Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

IQ level မြင့်ကြတဲ့ နာမည်ကျော်အနုပညာရှင်များ

$
0
0

အနုပညာရှင်တော်တော်များများဟာ IQ level မြင့်တယ်လို့ သင်ထင်မိမှာမဟုတ်ပါဘူး။ ဒါပေမဲ့ အခုဖော်ပြပေးမယ့် နာမည်ကျော်အနုပညာရှင်တွေကတော့ စစ်တမ်းကောက်ယူချက်တွေအရ IQ level မြင့်ကြသူတွေပဲဖြစ်ပါတယ်။

(၁) Emma Watson

 

 

နာမည်ကျော် ဟယ်ရီပေါ်တာဇာတ်လမ်းတွေနဲ့ လူသိများအောင်မြင်လာခဲ့တဲ့ မင်းသမီးချောလေး Emma Watson ဟာဆိုရင်တော့ IQ Score 138 အထိရှိတယ်လို့ သိရပါတယ်။ အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်လေ့ရှိတဲ့ သူမဟာဆိုရင်တော့ Brown University ကနေ အင်္ဂလိပ်စာပေအထူးပြုနဲ့ ဘွဲ့ရရှိခဲ့တာပဲဖြစ်ပါတယ်။

(၂) Colin Firth

 

 

The King’s Speech နဲ့ Kingsman ရုပ်ရှင်တွေနဲ့ အောင်မြင်လာခဲ့တဲ့ မင်းသားကြီး Colin Firth ဟာဆိုရင်တော့ IQ Score 160 အထိရှိတယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။ အင်္ဂလန်နိုင်ငံသားတဦးဖြစ်တဲ့ သူဟာဆိုရင်တော့ Eastleigh မှာရှိတဲ့ Barton Peveril Sixth Form College မှာ တက်ရောက်ခဲ့သူတဦးဖြစ်ပါတယ်။

(၃) Jodie Foster

 

 

Hannibal ဇာတ်လမ်းတွေထဲကတခုဖြစ်တဲ့ The Silence Of the Lambs , Taxi Driver စတဲ့ ရုပ်ရှင်တွေမှာ နာမည်ကျော်ကြားခဲ့သူတဦးဖြစ်တဲ့ Jodie Foster ဟာဆိုရင် IQ Score 132 အထိရှိပြီး Yale University မှာ ပြင်သစ်စာပေနဲ့ ဘွဲ့ရရှိခဲ့သူတဦးလည်းဖြစ်ပါတယ်။

(၄) Matt Damon

 

 

ပါရမီရှင်တယောက်အဖြစ် Good Will Hunting ရုပ်ရှင်မှာ သရုပ်ဆောင်ခဲ့ရတဲ့ Matt Damon ဟာ သူ့ရဲ့ လက်တွေ့ဘဝမှာလည်း IQ Score 160 အထိရှိတဲ့ Genius တဦးပဲဖြစ်ပါတယ်။ Harvard University မှာ တက်ရောက်ခဲ့တဲ့ Matt Damon ဟာဆိုရင်တော့ Good Will Hunting ရုပ်ရှင်အတွက် ဇာတ်ညွှန်းရေးသားခဲ့ပြီး အဲဒီရုပ်ရှင်ဇာတ်ညွှန်းနဲ့ပဲ ၁၉၉၈ခုနှစ်မှာ အော်စကာဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

(၅) Kesha

 

 

အသက် ၁၈နှစ်ကတည်းက အောင်မြင်ကျော်ကြားတဲ့ သီချင်းပေါင်းများစွာကို ရေးသားသီဆိုခဲ့သူ Kesha ဟာဆိုရင်တော့ IQ Score 140 အထိရှိပြီး Columbia University မှာရှိတဲ့ Barnard College ဝင်ခွင့်ရရှိခဲ့ပါတယ်။ “Tik Tok” , “Your Love Is My Drug” အစရှိတဲ့ သီချင်းတွေကြောင့် လူသိများခဲ့တာလည်း အသေအချာပဲဖြစ်ပါတယ်။

Ref: readysethealth.com

The post IQ level မြင့်ကြတဲ့ နာမည်ကျော်အနုပညာရှင်များ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...