Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အက်ရှင်နဲ့ ခပ်ကြမ်းကြမ်းကားတွေ ဖန်တီးချင်တဲ့ အဆိုတော် ယုန်လေး

$
0
0

အဆိုတော်နဲ့ သရုပ်ဆောင် အလုပ်အပြင် ဒါရိုက်တာပါ လုပ်နေတဲ့ အဆိုတော် ယုန်လေးက အက်ရှင် ဇာတ်ကားတွေ၊ ကြမ်းတမ်းတဲ့ ဇာတ်လမ်းမျိုးတွေပဲ ဖန်တီးဖြစ်နေတာက အက်ရှင်ကိုကြိုက်လို့ပါလို့ ဧရာဝတီကို ပြောပါတယ်။

“ကျနေ်ာ ဖန်တီးထားတဲ့ အနုပညာကို ပရိသတ်တွေဆီရောက်တော့ ပျော်တာပေါ့။ ဗီဒီယိုလည်း အဆင်မပြေတော့ဘူး။ ရုပ်ရှင်တခုပဲ ရှိတော့တဲ့အခါ လွန်ခဲ့တဲ့ ၄ နှစ်က “လူကြမ်းတယောက်ရဲ့ ဒိုင်ယာရီ” ရယ် ၊ “Special 9” ရယ် အဲ့နှစ်ကားကို ၂ ပတ်ပဲခြားပြီး တင်ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ အက်ရှင်ဇာတ်ကားတွေ။ ကြမ်းတမ်းတဲ့ ဇာတ်လမ်းမျိုးတွေပဲ ဖန်တီးဖြစ်နေတာက အက်ရှင်ကို ကျနော်ကြိုက်တယ်။ ဒရာမာကို ကျနော် မကြိုက်ဘူး”လို့ ယုန်လေးက ဆိုပါတယ်။

“ကျနေ်ာ စဝင်လာတုန်းကလည်း “ကိုယ့်သမိုင်းကိုယ် ရေးကြသူများ” ဆိုတဲ့ ဇာတ်ကား လူငယ် ပုံစံမျိုးပဲ အပြင်လောကက ပုံစံမျိုးပဲ ရိုက်ဖြစ်တယ်။ နိုင်ငံခြားကားတွေ ကြည့်ရင်လည်း အက်ရှင်ကားတွေ ကြည့်တယ်။ မြန်မာကားဆိုရင်တော့ ဟာသကားပဲ ကြည့်တယ်။ အပန်းဖြေချင်လို့ ကြည့်ဖြစ်တယ်။ သရုပ်ဆောင်တာတွေ ပီပြင်ဖို့ကတော့ ကြိုးစာနေပါတယ်” လို့ ပြောပါတယ်။

အဆိုတော် ယုန်လေးကတော့ သူ့ရဲ့ သရုပ်ဆောင်မှု အပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း လိုအပ်ချက်တွေ ရှိနေသေးလို့ ဒီထက်ပိုကောင်းအောင် ကြိုးစားနေတယ်လို့လည်း ဆိုပါတယ်။

“ဆက်ပြီးလည်း ပိုကြိုးစားသွားမှာပါ။ လိုအပ်ချက်တွေလည်း ရှိပါသေးတယ်။ တကားတကားကို တာဝန်ယူရတဲ့ အပိုင်း အရမ်းများတယ်။ တာဝန်ယူမှုများတဲ့ အတွက် အိုက်တင်ကို လစ်ဟာသွားတာတွေ များတယ်။ နောက်ပိုင်း ဒီထက်ကောင်းအောင် ပြင်ဆင်နေပါတယ်။ ကျနော်က ကြိုးစားနေတုန်းပါ။ ဝေဖန်တာတွေကိုလည်း လက်ခံပါတယ်” လို့ ယုန်လေးက ပြောပါတယ်။

အဆိုတော် ယုန်လေးက “Special 9″ ရုပ်ရှင် Gold Carpet ပွဲမှာ ဆိုင်ကယ်တွေနဲ့ သမ္မတရုပ်ရှင်ရုံကို တက်ရောက်ခဲ့ကြတဲ့ အပေါ် ဝေဖန်မှုများ ရှိနေခဲ့ပါတယ်။ အဲဒီ ဝေဖန်မှုတွေအပေါ် ယုန်လေးက ဆိုင်ကယ်တွေစီးပြီး တက်ရောက်ခဲ့တဲ့အတွက် ပရိသတ်တွေကို တောင်းပန်တယ်လို့ ဆိုပါတယ်။

“Gold Carpet မှာ ဆိုင်ကယ်တွေစီးပြီး တက်ရောက်တဲ့အပေါ် မှားတာရှိလည်း တောင်းပန်ပါတယ်။ ကျနော်တို့ စစီးတာကလည်း အဝေးကြီး မင်္ဂလာဒုံလောက်ကနေ စီးတာ မဟုတ်ပါဘူး။ ပြည်လမ်းက ဖြတ်လိုက်တာ ပါပါတယ်။ My Garden နားကနေ သမ္မတရုံကို လာတာပါ။ စီးတာလည်း ၅ မိနစ်လောက်ပဲ စီးရပါတယ်။ မှားသွားရင်တော့ တောင်းပန်ပါတယ်ပဲ ပြောချင်ပါတယ်”

“ကျနော် ဆိုင်ကယ် အကူအညီတောင်းလိုက်တာ ကျနော်ကလည်း အဆက်အသွယ်များတော့ ဆိုင်ကယ်က အစီး ၂၀၀ လောက် ပါလာတယ်။ Without ဘီး (လိုင်စင်မဲ့ ဆိုင်ကယ်) မရဘူး။ လူကြီးတွေ ပြောတယ်လို့။ ၃ ယောက် ကို ထူးအယ်လင်းရယ်၊ နိုင်ဝမ်းရယ်၊ မြင့်မြတ်ရယ် စီးဆိုပြီး ပြောတာတောင် ၁၀ စီးလောက် ဖြစ်သွားတယ်”လို့ ယုန်လေးက ဆိုပါတယ်။

ဆက်စပ် ဖတ်ရှုရန်      “Special 9 ဇာတ်ကားက ပထမဆုံးသရုပ်ဆောင်ဖြစ်တဲ့ ကားပါ”

The post အက်ရှင်နဲ့ ခပ်ကြမ်းကြမ်းကားတွေ ဖန်တီးချင်တဲ့ အဆိုတော် ယုန်လေး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...