Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

သဘာဝလွန်စွမ်းအင် ပိုင်ဆိုင်ထားတဲ့ ဖခင်တယောက် (သို့မဟုတ်) Pyschokinesis (2018)

$
0
0

ဒီတခါ မိတ်ဆက်ပေးမှာကတော့ ဒါရိုက်တာ Sang-ho Yeon ကိုယ်တိုင် ရေးသား ရိုက်ကူးထားတဲ့ Action , Comedy , Fantasy အမျိုးအစား ရုပ်ရှင်တကားဖြစ်တဲ့ Psychokinesis ပဲ ဖြစ်ပါတယ်။

“Sunny” ရုပ်ရှင်ထဲက အဓိက သရုပ်ဆောင်တဦး ဖြစ်တဲ့ မင်းသမီး Eun-kyung Shim နဲ့ “Seven Years of Night” ထဲက သရုပ်ဆောင်တဦးဖြစ်တဲ့ မင်းသား Seung-ryong Ryu တို့အပြင် အခြားသော သရုပ်ဆောင်များလည်း ပါဝင်သရုပ်ဆောင် ထားကြပါတယ်။

ရူမီငယ်စဉ်ကတည်းက ဖခင်ဖြစ်သူဟာ ဘာကြောင့်မှန်းမသိ အိမ်ကထွက်သွားခဲ့ပြီး သူမ အမေဟာ ခေါင်းစည်းကြိုးနဲ့ ကလစ်လေးတွေကို မြေအောက်ဘူတာလို နေရာမျိုးမှာ ရောင်းချရင်း သားအမိ နှစ်ယောက်တည်း အသက်မွေးခဲ့ကြပါတယ်။ ရူမီ အရွယ်ရောက်လာချိန်မှာ ရူမီကိုယ်တိုင် ကြက်ကြော်ဆိုင်လေးဖွင့်ပြီး ရောင်းအားကောင်းလွန်းလို့ တီဗီအစီအစဉ် တခုကတောင် လာရောက် ရိုက်ကူးရတဲ့ အထိပါပဲ။

တညမှာ ဆောက်လုပ်ရေး ဦးထုပ်ဆောင်းထားတဲ့ လူတစုဟာ ရူမီတို့ဆိုင်ကို ဝင်ရောက် ဖျက်ဆီးတဲ့အပြင် ရူမီကိုပါ ဖမ်းခေါ်သွားဖို့ လုပ်ပါတော့တယ်။ ဈေးရောင်းရာက ပြန်လာတဲ့ ရူမီ့အမေဟာ သူ့သမီးကို ကယ်တင်ဖို့ ကြိုးစားရင်း အဲဒီ လူတစုရဲ့ လက်ချက်ကြောင့်ပဲ အသက် သေဆုံးခဲ့ရပါတော့တယ်။

ဘဏ်တခုရဲ့ လုံခြုံရေးဝန်ထမ်းတဦးဖြစ်သူ ဆပ်ဟွန်းဟာ မနက်စောစောလမ်းလျှောက်ရင်း တောင်ကျရေကို သောက်မိခဲ့ပါတယ်။ တနေ့တာလုံးသူဟာ ဗိုက်အောင့်နေခဲ့ပြီး ညနေ အလုပ် ဆင်းချိန်မှာ ပိုဆိုးလာခဲ့တဲ့အတွက် ဆိုဂျုသောက်လိုက်တာကြောင့် ဗိုက်အောင့်ဝေဒနာဟာ ပိုမိုပြင်းထန်လာခဲ့ပါတယ်။

စားပွဲပေါ်မှာ ခေါင်းမှောက်ကျနေတဲ့ ဆပ်ဟွန်းမှာ သဘာဝလွန်စွမ်းအင်တခုကို ပိုင်ဆိုင်နေခဲ့ပြီး သူ့အနီးအနားမှာရှိတဲ့ စားပွဲတွေကိုပါ လက်နဲ့မထိဘဲ လဲပြိုစေခဲ့ပါတယ်။ ဒါတင်မကသေးဘဲ အိမ်ပြန်ရောက်လို့ ဆေးလိပ်သောက်ဖို့ ကြိုးစားတဲ့အခါ မီးခြစ်ဟာ သူနဲ့ မလှမ်းမကမ်းမှာ ရှိနေတာမို့ လက်နဲ့ လှမ်းရင်း လှမ်းရင်း မီးခြစ်ဟာ လေထဲကနေ သူ့လက်ထဲကို ရောက်ရှိ လာပါတော့တယ်။

ဒီဇာတ်ကားကတော့ IMDb Rating (5.9) ရရှိထားပြီး ရုပ်ရှင်ရဲ့ အထူးပြုလုပ်ချက်တွေနဲ့ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ဝေးကွာခဲ့ရတဲ့ ဖခင်နဲ့ သမီးကြားက ပဋိပက္ခတွေ၊ ဖခင်နဲ့ သမီးကြားက တယောက်ကို တယောက် စိုးရိမ်ပူပန်မှုတွေကို တွေ့မြင်ခံစားကြရမှာ ဖြစ်တဲ့အတွက် ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေ ပေးလိုက်ပါတယ်။

The post သဘာဝလွန်စွမ်းအင် ပိုင်ဆိုင်ထားတဲ့ ဖခင်တယောက် (သို့မဟုတ်) Pyschokinesis (2018) appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


Bern , Switzerland, ဆွန်ဇာလန် နိုင်ငံ ၊ ဘန်းမြို့ ရဲ့ သာယာ လှပပြီး ရှု မညီးတဲ့...


ရဟန်းနှင့် ဘွဲ့ဒီဂရီ


ငတုံး ပုံပြင်ကိုအဆုံးသတ်ပေးပါ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


(၁၅) မိနစ် တရားထိုင်နည်း


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


၆နှစ်ပြည့်ရွှေဝါရောင်တော်လှန်ရေးသို့သမိုင်းအား လိမ်ညှာခဲ့သော...