ရုံတင်နေတဲ့ Specila9 ဇာတ်ကားမှာပါဝင်သရုပ်ဆောင်ထားတဲ့ အဆိုတော်ထက်ယံက ဒီဇာတ်ကားကိုရိုက်ဖြစ်တာ ရုပ်ရှင်နယ်ပယ်ကို လေ့လာချင်တဲ့အတွက် ရိုက်ကူးဖြစ်တယ်လို့ ဆိုပါတယ်။
“ကိုယုန်လေးက အဆိုတော်တွေ ပါဝင်ရိုက်ကူးမယ့် ဇာတ်ကားတကားရှိတယ်ဆိုတာနဲ့ ပါဝင်ဖို့ကမ်းလှမ်းတာကြောင့် အဆိုတော်ကာရိုက်တာပဲ ရိုက်မှာဆိုတော့ ကျနေ်ာလည်းစဉ်းစားတယ်ပေါ့။ စဉ်းစားတော့ ကျနေ်ာတို့ နိုင်တဲ့ဇာတ်ရုပ် ကျနေ်ာတို့လည်း ဗဟုသုတရတယ်ဆိုပြီး ရိုက်ဖြစ်ခဲ့တာပါ”
“နောက်ပြီးရုပ်ရှင်နယ်ပယ်မှာ ကျနော်တို့လည်း သွားပြီးလေ့လာကြည့်မယ်ဆိုပြီး ရိုက်ဖြစ်သွားတာပါ။ ဇာတ်လမ်းကလည်း ထူးဆန်းမယ်ထင်တယ်။ အဆိုတော်တွေပါမယ့် ဇာတ်ကားဖြစ်တာနဲ့ ပါဝင်ခဲ့တာပါ။ ကျနော်တို့ နဲ့ ကတော့ အရမ်းကွာခြားသွားတယ်တော့ မမြင်မိဘူး” လို့ ထက်ယံက ဆိုပါတယ်။
ထက်ယံက သရုပ်ဆောင်ခဲ့တဲ့အခါ အရင် MTV တွေမှာလည်း သရုပ်ဆောင်ခဲ့ဖူးတဲ့အတွက် အခက်အခဲသိပ်မရှိဘဲ ဒီကားမှာလည်းကာရိုက်တာပေါ်မူတည်ပြီး သရုပ်ဆောင်ခဲ့တယ်လို့လည်းဆိုပါတယ်။ နောက်ပိုင်းမှာလည်း သရုပ်ဆောင်လုပ်ဖို့ အစီအစဉ်မရှိဘဲ ဒါနဲ့ပတ်သက်လို့လည်း အခုလိုဆိုပါတယ်။
“ကျနော့်ကို နောက်ပိုင်းသရုပ်ဆောင်လုပ်ဖို့ ကမ်းလှမ်းလာခဲ့ရင်တော့ “အစားကိုကုန်အောင်စား စကားကို ကုန်အောင်မပြောနဲ့” ဆိုတဲ့ အတိုင်း ကျနော့်အနေအထားနဲ့ကျနော် လုပ်နိုင်တဲ့ ကာရိုက်တာဆိုရင်တော့ လုပ်သွားမှာပါ။ ကိုယ်လုပ်နိုင်အရာ ဥပမာ အဆိုတော်ကပဲ မင်းသားလုပ်လုပ် မင်းသားကပဲအဆိုတော် လုပ်လုပ် တာဝန်ကျေအောင်လုပ်နိုင်ရင်တော့ ပြောစရာ မရှိဘူးလို့ ထင်ပါတယ်”
“ကျနေ်ာကျောင်းတုန်းကလည်း သရုပ်ဆောင်မေဂျာနဲ့ပဲ ဘွဲ့ယူထားတာဆိုတော့ ကိုယ်နိုင်တဲ့ ကာရိုက်နဲ့ မနိုင်တဲ့ ကာရိုက်တာပေါ်မှာပဲ မူတည်မှာပါ။ ကိုယ်နိုင်တဲ့ ကာရိုက်တာဆိုရင်တော့ ပျော်ပျော်ကြီး သရုပ်ဆောင်မှာပါ။နဂိုကတည်းက အဆိုတော်ပဲ ဝါသနာပါတာပါ။ နံပါတ်၁ ကတော့ အဆိုတော် လုပ်တာပါ။ ကျနော် မြန်မာဇာတ်ကားတွေ ကြည့်ပါတယ်။ အသက်အရွယ် ကြီးလာလို့ မကြည့်ဖြစ်တာပဲ ရှိတယ်”
“ဒါပေမယ့် ဇာတ်ကားတိုင်းမကြည့်တာမျိုးတော့ မဟုတ်ဘူး။ ဘယ်ကားဟော့လဲ ဟော့တဲ့ ကားတွေလည်း ကြည့်နေရတာပါပဲ။ မြန်မာကားလည်း လွတ်လို့ မရပါဘူး။ကြည့်နေရတာပါပဲ’’လို့ ပြောပါတယ်။
ထက်ယံက အဆိုတော်သားသားနဲ့ “ရှေ့မှီနောက်မှီ”ဆိုတဲ့ သီချင်းခွေထွက်ဖို့ ပြင်ဆင်နေပြီး သီချင်းပုံစံတွေလည်း ပြောင်းလဲ ထားတယ်လို့ သိရပါတယ်
The post “Special 9 ဇာတ်ကားက ပထမဆုံးသရုပ်ဆောင်ဖြစ်တဲ့ ကားပါ” appeared first on ဧရာဝတီ.