Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အသက် ၅၁ နှစ် ပြည့်သွားပြီဖြစ်တဲ့ မင်းသား Akshay Kumar

$
0
0

၁၉၉၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Khiladi” ရုပ်ရှင်စတန့်ပြကွက်တွေနဲ့ ပရိသတ်တွေကို အံ့သြမှင်သက် စေခဲ့တာက အစပြုလို့ “Hera Pheri” နဲ့ “Housefull” တို့လိုမျိုး ရုပ်ရှင်တွေမှာ ပရိသတ်ကို ရယ်မောပျော်ရွှင်စေနိုင်သလို “Toilet: Ek Prem Katha” နဲ့ “Pad Man” ရုပ်ရှင်တွေမှာ ပရိသတ်ကို လူမှုဘဝ အသိပညာတွေ ချပြနိုင်ခဲ့တဲ့ ဘောလိဝုဒ်မင်းသား Akshay Kumar ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့မှာ အသက် ၅၁ နှစ်ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်တွေမှာ အနုပညာခရီးလမ်းစတင်ခဲ့တဲ့ မင်းသား Akshay ဟာ ရာနဲ့ချီတဲ့ ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ကမ္ဘာတဝန်းမှာရှိတဲ့ ပရိသတ်အခိုင်အမာ ရရှိထားသူလည်း ဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ်မှာတော့ မင်းသား Akshay က ဝါရင့်သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Rajesh Khanna နဲ့ Dimple Kapadia တို့ရဲ့ သမီးလည်းဖြစ်ပြီး ရုပ်ရှင်မင်းသမီးဟောင်း Twinkle Khanna နဲ့ လက်ထပ်ခဲ့ပါတယ်။ သူတို့နှစ်ဦးမှာ သားလေး Aarav နဲ့ သမီးလေး Nitara တို့ကို ပိုင်ဆိုင်ထားပြီ ဖြစ်ပါတယ်။

မင်းသားဟာ ဘောလိဝုဒ် အနုပညာလောကမှာ ဆယ်စုနှစ် ၂ ခုကျော် ကြာညောင်းခဲ့ပြီဖြစ်တဲ့ အနုပညာ သက်တမ်းတလျှောက် ရုပ်ရှင်အမျိုးအစားမျိုးစုံမှာ ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

မင်းသားရဲ့ ၅၁ နှစ်ပြည့် မွေးနေ့မတိုင်ခင် တရက်လိုမှာတော့ အများကမျှော်လင့်စောင့်စားနေကြတဲ့ သိပ္ပံစိတ်ကူးယဉ်၊ သည်းထိတ်ရင်ဖို ရုပ်ရှင် “2.0” ရဲ့ ပိုစတာတွေကို ဖြန့်ချိခဲ့ပါတယ်။ အဲဒီ ရုပ်ရှင်မှာတော့ မင်းသားရဲ့ တခါမှ မလုပ်ဖူးသေးတဲ့ ပုံစံကို ပရိသတ်များက မြင်တွေ့ရမှာ ဖြစ်တဲ့အကြောင်း ဒါရိုက်တာက ပြောဆိုထားပါတယ်။

သူ့ရဲ့မွေးနေ့အတွက် လူမှုကွန်ရက်မီဒီယာမှာ ပရိသတ်တွေသာမက လုပ်ဖော်ကိုင်ဖက် သရုပ်ဆောင်တွေနဲ့ ဒါရိုက်တာတွေကပါ ဂုဏ်ပြုစကား ပြောဆိုခဲ့ကြပါတယ်။ အဲဒီအထဲမှာ မင်းသား Abhishek Bachchan၊ မင်းသား Hrithik Roshan နဲ့ မင်းသား Shahid Kapoor တို့လည်း ပါဝင်ပါတယ်။

အခုလိုမျိုး ၅၁ နှစ်မြောက်အဖြစ် ကျရောက်တဲ့မွေးနေ့မှာ ကျန်းမာပျော်ရွှင်ပြီး အားကျဖွယ်ဖြစ်အောင် အနုပညာလုပ်ငန်းများ ဆက်လက်လုပ်ကိုင် ဆောင်ရွက်သွားနိုင်ပါစေကြောင်း စသဖြင့် ဆုမွန်ကောင်း တောင်းပေးထားတာတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

ဆက်စပ် သတင်းလင့်ခ်များ

The post အသက် ၅၁ နှစ် ပြည့်သွားပြီဖြစ်တဲ့ မင်းသား Akshay Kumar appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...