Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဇာတ်ကား ပြန်ရိုက်တော့မယ့် စိုးသူကို အားပေးလိုက်တဲ့ စိုးမြတ်နန္ဒာ

$
0
0

သရုပ်ဆောင် စိုးမြတ်နန္ဒာက မကြာခင်မှာ ရုပ်ရှင်ပြန်ရိုက်တော့မယ့် သရုပ်ဆောင် စိုးသူ အတွက် အားပေးစကားကို သူရဲ့ Facebook ပေါ်မှာ ရေးသားပြီး ဆိုထားပါတယ်။ မြန်မာနိုင်ငံကို ပြန်ရောက်လာတဲ့ အချိန်မှာ ဖျော်ဖြေပွဲတွေသာ ပြုလုပ်ခဲ့ ပေမယ့် ဇာတ်ကားရိုက်ကူးဖို့အတွက်ကို အချိန်တော်တော်ကြာ စဉ်းစားနေခဲ့တဲ့ စိုးသူက မကြာခင်မှာ “တရားလား”ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကြီးမှာ ပါဝင်ရိုက်ကူးတော့မယ်လို့ သိရပါတယ်။

“အရမ်းစေတနာကောင်းတဲ့ အစစအရာရာကူညီတတ်တဲ့ ကိုထွန်း (Poe Poe Production)က ဇာတ်ကားထုတ်လုပ်သူ ၊ဇာတ်လမ်းလေးကလည်း အရမ်းကောင်းတယ်။ ဦးမိုးဦး (ဒါရိုက်တာ ကျော်ဇောလင်း) ရိုက်မှာဆိုတော့ ပြောစရာ မလိုတော့ဘူး ။ တီတီ(ပြေတီဦး) ရဲ့ အရမ်းကောင်းတဲ့ Acting တွေရယ် , ရွှေကစ် ရဲ့ ချစ်စရာကောင်းတဲ့ Acting တွေရယ် ပါဝင်မယ့် အနုပညာရှင်တွေရဲ့ အားတွေ နဲ့ ဒီ ရုပ်ရှင်ဇာတ်ကားလေးက အသက်ဝင်လာတော့မယ်”

“အဓိကပြောချင်တာကတော့ ဘစိုး မရိုက်ချင်လည်း မရိုက်ဘူး။ ရိုက်မယ်လို့ ဆုံးဖြတ် ပြီးတော့လည်း လွန်ခဲ့တဲ့ ၆ လလောက်ကတည်းက ဆံပင်ရှည်တွေထား ဝိတ်တွေချ အင်္ကျီအဝတ်အစားတွေစီစဉ်နဲ့ ဒီဇာတ်ကားအပေါ် သူ အာရုံစိုက်ခဲ့တယ်။ အဲဒီ စေတနာတွေကြောင့် အရာအားလုံးအဆင်ပြေမှာပါ။ သူတခါမှ မလုပ်ဖူးတဲ့ Character ဖြစ်ပေမယ့်လည်း ဒါရိုက်တာ လိုချင်တဲ့ ပုံစံအတိုင်း ထပ်တူ လုပ်နိုင်ရင်တော့ ဇာတ်ကောင်နေရာ နဲ့ တသားထဲကျ သွားမှာပါ” လို့ စိုးမြတ်နန္ဒာက ဆိုထားပါတယ်။

 

 

“တရားလား” ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးမှုမှာလည်း အစစအရာရာ အဆင်ပြေပြေ အောင်အောင်မြင်မြင်နဲ့ ရိုက်ကူးနိုင်ပါစေဆိုပြီး ဆုတောင်းပေးထားတာ တွေ့ရပါတယ်။ “တရားလား” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံရိပ်)က ရိုက်ကူးမှာ ဖြစ်ပြီး သရုပ်ဆောင် စိုးသူ၊ ပြေတီဦး၊ ဝတ်မှုံရွှေရည်တို့နဲ့ အတူ ရိုက်ကူးပုံဖော်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

သရုပ်ဆောင် စိုးသူဟာ အနုပညာလောကနဲ့ ဝေးကွာနေတာ ၁၀စုနှစ်ကျော်ခဲ့ပါပြီဖြစ်ပါတယ်။ သူ့အနေနဲ့ ၂၀၁၅ ခုနှစ်က မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာတာ ဖြစ်ပြီး မန္တလေးမှာရော၊ ရန်ကုန်မှာပါ တကိုယ်တော် ဖျော်ဖြေပွဲတွေ ပြုလုပ်ခဲ့ပါတယ်။ သူ့ကို အားပေးတဲ့ ပရိသတ်တွေကတော့ ဒီနေ့ အချိန်ထိ အခိုင်အမာ ရှိနေပါတယ်။

အခုဆိုရင် သရုပ်ဆောင် စိုးသူနဲ့ စိုးမြတ်နန္ဒာတို့ဟာ ချစ်သူသက်တမ်း (၅) နှစ်ကျော်ထဲ ရောက်ရှိနေပြီ ဖြစ်ပါတယ်။ စိုးသူနဲ့ စိုးမြတ်နန္ဒာတို့ဟာ ခရီးတွေ အတူတူဆိုသလို သွားဖြစ်နေတာကို တွေ့ရပါတယ်။ သူတို့နှစ်ဦးဟာ အနုပညာလောကမှာ နေရာတနေရာစီကို ခိုင်ခိုင်မာမာ ရရှိထားသူတွေလည်း ဖြစ်ပါတယ်။

The post ဇာတ်ကား ပြန်ရိုက်တော့မယ့် စိုးသူကို အားပေးလိုက်တဲ့ စိုးမြတ်နန္ဒာ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


“ဂုဏ်ယူမိပါတယ်” ကျနော်သိတဲ့ ကိုနေဝင်း (သို့) ဒေါက်တာနေဝင်း။


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


အရက်ဖိုးတောင်းသည့် ခင်ပွန်းအား ဇနီးမှ ဓားဖြင့်ထိုး၍ တောင်ကြီး၌ လူသတ်မှုဖြစ်ပွား


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


ဆားပုလင်းနှင်းမောင်၏ နိဂုံး


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ဂျူးပင် စိုက်ပျိုးနည်း


သာကူ⁠ပြင် ⁠ပြုလုပ်နည်း