Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဖြစ်ရပ်မှန်နောက်ခံ “Hotel Mumbai”ရုပ်ရှင် တိုရွန်တိုရုပ်ရှင်ပွဲတော်မှာ ဂုဏ်ပြုခံရ

$
0
0

၂၀၀၈ ခုနှစ်တုန်းက အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းမြို့မှာရှိတဲ့ ဟိုတယ်တလုံး တိုက်ခိုက်ခံရမှုအကြောင်း ဇာတ်အိမ်တည်ထားတဲ့ “Hotel Mumbai” ရုပ်ရှင်ဟာ တိုရွန်တိုရုပ်ရှင်ပွဲတော် ကမ္ဘာ့ရုပ်ရှင်အထူးပွဲ အစီအစဉ်မှာ ပရိသတ်တွေက မတ်တပ်ရပ်ဂုဏ်ပြုခံခဲ့ရတဲ့အကြောင်း သိရပါတယ်။

ပါဝင်တဲ့ သရုပ်ဆောင်နဲ့ ရုပ်ရှင်ထုတ်လုပ်သူတွေကတော့ တိုက်ခိုက်ခံခဲ့ရသူနဲ့ တိုက်ခိုက်ခဲ့သူတွေရဲ့ လူသား သရုပ်သဏ္ဍာန်ကြောင့် အခုလိုမျိုး ဂုဏ်ပြုခံခဲ့ရတာဖြစ်တယ်လို့ ယုံကြည်တဲ့အကြောင်း ပြောဆိုပါတယ်။

သရုပ်ဆောင်တွေဖြစ်ကြတဲ့ Dev Patel, Armie Hammer နဲ့ Jason Isaacs တို့ပါဝင်ထားတဲ့ အဲဒီရုပ်ရှင်ဟာ မွမ်ဘိုင်းမြို့မှာရှိတဲ့ Taj Mahal ဇိမ်ခံဟိုတယ်တိုက်ခိုက်မှုကို အခြေတည်ထားပါတယ်။ အဲဒီဟိုတယ်ကို ပါကစ္စတန်အခြေစိုက် အစ္စလာမ္မစ်စစ်သွေးကြွက ၃ ရက်ကြာ တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး ဧည့်သည်နဲ့ ဟိုတယ်ဝန်ထမ်း ဒါဇင်ပေါင်းများစွာ အသတ်ခံခဲ့ရပါတယ်။

အဲဒီရုပ်ရှင်ရဲ့ ဇာတ်ဝင်ခန်းအများစုမှာတော့ ဟိုတယ်မှာ ပိတ်မိနေခဲ့သူတွေရဲ့ အမြင်ကို တင်ဆက်ထားပြီး နောက်ထပ်ဇာတ်ဝင်ခန်းတွေမှာတော့ သေနတ်သမားတွေရဲ့ အမြင်ကို ပြသထားပါတယ်။

“Hotel Mumbai” ရုပ်ရှင်မှာ ပါဝင်တဲ့ သရုပ်ဆောင်များ

“အသက်ရှင်ဖို့အတွက် ဒုက္ခကြီးစွာ ရင်ဆိုင်ခဲ့ရတဲ့ မတူညီတဲ့ လူမှုစီးပွားအဖွဲ့တွေ၊ မတူညီတဲ့ နောက်ခံ၊ တိုင်းရင်းသား၊ လူမျိုးရေးတွေရှိကြတဲ့ လူတော်တော်များများကို မြင်တွေ့ရမှာပါ။ မင်းသား Dev ပြောသလိုပါပဲ။ ဒါဟာ ခုခံမှုရဲ့ တေးသီချင်း တပုဒ်ပါ” လို့ သြစတေးလျ ဒါရိုက်တာ Anthony Maras က စက်တင်ဘာလ ၈ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ ပြောပါတယ်။

အခုလိုမျိုး ဟိုတယ်တိုက်ခိုက်သိမ်းပိုက်ခံခဲ့ရတဲ့ ရုပ်သံဗီဒီယိုတွေပါ အသုံးပြုထားတဲ့ အဲဒီရုပ်ရှင် နောက်ဆုံး ဗားရှင်းကို ပထမဆုံးအကြိမ် ကြည့်ရှုခဲ့ကြပြီးတဲ့နောက် ပါဝင်ခဲ့တဲ့ သရုပ်ဆောင်အချို့က မျက်ရည်ကျခဲ့ရတယ်လို့ ဆိုပါတယ်။ အမေရိကန်ဧည့်သည် ဒေးဗစ်အဖြစ် ပါဝင်ထားတဲ့ သရုပ်ဆောင် Hammer က ဇာတ်ညွှန်းဟာ လူသားဆန်မှုကို တူးဆွ ဖော်ပြထားတယ်လို့ ဆိုပါတယ်။

“ဟိုတယ်ဝန်ထမ်းတွေနဲ့ ဧည့်သည်တွေ တိုက်ခိုက်ခံရမှု အလုံးစုံကို မြင်တွေ့နိုင်ပါတယ်။ ဒါ့အပြင် အမှန်တကယ် တိုက်ခိုက်ခဲ့သူတွေ ဘက်ကနေလည်း ပထမဆုံးအကြိမ် တွေးတောစဉ်းစား ထင်မြင်နိုင်မှာလည်း ဖြစ်ပါတယ်” လို့ Hammer က ပြောပါတယ်။

The Hollywood Reporter ကတော့ ရုပ်ရှင်ရဲ့ အသေးစိတ်ကျတဲ့ အချက်အလက်ဖော်ပြပုံကို ချီးမွမ်းထားသလို The Wrap မီဒီယာကလည်း ရုပ်ရှင်က စိတ်ခံစားမှု ရသတွေကိုလည်း ဝေမျှထားပါတယ်လို့ ဆိုထားပါတယ်။

Ref: reuters

The post ဖြစ်ရပ်မှန်နောက်ခံ “Hotel Mumbai” ရုပ်ရှင် တိုရွန်တိုရုပ်ရှင်ပွဲတော်မှာ ဂုဏ်ပြုခံရ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...