Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ဖြိုးမြတ်အောင်က သရုပ်ဆောင် ကောင်းပါတယ်” လို့ ဆိုလိုက်တဲ့ ပိုင်ဖြိုးသု

$
0
0

Myanmar Idol Season 3 ရဲ့ Winner ဆုရှင် ဖြိုးမြတ်အောင် နဲ့ အကယ်ဒမီ ဆုရှင် ပိုင်ဖြိုးသုတို့က စက်တင်ဘာလ ၅ ရက်နေ့မှာ ကြော်ငြာအတူ ရိုက်ကူးနေတယ်လို့ သိရပါတယ်။ ဖြိုးမြတ်အောင်နဲ့ ပိုင်ဖြိုးသုတို့ ပါဝင်ရိုက်ကူးတဲ့ ကြော်ငြာကို ဒါရိုက်တာ စင်ရော်မောင်မောင်က ရိုက်ကူးပေးနေတာဖြစ်ပြီး ကြော်ငြာကတော့”ဧကရာဇာ” ဓာတ်မြေသြဇာ ကြော်ငြာလို့ သိရပါတယ်။

“ဖြိုးမြတ်အောင်နဲ့ ဧကရာဇာ ကြောငြာလေးရိုက်ကူးဖြစ်တာပါ။ အဆင်ပြေပါတယ်။ သူ သရုပ်ဆောင်တာလည်း ကောင်းပါတယ်။ Myanmar Idol သိပ် မကြည့်ဖြစ်ဘူး။ ရှုတင်တွေနဲ့ ဆိုတော့ သိပ်မကြည့်ဖြစ်ဘူး။ မဆုန်သင်းနဲ့ ဖြိုးမြတ်အောင် ဆိုတုန်းကတော့ ကြည့်ဖြစ်တယ်။ ကြော်ငြာရိုက်တုန်းကတော့ အခက်အခဲတော့ သိပ်မရှိပါဘူး။ မိုးရွာတာနဲ့ ဦးမောင်လိုချင်တဲ့ ပုံစံလေးတွေရတော့ အဆင်ပြေပါတယ်” လို့ ပိုင်ဖြိုးသုက ဧရာဝတီကို ပြောပါတယ်။

“ဧကရာဇာ” ကြော်ငြာကိုတော့ ဒါရိုက်တာ စင်ရော်မောင်မောင် ရိုက်ကူးတာဖြစ်ပြီး သူ့ Facebook မှာလည်း “ကြော်ငြာရိုက်ကူးဖို့ ချိန်းထားသည့် မနက် ၆နာရီမှာ အရောက် လာပေးတဲ့ အတွက် အထူးပင် ဝမ်းမြောက် ကျေးဇူးတင်ရှိတယ်” လို့ ဆိုထားပါတယ်။

 

 

“ယနေ့ ရိုက်ကူးမည့် ကြော်ငြာအတွက် သရုပ်ဆောင် အကယ်ဒမီ ပိုင်ဖြိုးသုနှင့် Myanmar Idol Winner ဖြိုးမြတ်အောင်၊ ရိုက်ကူးရေးအတွက် Camera Man အဖွဲ့ Lighting အဖွဲ့ Jip Crain အဖွဲ့ စက်ဖွဲ့သားများ အားလုံး စုရပ်နေရာသို့ ချိန်းထားသည့် မနက် ၆နာရီတွင် အရောက် လာပေး သည့်အတွက် အထူးပင် ဝမ်းမြောက် ကျေးဇူးတင်ရှိအပ်ပါသည်” လို့ ဒါရိုက်တာ စင်ရော်မောင်မောင်က ကျေးဇူးတင်စကား ဆိုထားပါတယ်။

Myanmar Idol Season 3 Winner အဆိုရှင် ဖြိုးမြတ်အောင်ကတော့ လက်ရှိမှာ ဖျော်ဖြေပွဲတွေနဲ့ ကြော်ငြာတွေကို လက်ခံရိုက်ကူးနေပြီး ပိုင်ဖြိုးသုကတော့ ရုပ်ရှင်ဇာတ်ကားများကို ရိုက်ကူးနေသူ တယောက် ဖြစ်ပါတယ်။

The post “ဖြိုးမြတ်အောင်က သရုပ်ဆောင် ကောင်းပါတယ်” လို့ ဆိုလိုက်တဲ့ ပိုင်ဖြိုးသု appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...