Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“လင်္ကာဒီပချစ်သူ” ပြဇာတ်နဲ့ ပတ်သက်ပြီး ဆရာချစ်ဦးညိုတို့ မိသားစုမှ တရားစွဲသွားရန် မရှိဟုဆို

$
0
0

စာရေးဆရာ ချစ်ဦးညိုရဲ့ နာမည်ကြီးဝတ္ထု “လင်္ကာဒီပချစ်သူ” ကို ဇာတ်ညွှန်း လင်္ကာညိုမှ ရေးသားထားပြီး ရုပ်ရှင် သရုပ်ဆောင် ဦးကျော်သူတို့နဲ့ ပြဇာတ်ကရန် ပြောဆိုထားပြီးကာမှ Mandalay Entertainment မှ အဆိုပါ ဝတ္ထုကို ဝယ်ယူထားကာ ပြဇာတ်ကရန် ဒါရိုက်တာ မောင်သီ၊ လူမင်း၊ မိုးဝင်း၊ ဟန်ဇာမိုးဝင်း၊ ခါရာ၊ တိုင်ရွန်၊ ဝတ်မှုံရွှေရည် စတဲ့ သရုပ်ဆောင်များနဲ့ ကပြဖျော်ဖြေသွားမယ့်အပေါ် ဆရာ ချစ်ဦးညိုရဲ့ ပရိသတ်အချို့က ဝေဖန်လျက်ရှိနေပါတယ်။

အဆိုပါ ကိစ္စနဲ့ ပတ်သက်ပြီး စာရေးဆရာ ချစ်ဦးညိုရဲ့ သားဖြစ်သူ လင်္ကာညိုကို ဧရာဝတီက ဆက်သွယ် မေးမြန်းရာ အဲဒီ ပြဇာတ်ကို စီစဉ်တဲ့ Mandalay Entertainment ကို တရားစွဲဆိုသွားဖို့ မရှိသလို စိတ်မကောင်းစွာဖြင့် နားလည် ခွင့်လွှတ်ပေးလိုက်တယ်လို့ ကိုလင်္ကာညိုက ဧရာဝတီကို ပြောပါတယ်။

“ကျနော်တို့ ပြီးခဲ့တဲ့ နှစ်က ‘လင်္ကာဒီပချစ်သူ’ကို စာချုပ်ချုပ်ခဲ့ကြတယ်။ ဒါရိုက်တာက ဇာနည်ဌေး၊ ဇာတ်ညွှန်းက ကျနော် လင်္ကာညိုပါ။ ပြီးတော့ ကကြမယ်ဆိုပြီး ကိုကျော်သူတို့နဲ့ ဇာတ်တွေ တိုက်ကြတယ်။ ဒီ Mandalay Entertainment ပါပဲ။ အခက်အခဲလေး တခုကြောင့် ပြဇာတ် ကမယ့်ရက် အကန့်အသတ် မရှိ ရွေ့သွားတယ်။ အဲ့လို ဖြစ်သွားတဲ့အချိန်မှာပဲ ကျနော်တို့ မူလ ကပြနေတဲ့သူတွေ မဟုတ်ဘဲ ကမယ်ဆိုပြီး ပိုစတာကြီး တွေ့တယ်။ ဇာတ်ညွှန်းလည်း ကျနော် မဟုတ်တော့ဘူး” လို့ လင်္ကာညိုက ဧရာဝတီကို ပြောပါတယ်။

ဆက်လက်ပြီး “အခု ရိုက်မယ့် သူတွေဆီမှာ ရောက်နေတာက ကျနော့် ဇာတ်ညွှန်း။ အခု ကပြမယ့် သူတွေကလည်း ပထမ ကပြမယ့် သူတွေ မဟုတ်တော့ဘူး။ အဲဒီလို လုပ်မယ်ဆိုတာကို ကြိုတင် အသိပေးခြင်းလည်း မရှိဘူး။ တိုင်ပင် ဆွေးနွေးခြင်းလည်း မရှိဘူး။ အဲဒီအတွက် ကန့်ကွက် လိုက်တာပါ။ အဲဒီအတွက် သူကလည်း တောင်းပန်တယ်။ ကပြဖို့ ငွေတွေလည်း လက်လွန်နေပြီ ဆိုတာနဲ့ သဘောတော့ မတူဘူး။ ဒါပေမယ့် ခွင့်ပေးလိုက်တယ်” လို့ လင်္ကာညိုက ဧရာဝတီကို ပြောပါတယ်။

“သူတို့ ကချင်ရင် က၊ ကျနော်တို့က သားအဖတွေကတော့ ဝင်ရောက် စွက်ဖက်ခြင်း မပြုပါဘူး။ ကျနော်တို့ကို အသိမပေး၊ အကြောင်းမကြားလို့ လင်္ကာဒီပချစ်သူ မိသားစုတွေက စိတ်မကောင်းလို့ တင်လိုက်ရတာပါ။ တရားစွဲဖို့လည်း မရှိပါဘူး။ ဘာမှမလုပ်ပါဘူး”လို့ လင်္ကာညိုက ဆိုပါတယ်။

အဆိုပါ ကိစ္စရပ်နဲ့ ပတ်သက်ပြီး စာရေးဆရာ ချစ်ဦးညိုရဲ့ စာဖတ် ပရိသတ်အချို့ကလည်း ဝေဖန်နေကြသလို အနုပညာရှင် အချို့ကိုလည်း ဝေဖန်နေကြပါတယ်။ အဲဒီပြဇာတ်မှာ ပါဝင်မယ့် သရုပ်ဆောင် လူမင်းတို့ကလည်း “ဒီကိစ္စကို သေချာ မသိဘူး”လို့ လင်္ကာညိုထံ ဖုန်းဆက်တယ်လို့ ဆိုပါတယ်။

လင်္ကာညိုနဲ့ သရုပ်ဆောင် လူမင်း (ဓာတ်ပုံ – လင်္ကာညို Facebook)

“ပရိသတ်တွေကလည်း တော်တော်များများက ကန့်ကွက်နေပါတယ်။ ပထမက ကျနော်တို့ အစီအစဉ် ဆွဲထားတဲ့ ပုံစံ မဟုတ်ဘဲ အခု ပုံစံတမျိုး ထွက်လာလို့ ကန့်ကွက်ကြတာ ဖြစ်ပါတယ်။ ကျနော်တို့ သူတို့နဲ့ ၃ နှစ် စာချုပ် ချုပ်ထားတဲ့ အတွင်းမှာ သူတို့ ကလို့ ရပါတယ်။ အဲဒီ အတွက်လည်း ငွေကြေး ပိုတောင်းတာတွေ ဘာတွေ မရှိပါဘူး။ သို့သော် လူပုဂ္ဂိုလ်ချင်း စာချုပ်ချုပ်စဉ်က ပြောထားတာ ဘာလဲဆိုရင် ပြဇာတ်ကမယ်ဆိုရင် အဖေ ဆရာ ချစ်ဦးညိုကို တိုင်ပင်ကြမယ်။ ကျနော်တို့ ဘာလုပ်ကြမယ်ဆိုတဲ့ ထားခဲ့တဲ့ စကားလေးတွေ ရှိတယ်”

“အဲ့စကားတွေကို ဖောက်ဖျက် ပြီးတော့ လုံးဝ အသိမပေးဘဲ ပိုစတာ ထွက်လာတော့မှ ပြဿနာတွေ တက်တော့မှ တောင်းပန်တယ်။ ကိုလူမင်းတို့လည်း ကပြဖို့ ပိုစတာတွေ တက်လာတော့ အဆဲခံနေရတယ်။ ကိုလူမင်းလည်း ကဖို့ကို သေချာ မသိတာကြောင့် ကျနော့်ကို ညကမှ ဖုန်းဆက် ပြောပါတယ်။ အခုလို ပြဿနာတွေ ဖြစ်တော့ ကိုလူမင်းတို့လည်း မကတော့ဘူးလို့ ပြောပါတယ်။ ကျနော်တို့ “လင်္ကာဒီပချစ်သူ”ကို ပြဇာတ်ကခွင့် ရရင်တော့ ပရိသတ် အားရကျေနပ်အောင် အကောင်းဆုံး ကပြသွားမှာပါ”လို့ လင်္ကာညိုက ပြောပါတယ်။

အဆိုပါ “လင်္ကာဒီပချစ်သူ” ပြဇာတ်ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့၊ မန္တလေးတိုင်းဒေသကြီး လူမှုရေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ် စောင့်ရှောက်ရေး ရန်ပုံငွေပွဲတော်မှာ ကပြ ဖျော်ဖြေသွားမယ်လို့ ကြေညာထားပြီး Mandalay Entertainment မှ စီစဉ်သည့် အဆိုပါပွဲကို လက်မှတ်ခများအနေဖြင့် ဈေးနှုန်း ၁ သောင်းခွဲ၊ ၃ သောင်း၊ ၅ သောင်းကျပ် အသီးသီး ရှိတယ်လို့ ကြော်ငြာပိုစတာမှာ ပါရှိပါတယ်။

The post “လင်္ကာဒီပချစ်သူ” ပြဇာတ်နဲ့ ပတ်သက်ပြီး ဆရာချစ်ဦးညိုတို့ မိသားစုမှ တရားစွဲသွားရန် မရှိဟုဆို appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...