Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“မီ” ရုပ်ရှင်ဇာတ်ကားရဲ့ ဝတ်စုံ၊ ဆံပင်ပြင်ဆင်မှုပိုင်းနဲ့ပတ်သက်ပြီး ပြောပြတဲ့ Stylist ကိုဇော်ဇော်

$
0
0

‘ မီ ‘ ဇာတ်ကားပြင်ဆင်မှုနဲ့ ဝတ်စားဆင်မှုပိုင်းတွေကို ဇာတ်ကားမထွက်ခင်တည်းက ပရိသတ်တွေက အားပေးနေကြတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Stylist အဖြစ် လုပ်ကိုင်ပေးထားတဲ့ ကိုဇော်ဇော်က ဒီဇာတ်ကားမှာ ပါဝင်လုပ်ကိုင်ပေးဖြစ်တာ ပထမဆုံးဖြစ်သလို ရှေးဟောင်းဖက်ရှင်နဲ့ ပြင်ဆင်ပေးထားတာကြောင့် စိန်ခေါ်မှုလည်းရှိတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“အဝတ်အစားပိုင်းကို အပြင်ကလူငယ်တွေကို အပ်တဲ့အခါကျရင် အလှအပကိုပဲ ဦးစားပေးပြီး Historyနဲ့ ပတ်သက်လို့ အားနည်းတယ်။ မိန်းကလေးဖက်ရှင်ကို စိတ်ဝင်စားပြီး ယောကျာ်းလေးဖက်ရှင်ကို အားနည်းတဲ့အခါ အရင်ခေတ်ကို ရိုက်မှာဆိုတော့ အသေအချာ အသေးစိတ် မဖြစ်မှာစိုးတဲ့အတွက် ကျနော့်ကိုလုပ်ပေးပါဆိုတာနဲ့ လုပ်ပေးဖြစ်ပါတယ်။ ကျနော့်အတွက်လည်း စိန်ခေါ်မှုတော့ ရှိပါတယ်”

“ကျနော့်ပုံတွေကိုလည်း လိုက်ရှာတယ်။ သမိုင်းနဲ့ ပတ်သက်ပြီး လုပ်တာလည်း အရင်ကတည်းက ကျနော်လုပ်နေကျ ဆိုတော့ ကျနော့်အတွက် မခက်ခဲပါဘူး။ အဝတ်အစားနဲ့ ပတ်သက်လို့ အရမ်းမစိုးရိမ်ပါဘူး။ ‘ မီ ‘ ကို သေချာကြီး ဆရာမကြီးက မရေးထားဘူး။ စိတ်ပိုင်းဆိုင်ရာ အများကြီးရေးထားတယ်။ အပြင်မှာ သူက ပိန်ပိန်ပါးပါးဖြစ်တယ်ဆိုတာ ရေးထားတယ်။ ဆံပင်က အညိုရောင်ဖျော့ပြီး မျက်လုံးက မီးခိုရောင် ဒီလောက်ပဲ။ အသေးစိတ်အရမ်းမပါဘူး။ ပိုင်ဖြိုးသုကို ‘ မီ ‘ ဖြစ်အောင် လုပ်ပေးရတယ်။ မိတ်ကပ်တွေ Test လုပ်တယ်။ ဆံပင်တွေ Test လုပ်တယ်။ သေချာမှ ရိုက်ကြတာပေါ့” လို့ ပြောပါတယ်။

ဇာတ်ကားထဲမှာ အဝတ်အစားပြင်ဆင်မှုနဲ့ ပတ်သက်ပြီးပါဝင်တဲ့ မင်းသားမင်းသမီးတွေကိုလည်း အကုန်စီစဉ်ပေးထား တယ်လို့ ကိုဇော်ဇော်ကဆိုပါတယ်။

” မီ ကိုနှစ်မျိုး ပြင်ဆင်ရတယ်။ ညဘက်မှာ ဆိုသူရဲ့ စိတ်ကမာတယ်ဆိုတော့ အရောင်တောက်တာလေးတွေ လုပ်ပေးထားတယ်။ ထင်ပေါ်တဲ့ ပြောင်ပြောင်အသားတွေ လုပ်ထားတယ်။ မနက်ပိုင်းသော်ဆွေနဲ့ ရှိတဲ့အချိန်ကျတော့ သိုးငယ်လေးတယောက်လို ချစ်စရာကောင်မလေးဖြစ်သွားပြန်ရော။ အဲ့တာနဲ့ လိုက်ဖက်အောင် အရောင်ဖြူဖြူဖျော့ဖျော့လေးတွေ ဆင်ပေးထားတယ်”

“နေတိုးကိုလည်း အဲ့လိုပဲ အဝတ်အစားက အစအကုန်လုံး ပြင်ဆင်ပေးထားတာ ဆံပင်က သူက ‘မုန်းစွဲ ‘ မှာ ဘုန်းကြီးဝတ်တယ်။ ကတုံးနဲ့ ဖြစ်နေတာမလို့ အတုမတပ်လို့မရဘူး။ ဒါရိုက်တာဏကြီး တို့ကလည်း “သော်ဆွေ” ဇာတ်ကောင်ကို ကတုံးနဲ့ မရိုက်ချင်ဘူး။ အတုက မြန်မာနိုင်ငံမှာ အတော်ဆုံး ရုပ်ရှင်ဆီလီကွန်မိတ်ကပ်ပညာရှင် ကိုအောင်ကျော်ထွန်းတို့ လုပ်တာပဲ”

“ရိုက်ကွင်းမှာ အဲဒီဆံပင်ကို တပ်ဖို့အတွက် ကျွမ်းကျင်သူ လူတယောက် သပ်သပ်ခေါ်ထားရတယ်။ ကုန်ကျစရိတ်လည်း မနည်းဘူး။ ကားထဲမှာ အားလုံးအကောင်းဆုံးကြိုးစားထားတယ်။ ‘ မီ ‘ ဇာတ်ကားက ရိုက်နေကျကားတွေ ကုန်ကျနှုန်း အတိုင်းရိုက်ရတယ်။ ဟိုအရင် ဇာတ်ကားကို ပြန်ရိုက်တဲ့ ဇာတ်ကားဆိုရင် ပိုသုံးသင့်တယ်။ ဒါပေမယ့်လည်းရတဲ့ budget ထဲမှာပဲ အကောင်းဆုံးအပင်ပန်းခံ ကြိုးစားထားတယ်” လို့ ပြောပါတယ်။

Stylist ကိုဇော်ဇော် ဟာ ကိုယ်တိုင်ဒါရိုက်တာလုပ်ကာ နာမည်ကြီးကြော်ငြာများကိုလည်း ရိုက်ကူးနေပြီး ‘ ဂန္တဝင်အလှ မြန်မာရာမ ‘ ဇာတ်ကားကိုလည်း ရိုက်ကူးခဲ့သူဖြစ်ပါတယ်။

The post “မီ” ရုပ်ရှင်ဇာတ်ကားရဲ့ ဝတ်စုံ၊ ဆံပင်ပြင်ဆင်မှုပိုင်းနဲ့ပတ်သက်ပြီး ပြောပြတဲ့ Stylist ကိုဇော်ဇော် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...