Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အဆိုတော် ရွှေထိုက်အား မူးယစ်ဆေးဝါး ရောင်းချမှုဖြင့် စွဲချက်တင်

$
0
0

မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံထားရသော အဆိုတော် ရွှေထိုက် အပါအဝင် အပေါင်းအပါ (၇) ဦးကို ယနေ့ စက်တင်ဘာလ ၆ရက်နေ့မှာ မူးယစ်ဆေးဝါးရောင်းချမှုနဲ့ စွဲချက်တင်ခဲ့တယ်လို့ အရှေ့ပိုင်းခရိုင်တရားရုံးမှ တရားသူကြီးရဲ့ အဆိုအရ သိရပါတယ်။

အဆိုပါ အမှုအတွက် အရှေ့ပိုင်းခရိုင်တရားရုံးမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၂၀(က) ရောင်းချတယ်ဆိုတဲ့ စွပ်စွဲချက်အရ ရဲအုပ် ညွှန့်ဝင်းကတရားလို ပြုလုပ်ကာ စွဲဆိုထားတာ ဖြစ်ပါတယ်။

နောက်တကြိမ် ချုပ်ရက် ရမန်ကိုတော့ စက်တင်ဘာလ ၁၉ရက်နေ့ကို ပြန်လည်ချိန်းဆိုခဲ့ပြီး အဲဒီနေ့မှာတော့ ရှေ့နေ ပါဝါတင်မှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုတော် ရွှေထိုက် အပါအဝင် (၇) ဦးကိုတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၀ရက်နေ့က ရမန်ယူပြီး သြဂုတ်လ ၂၄ရက်နေ့မှာ ဒုတိယအကြိမ်ရုံးထုတ် ရမန်ယူခဲ့တာ ဖြစ်ပါတယ်။

အဆိုတော် ရွှေထိုက် အပါအဝင် အပေါင်းအပါ (၇) ဦးကို ဩဂုတ်လ ၉ရက်နေ့က ရန်ကင်းမြို့နယ်ရှိ Golden City အိမ်ရာဝန်း အတွင်းစိတ်ကြွဆေးပြား ၊ ICE လို့ယူဆရတဲ့ အကြည်ရောင် အကြေခဲအချို့ ၊ မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုတဲ့ ကိရိယာတွေနဲ့ ရှာဖွေ သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။

သြဂုတ်လ ၁၀ရက်နေ့မှာ ရွာသာကြီးစိတ်ကျန်းမာရေးဆေးရုံတွင် ဆေးစစ်မှုတွေ ပြုလုပ်ခဲ့ပြီး ရန်ကင်းမြို့နယ် တရားရုံးမှာ ရမန်ယူခဲ့တာဖြစ်ပါတယ်။

ဆက်စပ်ဖတ်ရှုရန်“အနုပညာသမားတွေ အားလုံး မူးယစ်ဆေးဝါး နွံထဲကနေ ရုန်းထွက်သင့်ပြီ”

The post အဆိုတော် ရွှေထိုက်အား မူးယစ်ဆေးဝါး ရောင်းချမှုဖြင့် စွဲချက်တင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...