Quantcast
Viewing all articles
Browse latest Browse all 7343

K-pop အဆိုတော် HyunA နဲ့ ချစ်သူ E’Dawn တို့ကို အေဂျင်စီမှ ထုတ်ပယ်

နာမည်ကျော် Kpop အဆိုတော် စုံတွဲတတွဲဖြစ်တဲ့ HyunA နဲ့ ချစ်သူ E’Dawn တို့ကို Cube Entertainment ကနေ ဖယ်ရှားလိုက်ပြီလို့ ဆိုပါတယ်။ အေဂျင်စီက “Cube Entertainment ဟာ HyunA နဲ့ E’Dawn ကို ကုမ္ပဏီကနေ ဖယ်ရှားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အများကြီးဆွေးနွေးခဲ့ပြီးတဲ့နောက် အနုပညာရှင်နှစ်ဦး ဖြစ်တဲ့ HyunA နဲ့ E’Dawn တို့နဲ့အတူ ယုံကြည်မှု သစ္စာတရားကို ပြန်လည်ထူထောင်ဖို့ မဖြစ်နိုင်တော့တဲ့အတွက် သူတို့ကို ဖယ်ရှားဖို့ ဆုံးဖြတ်လိုက်ရတာပါ” လို့ စက်တင်ဘာလ ၁၃ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

4Minute အဖွဲ့ဝင်ဟောင်း၊ အသက် ၂၆ နှစ်အရွယ် အဆိုတော် HyunA က အသက် ၂၄ နှစ်ရွယ် Triple H အဖွဲ့သား E’Dawn နဲ့ မေတ္တာမျှနေတဲ့အကြောင်း ပြီးခဲ့တဲ့လကမှ ဝန်ခံပြောဆိုထားတာပါ။ 4Minute အဖွဲ့ဝင် ဟောင်း HyunA က ချစ်သူဟာ လေ့ကျင့်သူတဦးအနေနဲ့ စတင်ဆုံတွေ့ခဲ့ကြခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ်၊ မေလမှာ ချစ်သူဖြစ်ခဲ့ကြတာ ဖြစ်တဲ့အကြောင်း Instagram မှာ ရေးသားပြောဆိုခဲ့တာပါ။

ဂီတလုပ်ငန်းတွေကို အတူတူ ဖန်တီးနေခဲ့ချိန်မှာ ဆက်ဆံရေးတိုးတက်လာခဲ့တာဖြစ်တဲ့အကြောင်း HyunA က ပြောဆိုခဲ့ပါတယ်။ E’Dawn က နာမည်နဲ့ ဖော်ပြမခံခဲ့ရပေမယ့် သူ့ရဲ့ အယ်လ်ဘမ်အတွက် ကူညီပေးခဲ့တဲ့ အကြောင်းလည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လအစောပိုင်းမှာ သူတို့နှစ်ဦးရဲ့ အချစ်ရေးကို Cube Entertainment က ငြင်းဆိုခဲ့ပေမယ့် HyunA ကိုယ်တိုင်က E’Dawn က ချစ်သူတွေဖြစ်နေတဲ့အကြောင်း ရှင်းလင်းပြောကြားခဲ့ပြီးတဲ့နောက် “Retro Futurism” အယ်လ်ဘမ်အတွက် Triple H ရဲ့ ပရိုမိုးရှင်းပွဲတွေကို ဖျက်သိမ်းပစ်ခဲ့ပါတယ်။ အဲဒီနောက် သူတို့ ချစ်သူနှစ်ဦးဟာ ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပြီး ပွဲအစီအစဉ် တော်တော်များများကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။ E’Dawn ရဲ့ မူရင်းအဖွဲ့ဖြစ်တဲ့ Pentagon ကနေလည်း ခေတ္တအနားယူခဲ့ရပါတယ်။

အေဂျင်စီကနေ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာတော့ Entertainment တခုတည်းမှာရှိတဲ့ HyunA နဲ့ E’Dawn တို့အပါအဝင် အနုပညာရှင်တွေနဲ့ အေဂျင်စီတို့ကြား အပြန်အလှန်ယုံကြည်မှု၊ သစ္စာတရားတို့နဲ့ အနုပညာရှင်တွေကို စီမံခန့်ခွဲရေးဟာ သူတို့ရဲ့ နံပါတ် ၁ ဦးစားပေးဖြစ်တဲ့အကြောင်း၊ အထုတ်ခံလိုက်ရတဲ့ အနုပညာရှင်နှစ်ဦးနဲ့ ယုံကြည်မှုကို ပြန်လည်တည်ဆောက်လို့ မရတော့တဲ့အတွက် ထုတ်ပစ်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တဲ့ အကြောင်းနဲ့ အခုအချိန်အထိ သူတို့နှစ်ဦးကို ထောက်ခံအားပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်တဲ့ အကြောင်း ဖော်ပြရေးသားထားပါတယ်။

Ref:asiaone

The post K-pop အဆိုတော် HyunA နဲ့ ချစ်သူ E’Dawn တို့ကို အေဂျင်စီမှ ထုတ်ပယ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...