုင်တာထက်ပိုပြီး လုပ်ဆောင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ သရုပ်ဆောင်နိုင်စွမ်းရှိတဲ့သူ တဦးလည်း ဖြစ်ပြီး ဒီနေ့ခေတ်ရဲ့ အချမ်းသားဆုံး နာမည်ကျော်ကြားသူ တယောက်ဖြစ်ပါတယ်။ သူဖန်တီးခဲ့တဲ့ ရုပ်ရှင်တိုင်း ဟာ ဝက်ဝက်ကွဲ အောင်မြင်ခဲ့ရုံသာမက စီးပွားရေးအရလည်း အောင်မြင်ခဲ့ပါတယ်။ သူ့ရဲ့ အသားတင်ပိုင်ဆိုင်မှုဟာ ဒီနေ့အထိ ဒေါ်လာ ၃ ဘီလီယံဝန်းကျင် ရှိတယ်လို့ ဆိုပါတယ်။

(၂) Oprah Winfrey

 

 

သူကတော့ အသက် ၆၄ နှစ်အရွယ် အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသူ ပရဟိတသမားတခု ဖြစ်ပါတယ်။ သူ့နာမည်နဲ့ အစီအစဉ်တခုကို တင်ဆက်နိုင်တဲ့အထိ နာမည်ကျော်သူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ သက်တမ်းလျှောက်လုံးမှာ ရှာဖွေနိုင်တဲ့ ငွေဟာ ဒေါ်လာ ၃ ဒဿမ ၂ ဘီလီယံဝန်းကျင်ရှိပြီး အချမ်းသာဆုံး အမျိုးသမီးလည်း ဖြစ်ပါတယ်။

(၃) J.K Rowling

 

 

ဟယ်ရီပေါ်တာ ရုပ်ရှင်စီးရီးတွေကို ဖန်တီးခဲ့တဲ့ Rowling ကိုတော့ အသက်အရွယ်စုံက ပုဂ္ဂိုလ်တွေ ချစ်မြတ်နိုးကြပါတယ်။ သူ့ရဲ့ ဟယ်ရီပေါ်တာ ရုပ်ရှင်စီးရီးတွေဟာ ကမ္ဘာတဝန်းမှာ အောင်မြင်မှု ရရှိခဲ့ပါတယ်။ သူ့မှာ ဆိုးရွားတဲ့ အတိတ်ရှိခဲ့ ပေမယ့် အရာအားလုံးကို ဖြတ်ကျော်နိုင်ခဲ့တဲ့၊ စိတ်ဓာတ်ခိုင်မာတဲ့ အမျိုးသမီး ဖြစ်ပါတယ်။ အခုတော့ သူဟာ အသားတင် ပိုင်ဆိုင်မှု ဒေါ်လာ ၁ ဘီလီယံရှိတဲ့ အကောင်းဆုံးစာရေးဆရာနဲ့ အချမ်းသာဆုံး အမျိုးသမီးစာရေးဆရာမလည်း ဖြစ်ပါတယ်။

(၄) မက်ဒေါနား

 

 

မီချီဂန် ပြည်နယ်သူ မက်ဒေါနားဟာ Pop ဂီတဘုရင်မလို့ တင်စားခံရသူဖြစ်ပြီး ဂီတလုပ်ငန်းမှာ အကောင်းဆုံး တွေကို မျှဝေခဲ့သူတယောက်လည်း ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အယ်လ်ဘမ်အများဆုံး ဖြန့်ချိထားတဲ့ တကိုယ်တော် အမျိုးသမီး အဆိုတော်အဖြစ် ရပ်တည်နေပြီး အသားတင်ပိုင်ဆိုင်မှု ဒေါ်လာ သန်း ၈၀၀ ရှိပါတယ်။

(၅) James Cameron

 

 

သူကတော့ ကမ္ဘာသိ ရုပ်ရှင်ဒါရိုက်တာဖြစ်ပြီး ဟောလိဝုဒ်မှာ ဝင်ငွေအများဆုံးနဲ့ အကောင်းဆုံး ရုပ်ရှင်တွေကို ဖန်တီးခဲ့သူတဦးလည်း ဖြစ်ပါတယ်။ သူဟာ မှတ်တမ်းရုပ်ရှင်များစွာကို ဖန်တီးခဲ့သူဖြစ်ပြီး အသားတင်ပိုင်ဆိုင်မှု တန်ဖိုး ဒေါ်လာ သန်း ၇၀၀ ကျော်ရှိပါတယ်။

(၆) Jimmy Buffett

 

 

သူကတော့ ဒေါ်လာ သန်း ၆၀၀ လောက်ပိုင်ဆိုင်ထားတဲ့ နာမည်ကျော် အဆိုတော်တဦးဖြစ်ပါတယ်။တကယ်လို့ သင်ဟာ သူရဲ့ရဲ့ ကန်းထရီးဂီတတေးသီချင်းတွေကို နားမထောင်ရသေးဘူးဆိုရင်တော့ သူ့ကို သရုပ်ဆောင်တယောက် ဒါမှမဟုတ် စီးပွားရေးလုပ်ငန်းရှင်တဦးအနေနဲ့ မြင်ကောင်းမြင်နိုင်ပါတယ်။ သူဟာ အလုပ် ၃၊ ၄ ခုပြိုင်လုပ်တဲ့ နာမည်ကျော်ကြားသူ တဦးလည်း ဖြစ်ပါတယ်။

(၇) Tom Cruise

 

 

အမျိုးသမီးတိုင်းရဲ့ နှင်းဆီခိုင်မင်းသားတဦးဖြစ်ပါတယ်။ ကိုယ်ရည်ကိုယ်သွေးကောင်းမွန်သူဖြစ်တဲ့အပြင် သူ့ရဲ့ ချစ်စဖွယ်အပြုံးကြောင့် အမျိုးသမီးပရိသတ်တော်တော်များများရဲ့ နှလုံးသားကို ဖမ်းစားနိုင်သူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ပိုင်ဆိုင်မှုဟာ ဒေါ်လာ သန်း ၅၅၀ ရှိပါတယ်။

Ref:contactmusic

The post ကမ္ဘာ့အချမ်းသာဆုံး နာမည်ကျော်ကြားသူ ၇ ဦး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles