Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“တခါက ဆတ်သေချောင်း”ကို အရင်ကထက် အဆ ၁၀၀ သာအောင် ရိုက်မယ်

$
0
0

စာရေးဆရာ ဖေမြင့်ရဲ့ “ဆတ်သေချောင်းရဲ့ ဒဏ္ဍာရီ” ဆိုတဲ့ ဝတ္ထုကို ရုပ်ရှင်ကားကြီးအဖြစ် ရိုက်ကူး ပုံဖော်မယ့် ဒါရိုက်တာ ဝင်းထွန်းထွန်းက ယခု ၁၅ နှစ်အကြာမှာ “တခါက ဆတ်သေချောင်း” နာမည်နဲ့ ပြန်လည်ရိုက်ကူးမှာဖြစ်ပြီး အရင်ကထက် အဆ ၁၀၀ သာစေရမယ်လို့ ပြောပါတယ်။

“ဒီကားကို ကျနေ်ာ လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက ရိုက်ခဲ့ဖူးပါတယ်။ အဲဒီတုန်းကလည်း အရမ်းအောင်မြင်ခဲ့ပါတယ်။ အောင်မြင်တဲ့ကားကို ပြန်ရိုက်တယ်ဆိုတော့ ကျနော်ကို ကျနော်တို့လောကက သူတွေကပြောပါတယ်။ မှီမှာ မဟုတ်ပါဘူးတဲ့။ အဲဒီလိုပြောတဲ့သူတွေကို ပြန်ပြောချင်ပါတယ်”

“လွန်ခဲ့တဲ့ ၁၅နှစ်တုန်းက သိခဲ့တတ်ခဲ့တဲ့ အနုပညာဟာ အခုပိုပြီး ပြည့်စုံလာတယ်လို့ အာမခံပါတယ်။ လွန်ခဲ့တဲ့ ၁၅နှစ်က ရိုက်ခဲ့တဲ ‘ဆတ်သေချောင်းရဲ့ ဒဏ္ဍာရီ’ နဲ့ အခု ၂၀၁၈ မှာ ရိုက်မယ့် ‘တခါက ဆတ်သေချောင်း’ က အပြန် ၁၀၀ လောက်သာမယ်လို့ အာမခံပါတယ်”လို့ ဒါရိုက်တာ ဝင်းထွန်းထွန်းက ပြောပါတယ်။

လွန်ခဲ့တဲ့ ၁၅ နှစ်က ဖန်တီးခဲ့တဲ့ “ဆတ်သေချောင်းရဲ့ ဒဏ္ဍာရီ” ဇာတ်ကားကိုတော့ ကြိုတင်ပြင်ဆင်မှု လုံးဝ မရှိခဲ့ဘဲ အနုပညာသက်တမ်းနုနယ်တဲ့ အချိန်မှာ ရိုက်ခဲ့ရတာဖြစ်ပြီး ထိုအချိန်က ကိုယ့်ကိုယ်ကို သတ်သေဖို့အထိ ဖြစ်ခဲ့တယ်လို့ ဒါရိုက်တာ ဝင်းထွန်းထွန်းက ပြောပါတယ်။

“လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက ဒီကားရဲ့ဇာတ်ညွှန်းကို ရိုက်ကွင်းပေါ်မှာ ရေးရတာပါ။ ကြိုတင်ပြင်ဆင်မှု လုံးဝ မရှိဘဲ ရိုက်ခဲ့ရတယ်။ ဆတ်သေချောင်းဆိုတဲ့ Location နေရာကို ရောက်သွားတဲ့အခါမှာ ကျနော်စိတ်ဓာတ်တွေကျပြီး ကားမရိုက်နိုင်ဘဲ ကိုယ့်ကိုယ်ကို သတ်သေဖို့ အထိ ကြိုးစားလိုက်တယ်။ သွားပြီဆိုပြီး စဉ်းစားလိုက်တယ်” လို့ ဒါရိုက်တာ ဝင်းထွန်းထွန်းက ဆိုပါတယ်။

အဆိုပါ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးဖို့အတွက် Pre Production ကို ၄ လခန့် ပြုလုပ်ခဲ့ပြီး ရိုက်ကူးမယ့် နေရာများကိုလည်း အသက်နဲ့ရင်းပြီး ရှာဖွေခဲ့ရတယ်လို့ သိရပါတယ်။

“လွန်ခဲ့တဲ့ ၄လလောက်ကတည်းက ဇာတ်ညွှန်းကို ပြင်ပြီးသွားပါပြီ။ Story Book ကိုလည်း ဆွဲပြီးသွားပါပြီ။ Location လည်းရပြီးသွားပါပြီ။ ကျနော်တို့ နိုင်ငံတကာနဲ့ ယှဉ်နိုင်တဲ့ အင်အား လုံးဝ မရှိပါဘူး။ နှစ် ၁၀၀ လောက် နောက်ကျခဲ့တာ လုံးဝ မယှဉ်နိုင်ပါဘူး။ ဒါပေမယ့် ယှဉ်နိုင်မယ့်နေရာကို သွားတွေ့ပါတယ်။ အင်မတန် လှပတဲ့ နေရာမှာ အင်မတန် လှပတာတွေ အများကြီး ရှိပါတယ်။ ကျနော် ကမ္ဘာကြီးကို မလည်ပတ်ပါဘူး။ ကျနော် မြန်မာပြည်ကို လည်ပတ်ပါတယ်” လို့ ဒါရိုက်တာ ဝင်းထွန်းထွန်းက ဆက်ပြောပါတယ်။

ဒါရိုက်တာ ဝင်းထွန်းထွန်း ပုံဖော်ရိုက်ကူးမယ့် “တခါက ဆတ်သေချောင်း” ရုပ်ရှင်မှာ အောင်ရဲလင်း၊ မင်းဦး၊ ရဲလေး၊ မိုးယံဇွန်၊ ပြေဇင်၊ အောင်ခိုင်၊ စိုးမြတ်သူဇာ၊ သင်ဇာဝင့်ကျော်၊ ဆုမြတ်နိုးဦး၊ သင်ဇာမြင့်မိုရ် ၊ ဝါဝါအောင်တို့ အဓိကပါဝင် သရုပ်ဆောင်မှာဖြစ်ပြီး စက်တင်ဘာလ ၂၁ရက်နေ့မှ စတင်ကာ ရှမ်းပြည်နယ် နောင်ချိုနဲ့ ကချင်ပြည်နယ် ပူတာအိုတို့မှာ သွားရောက် ရိုက်ကူးမှာ ဖြစ်ပါတယ်။

The post “တခါက ဆတ်သေချောင်း” ကို အရင်ကထက် အဆ ၁၀၀ သာအောင် ရိုက်မယ် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...