Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဝဿန်ရုပ်ရှင်ပွဲတော်မှာ အမျိုးသမီးယာဉ်မောင်းအကြောင်း ရိုက်ပြခဲ့တဲ့ မစိုးစံထိုက်

$
0
0

၈ ကြိမ်မြောက်ပြုလုပ်နေတဲ့ ဝဿန်ရုပ်ရှင်ပွဲတော်ကို စက်တင်ဘာလ ၅ ရက်နေ့ကနေ ၁၀ ရက်နေ့ထိ ရန်ကုန်မြို့၊ ဝဇီရာရုပ်ရှင်ရုံနဲ့ Goethe Institute တို့မှာ ၅ ရက်ကြာ ပြသသွားမှာ ဖြစ်ပါမယ်။ ဒီဝဿန်ရုပ်ရှင်ပွဲတော်မှာ ပြသခဲ့တဲ့ ဇာတ်ကားတွေထဲမှာ ထူးထူးခြားခြား ပါဝင်ခဲ့တဲ့ ဇာတ်ကားကတော့ မြန်မာအမျိုးသမီး ယာဉ်မောင်းတဦးရဲ့ စိတ်ကူးအိမ်မက်တွေဖြစ်တဲ့ “Dreams On The Road” (လမ်းပေါ်ကအိမ်မက်များ) အကြောင်းပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသားများအလုပ်လို့ လူအများစု သတ်မှတ်ထားတဲ့ ဘတ်စ်ကားယာဉ်လိုင်း မောင်းနှင်းတဲ့ အလုပ်ကို အမျိုးသမီးတဦးက ထူးခြားစွာ ရင်ဘောင်တန်း လုပ်ကိုင်နေတဲ့အပေါ်မှာ အဲဒီ အမျိုးသမီးရဲ့ ဘဝ အိမ်မက်တွေကို ဆွဲထုတ်ပြခဲ့တဲ့ အမျိုးသမီး ဒါရိုက်တာ စိုးစံထိုက်ကို ဧရာဝတီမှ သတင်းထောက် ချစ်ပိုးက ဆက်သွယ် မေးမြန်းထားပါတယ်။

စာနယ်ဇင်း မီဒီယာလောကမှ သတင်းထောက်တဦးလည်း ဖြစ်တဲ့ အမျိုးသမီး ဒါရိုက်တာ စိုးစံထိုက်က လူအခွင့်အရေးနဲ့ ပတ်သက်တဲ့ မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ တဦး ဖြစ်ပြီး ယခုကားကတော့ သူမရဲ့ ၄ ကားမြောက် မှတ်တမ်းရုပ်ရှင် ဖြစ်ပါတယ်။

မေး။ ။ “Dreams On The Road” ဆိုတဲ့ ဒီမှတ်တမ်းရုပ်ရှင်ကို ဘာကြောင့် ရိုက်ဖြစ်တာလဲ။

ဖြေ။ ။ ကျမ သတင်းထောက် လုပ်နေတဲ့ ကာလမှာ လူ့အခွင့်အရေး သတင်းတွေ ရေးဖြစ်တယ်။ ဒါနဲ့ ပတ်သက်တဲ့ သင်တန်းတွေ တက်ဖြစ်တယ်ပေါ့။ အဲ့နောက်ပိုင်း လူ့အခွင့်အရေးကြောင်း ပိုသိလာတယ်။ နောက်တော့ Gender နဲ့ ပတ်သက်ပြီး အထူးလေ့လာဖြစ်တယ်ပေါ့။

မြန်မာနိုင်ငံမှာက Gender လို့ပြောလိုက်ရင် နားလည်မှု လွဲကြတယ်။ Feminism အမျိုးသမီးဝါဒီ ကိုပဲ ပြေးမြင်ကြတယ်။ အမှန်တကယ် အဲ့ဒီလိုမဟုတ်ဘူးလေ အမျိုးသမီးနဲ့ အမျိုးသားကတန်းတူ ညီမျှရေးကို တွန်းအားပေးတာပေါ့။ ကျမ အနေနဲ့ဘာကြောင့် gender ကိုစိတ်ဝင်စားလဲဆိုရင် ကိုယ်တိုင်ကလည်း တိုင်းရင်းသူဖြစ်တာရယ် သတင်းထောက် လုပ်တဲ့ကာလမှာ ကိုယ်တိုင် gender နဲ့ ပတ်သက်ပြီး ခွဲခြားခံရတာ တွေရှိခဲ့ပါတယ်။

ဒီကားလေးကို ရိုက်ဖြစ်တာက ပြင်သစ်သံရုံးကို Gender သင်တန်းအတွက် သွားတဲ့အခါ ဘတ်စ်ကား တက်စီးတော့ ကားကြီးကို အမျိုးသမီးတဦးက မောင်းနေတာကို တွေ့တယ်။ အဲဒီနောက် သုတေသန လုပ်ဖြစ်ခဲ့တယ်။ အခုလို မောင်းနှင်တဲ့ အမျိုးသမီးရဲ့နောက်ကွယ်က ဘဝ စိတ်ခံစားမှုတွေကို ရိုက်ဖြစ်တာပေါ့။

မေး။ ။ ဒီမှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးတဲ့အခါ အတွက် ဘယ်လိုအခက်အခဲရှိလဲ။

ဖြေ။ ။ အခက်အခဲကတော့ ရိုက်ကူးရေး အချိန်ပေါ့။ သူက ကားမောင်းတဲ့သူဆိုတော့ သူမောင်းတဲ့အချိန် လိုက်ရိုက်ရတာပေါ့။ ရိုက်ကူးတဲ့အချိန်က ၂လပိုင်း ၃လပိုင်း ဆိုတော့ မိုးရွာလိုက် နေပူလိုက်နဲ့ တော်တော်ခက်ခဲ့ပါတယ်။ ရိုက်ပြီးတဲ့ အခါကျတော့ ဘယ်မှာပြမလဲ စဉ်းစားတယ်။ နောက် ဝဿန်ပွဲတော်နဲ့ ကပ်နေတော့ အမြန်တည်းဖြတ်ပြီး ပ့ိုလိုက်တာပါ။

တည်းဖြတ်ကတော့ ကိုအောင်မြင့်ထွန်းက လုပ်ပေးခဲ့တာပါ။ ပါမယ်လို့ မထင်ပေမယ့် ရွေးချယ် ခံခဲ့ရတယ်ပေါ့။ ဆင်ဆာလည်း မငြိခဲ့ဘူး။ ကျမကို ကူညီခဲ့တဲ့ ပညာရှင် သူငယ်ချင်းတွေ ကျေးဇူးနဲ့ အခုလိုအထိ ဖြစ်လာခဲ့တာပါ။

 

အမျိုးသမီး ယာဉ်မောင်း မယဉ်ယဉ်အေးနဲ့ ဒါရိုက်တာ မစိုးစံထိုက်

 

မေး။ ။ ခေါင်းစဉ်ကို “Dreams on the road” လို့ ဘာကြောင့် နာမည်ပေးဖြစ်တာလဲ။

ဖြေ။ ။ ဒီထဲက ဇာတ်ကောင်နဲ့စကားပြောတဲ့အခါ သူကကားမောင်းနေပေမယ့် သူ့မှာ အိမ်မက်တွေ ရှိတယ်။ ကြိုးစားနေတယ်ပေါ့။ ကျမတို့ ရန်ကုန်မှာနေတဲ့သူတွေ အားလုံးလည်း ကားစီးရင်း အလုပ် သွားကြတယ်။ သွားရင်းနဲ့ လမ်းမှာ ကိုယ်ဘာဖြစ်ချင်တယ်ဆိုတဲ့ စိတ်ကူးအိမ်မက် ရှိကြတယ်လေ။

အမှန်တကယ်တော့ မိသားစုတွေ အတွက် အလုပ်လုပ်နေတဲ့ အမျိုးသမီးတွေ၊ လူမှုပတ်ဝန်းကျင် အတွက် အလုပ်လုပ် နေတဲ့ အမျိုးသမီးတွေ၊ တိုင်းပြည်အတွက် အလုပ်လုပ်နေတဲ့ အမျိုးသမီး အားလုံးက တန်ဖိုး ရှိပါတယ်။ မြန်မာနိုင်ငံအတွင်း အလုပ်အကိုင် အခွင့်အလမ်းတွေမှာ အမျိုးသားတွေကို ဦးစားပေးတွေကို တွေ့ရှိရပါတယ်။

ကျားမရေးရာ တန်းတူ ညီမျှမူ ရှိအောင် တတ်နိုင်သမျှ ထည်သွင်း စဉ်းစားပေးစေလိုပါတယ်။ အခုလို အများပြည်သူ သယ်ယူပိုဆောင်ရေး လုပ်ငန်းတခု အနေနဲ့ အမျိုးသမီးတွေကို အလုပ်အကိုင် အခွင့်အလမ်းတခု အနေနဲ့ပေးခဲ့တာကို အများပြည်သူတွေကို ပြချင်တာပါ။

သာမန်ပြည်သူတွေ ဘဝတွေ ရဲ့ ဖြစ်ရပ်မှန်တွေ အကြောင်းပါ။ သုသေတနလုပ်ခဲ့တဲ့ တလျှောက် ဘာတွေတွေ့ရလဲဆိုရင် လုပ်ငန်းခွင် တလျှောက်မှာ ဒီအလုပ်ကိုအမျိုးသားအလုပ်လို့ သတ်မှတ် ထားတယ်။ ဒါပေမဲ့ အဲ့အမျိုးသမီးက အဲ့လို မဟုတ်ဘူး။ သူဝါသနာ ပါတဲ့ ကျွမ်းကျင်တဲ့ အလုပ်ကို လုပ်ပါတယ်။ သူ့ဘဝမှာ စိတ်ပိုင်းဆိုင်ဒဏ်ရာတွေ ရှိတယ်။ အခက်အခဲတွေ ရှိပေမယ့် ဘဝအတွက် သူ ဘယ်လို ရင်ဆိုင်ကျော်ဖြတ်ခဲ့လဲဆိုတာကို ပြချင်တာပါ။

မေး။ ။ ဒီမှတ်တမ်းရုပ်ရှင်က မြန်မာ လူ့အဖွဲအစည်းရဲ့ ခေါက်ရိုးကျိုးအမြင်တွေကို ပြောင်းလဲစေချင်တဲ့ သဘောလား။

ဖြေ။ ။ ကျမတို့ မြန်မာထုံးတမ်းအစဉ်လာက အမျိုးသမီးအခွင့်အရေးကို တခါတလေ တိုက်ရိုက် ချိုးဖောက်သလို တခါတလေသွယ်ဝိုက်ပြီး ချိုးဖောက်တာတွေရှိနေပါတယ်။ မြန်မာ့လူမှု အသိုင်းအဝိုင်းက တခုလပ် တလင်ကွာနဲ့ Single Mother တွေကိုဆိုရင် အပြစ်တင် ဝေဖန်ကြတယ်။

လူအသိုင်းအဝိုင်းက လက်မခံဘူး။ ဘယ်မိန်းကလေးက ဖြစ်ချင်မှာလဲ ။ သူတို့မှာလည်း အဲဒီလို ဖြစ် ဖ့ို အကြောင်းကြောင်း တခုခု ရှိလာလိ့ုဖြစ်လာရတာ မဟုတ်လား။ ကျမတို့ရဲ့ လူမှုပတ်ဝန်းကျင်မှာ အဲဒီလို အမျိုးသမီးတွေ ရှိခဲ့ရင် သူတိုရဲ့ စိတ်ပိုင်းရာ ရုပ်ပိုင်းဆိုင်ရာတွေကို အကူအညီ ပေးသင့်ပါတယ်။ သူတို့ရဲ့ ဘဝရပ်တည်ဖို့အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖော်ဆောင် ပေးသင့်တယ်လို ကျမ ထင်ပါတယ်။

မေး။ ။ အခုလို အများပြည်သူ ကြည့်ရှုဖို့ ရွေးချယ်ခံရတဲ့ အပေါ် ဘယ်လိုခံစားရလဲ။

ဖြေ။ ။ ဒီပွဲတော်မှာ နာမည်ကြီးတဲ့မင်းသား မင်းသမီးတွေ တွေ့မြင်ရမှာ မဟုတ်ပါဘူး ။ ပြည်သူတွေအထဲက ပြည်သူတွေ အကြောင်း အပြင်မှာ အမှန်တကယ် ဖြစ်ပျက်နေတဲ့ အကြောင်းတွေ ရိုက်ကူးထားတဲ့ မှတ်တမ်း ရုပ်ရှင်တွေ၊ ဇာတ်လမ်းတိုတွေ အများဆုံး ပြသတဲ့ပွဲပါ။

ဒီလို အများပြည်သူတွေ ကြည်ရူ ဖို့သင့်တော်လို့ သတ်မှတ်ခြင်းခံရပြီး ပြသဖို့ ရွေးချယ်ခြင်း ခံရတဲ့အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ လာရောက်ကြည်ရူတဲ့ ပရိတ်သတ်တွေနဲ့ တိုက်ရိုက်တွေဆုံ မေးမြန်းပြီး စကားပြောရတာလည်း ရန်ခုန်စရာ ကောင်းပါတယ်။ ။

The post ဝဿန်ရုပ်ရှင်ပွဲတော်မှာ အမျိုးသမီးယာဉ်မောင်းအကြောင်း ရိုက်ပြခဲ့တဲ့ မစိုးစံထိုက် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...