Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“မီ” ရုပ်ရှင်အတွက် တကားလုံး အဝတ်စား စီစဉ်ပေးခဲ့သူ Production Stylist ဇော်ဇော်

$
0
0

“မီ” ရုပ်ရှင်ဇာတ်ကား ပြင်ဆင်မှုနဲ့ ဝတ်စားဆင်ယင်မှုပိုင်းတွေကို ဇာတ်ကား မထွက်ခင် ကတည်းက ပရိသတ်တွေက အားပေးနေကြပြီ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Production Stylist အဖြစ် လုပ်ကိုင်ပေးထားတဲ့ ဇော်ဇော်အတွက် ပထမဆုံး ဇာတ်ကားကြီးဖြစ်သလို ရှေးဟောင်း ဖက်ရှင်နဲ့ ပြင်ဆင်ပေးထားတာကြောင့် စိန်ခေါ်မှုလည်းရှိတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“မီက ရိုက်ဖို့ ၃ လလောက်အလို အဲ့ကျတော့မှ အဝတ်အစားနဲ့ ပတ်သက်လို့ ဒါရိုက်တာ ဏကြီးက ပြောတယ်။ သူက ကျနော်ရဲ့ သူငယ်ချင်းပေါ။့ သူကလည်း ဒါရိုက်တာ၊ ကျနော်ကလည်း ဒါရိုက်တာလေ။ ကျနော့် ပရောဂျက်တွေမှာလည်း ကူညီပေးတာကြောင့် သူ့ပရောဂျက် ကျတော့လည်း ပြန်ကူညီတာပါ” လို့ Production Stylist ဇော်ဇော် (Ad Leono) က ဧရာဝတီကို ပြောပါတယ်။

“ဒါက အကြီးကြီးဖြစ်တော့ ရှေးခေတ်လည်း ရှေးခေတ်ဖြစ်တယ်။ နောက် အဝတ်အစားပိုင်းကို အပြင်က လူငယ်တွေကိုအပ်တဲ့ အခါကျရင် အလှအပကိုပဲ ဦးစားပေးပြီး History နဲ့ ပတ်သက်လို့ အားနည်းတယ်။ မိန်းကလေး ဖက်ရှင်ကို စိတ်ဝင်စားပြီး ယောကျာ်းလေးဖက်ရှင်ကို အားနည်းတဲ့ အခါ အရင်ခေတ်ကို ရိုက်မှာ ဆိုတော့ အသေအချာ အသေးစိတ် မဖြစ်မှာစိုးတဲ့ အတွက် ကျနော်ကို လုပ်ပေးပါဆိုတာနဲ့ လုပ်ပေးဖြစ်ပါတယ်” လို့ ဇော်ဇော်က ဆိုပါတယ်။

ဆက်လက်ပြီး ဇော်ဇော်က “ကျနော့်ဟာ ကျနော်တော့ ဇာတ်ကားတွေ လုပ်ဖြစ်တယ်။ သူများအတွက် ဇာတ်ကားကြီး အတွက်ကတော့ ဒါ ပထမဆုံးပါပဲ။ ကျနော့်အတွက်လည်း စိန်ခေါ်မှုတော့ ရှိပါတယ်။ ကျနေ်ာပုံတွေကိုလည်း လိုက်ရှာတယ်။ သမိုင်းနဲ့ ပတ်သက်ပြီး လုပ်တာလည်း အရင်ကတည်းက ကျနော် လုပ်နေကျဆိုတော့ ကျနော့်အတွက် မခက်ခဲပါဘူး’’လို့ ပြောပါတယ်။

ဇာတ်ကားထဲမှာ အဝတ်အစား ပြင်ဆင်မှုနဲ့ ပတ်သက်ပြီး ပါဝင်တဲ့ မင်းသား မင်းသမီးအနေနဲ့ ဝတ်ဆင်ရမယ့် အပိုင်းနဲ့ ပတ်သက်လို့ စိတ်ပူစရာမလိုအောင် အကုန်စီစဉ်ပေးခဲ့တယ်လို့ သူက ဆိုပါတယ်။

“မီမှာ အဝတ်အစားတွေ အကုန်လုံးပေါ့။ Scene တိုင်းမှာ ဘယ်သူ့ကို ဘာပေးဝတ်မယ်ဆိုတာ နံပါတ်တွေနဲ့ တပ်ထားပြီးသား။ သူတို့ ရိုက်တော့မှ ဟိုဟာ ဝတ်မယ်၊ ဒီဟာ ဝတ်မယ် ဆိုပြီး မစဉ်းစားရဘူး။ နောက်မင်းသမီးက ဒါဝတ်ရင် မင်းသားနဲ့ လိုက်ပါ့မလား မစဉ်းစားရတော့ဘူး”

“ကားထဲမှာ အားလုံးအကောင်းဆုံးကြိုးစားထားတယ်။ မီဇာတ်ကားက ရိုက်နေကျကားတွေ ကုန်ကျနှုန်း အတိုင်း ရိုက်ရ တယ်။ ဟိုအရင် ဇာတ်ကားကို ပြန်ရိုက်တဲ့ ဇာတ်ကားဆိုရင် ပိုသုံးသင့်တယ်။ ဒါပေမယ့်လည်း ရတဲ့ Budget ထဲမှာပဲ အကောင်းဆုံး အပင်ပန်းခံ ကြိုးစားထားတယ်။ ဝိုင်းကူတဲ့ Team ကလည်း ပိုက်ဆံအတွက် မဟုတ်ဘဲ အပင်ပန်းခံ ကြိုးစားထားတဲ့ အတွက် ဂုဏ်ယူတယ်” လို့ ဇော်ဇော်က ပြောပါတယ်။

“ဝေဖန်တဲ့သူတွေကို ကျနော်တို့က Budget အများကြီးနဲ့ လုပ်ရတာ မဟုတ်ဘူး။ တတ်နိုင်သလောက် အများကြီး ပေးဆပ်ထားတယ်။ အထူးသဖြင့် ဏကြီးပေါ့။ အဲ့အတွက် နားလည်စေချင်တယ်။ အားပေးစေချင်တယ်”လို့ပြောပါတယ်။

“မီ” ရုပ်ရှင်ကားကြီးရဲ့ Production Stylist ဇော်ဇော်ဟာ ကိုယ်တိုင် ဒါရိုက်တာလုပ်ကာ နာမည်ကြီး ကြော်ငြာများကို ရိုက်ကူးနေပြီး “ဂန္တဝင်အလှ မြန်မာရာမ” ဇာတ်ကားကိုလည်း ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။

The post “မီ” ရုပ်ရှင်အတွက် တကားလုံး အဝတ်စား စီစဉ်ပေးခဲ့သူ Production Stylist ဇော်ဇော် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ