Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“Superman” အဖြစ်မှ မင်းသား Henry Cavill နုတ်ထွက်လိုက်ပြီလို့ ကောလာဟလ ထွက်ပေါ်

$
0
0

မင်းသား Henry Cavill ဟာ Warner Bros. ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ DC Comics ရုပ်ရှင်တွေမှာ သံမဏိလူသား “Superman” အဖြစ် ပါဝင် သရုပ်ဆောင်မှုကနေ နုတ်ထွက်လိုက်ပြီဖြစ်တဲ့အကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

The Hollywood Reporter ရဲ့ သတင်းအရ “Man of Steel”, “Batman v. Superman” နဲ့ “Justice League” ရုပ်ရှင်တွေမှာ ခရစ်ပတွန်ဂြိုဟ်သား Superman အဖြစ် သရုပ်ဆောင်ခဲ့သူ မင်းသား Cavill ဟာ နောက်ထပ်ရိုက်ကူးမယ့် ရုပ်ရှင်တွေကနေ နုတ်ထွက်လိုက်ပြီလို့ သိရပါတယ်။

အခုလိုမျိုး နုတ်ထွက်လိုက်ရတဲ့အကြောင်းအရင်းတခုကတော့ အချိန်ဇယား အကျပ်အတည်းကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ မင်းသားရဲ့ အေးဂျင့်နဲ့ Warner Bros. တို့အကြား စာချုပ်ကိစ္စ မပြေမလည် ဖြစ်ခဲ့ပြီး တဲ့နောက် မကြာမီရုံတင်တော့မယ့် “Shazam” ရုပ်ရှင်မှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ဖို့ ညှိနှိုင်းမှု အဆင်မပြေ ဖြစ်ခဲ့ရာကနေ မင်းသား Cavill ရဲ့ Superman အဖြစ် ပါဝင် သရုပ်ဆောင်မှု အစီအစဉ် တခန်းရပ်သွားခဲ့တာလို့ ဆိုပါတယ်။

မင်းသား Cavill ဟာ Netflix ကနေ ရိုက်ကူးမယ့် “The Witcher” ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ဖို့ မကြာသေးခင်က လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပေမယ့် The Hollywood Reporter ရဲ့အဆိုအရ အဲဒီသဘောတူညီချက်ဟာ Warner Bros နဲ့ ညှိနှိုင်းမှု အဆင်မပြေဖြစ်ခဲ့ပြီးတဲ့ နောက်မှာသာ ဖြစ်လာခဲ့တာလို့ ဆိုပါတယ်။

အခြားအကြောင်းအရင်းတခုကတော့ DC Comics ရုပ်ရှင်လောက တခုလုံးကို ပြုပြင်မြှင့်တင်ရေးတွေ လုပ်ဖို့ စတူဒီယိုရဲ့ ဆန္ဒကြောင့်လည်း ဖြစ်တယ်လို့ဆိုပါတယ်။ အဲဒီဂယက်ကြောင့် မင်းသား Ben Affleck က Batman အဖြစ် သရုပ်ဆောင်တော့မှာ မဟုတ်ဘဲ လူငယ်သရုပ်ဆောင်တဦးနဲ့ အစားထိုးမယ်ဆိုတဲ့ သတင်းတွေ ကနဦး ထွက်ပေါ် ထားခဲ့ပြီးလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလို ပြုပြင်ပြောင်းလဲရေး လုပ်တာက DC Comics တခုလုံးကို ပြောင်းလဲစေခဲ့တာတော့ မဟုတ်ပါဘူး။

မင်းသမီး Gal Gadot ဟာ လာမယ့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလမှာ ရုံတင်မယ့် “Wonder Woman 1984” ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်နေသလို မင်းသား Jason Momoa ကလည်း လာမယ့် ဒီဇင်ဘာလမှာ ပြသတော့မယ့် “Aquaman” ရုပ်ရှင်မှာလည်း ပါဝင်ထားပါသေးတယ်။ ဒါ့အပြင် မင်းသား Ezra Miller ဟာ လာမယ့်နှစ်အစောပိုင်းကစလို့ Flash ဇာတ်ရုပ်မှာ ပါဝင် သရုပ်ဆောင်ဦးမှာပါ။

THR ရဲ့ ထောက်ပြချက်တခုကတော့ Disney ရဲ့ Marvel ရုပ်ရှင်တွေဟာ Warner Bros. ရဲ့ DC ရုပ်ရှင်တွေနဲ့ ရုံဝင်ငွေစာရင်းမှာ နှိုင်းယှဉ်မယ်ဆိုရင် တော်တော်ကြီး အလှမ်းကွာနေတာကြောင့် စတူဒီယို အနေနဲ့ အမှန်ပြန်ဖို့ စိုးရိမ်ပူပန်နေတယ်လို့လည်း ဆိုပါတယ်။

အခုလိုမျိုး THR ရဲ့ သတင်းထုတ်ပြန်ချက်ပြီးတဲ့နောက်မှာ မကြာခင် ရိုက်ကူးမယ့် Superman ရုပ်ရှင်တွေနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက် တစုံတရာမချရသေးတဲ့အကြောင်းနဲ့ မင်းသား Cavill နဲ့ ဆက်ဆံရေးကောင်းမွန်ဆဲဖြစ်တဲ့အကြောင်း Warner Bros. က ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ မင်းသား Cavill ကလည်း “ဒီနေ့ဟာ စိတ်လှုပ်ရှားစရာ ကောင်းခဲ့ပါတယ်” ဆိုတဲ့ ပုံစာနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ လ ၁၂ ရက်နှောင်းပိုင်း Instagram အကောင့်မှာ ပုံတခုကို တင်ခဲ့ပါတယ်။

Ref: etcanada

The post “Superman” အဖြစ်မှ မင်းသား Henry Cavill နုတ်ထွက်လိုက်ပြီလို့ ကောလာဟလ ထွက်ပေါ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...