Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ပရိတ်သတ်နဲ့ အနီးဆုံးနေချင်တဲ့ အေးမြတ်သူ

$
0
0

သရုပ်ဆောင်အေးမြတ်သူက “ ၂၄ နာရီ ၁ ချစ်“ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားပြီး MRTV-4 ကနေ ထုတ်လွှင့် ပြသနေတဲ့ “ မိုးကောင်းကင်အိမ်မက်“ ဇာတ်ကားမှာတော့ “ နေခြည်ဝင့်ထည် “ ဆိုတဲ့ ဗီလိန်မိန်းမနေရာက သရုပ်ဆောင်ထားပါတယ်။

“၂၄ နာရီ ၁ ချစ်” က ၂၀၁၅ ခုနှစ်က ရိုက်ထားတာ ကာရိုက်တာကတော့ အခုလက်ရှိအေးမြတ်သူ ကာရိုက်တာနဲ့ တူသလောက်ရှိတယ်။ အပျိုကြီး ချစ်သူကို အရမ်းချစ်တာ ချစ်သူက ဘယ်မှာမှန်းလဲ မသိဘူး။ ဘယ်သူမှန်းလဲ မသိဘူး။ ရည်းစားကို အရမ်းအမွှန်းတင်တဲ့ အပျိုကြီးပေါ့နော်။ ၂၀၁၅ ခုနှစ်က ကားကြီးမရိုက်ဖြစ်ဘဲ အခုမှပထမဆုံးပြန်ရိုက်ရတဲ့ ဇာတ်ကားကြီးပါ။ ဒီဇာတ်ကားက ရိုမန့်ဟာသကားလေးပါ”

“ မိုးကောင်ကင်အိပ်မက်” ဇာတ်ကားမှာ တကယ့် အမုန်းခံရတဲ့ ကာရိုက်တာ ခက်ဆိုးဆိုးလေးမှာ ပရိသတ်က အမုန်းခံရတော့ ကိုယ်အားစိုက်ခဲ့တာလေး အရာထင်တယ်လို့ ခံစားရပါတယ်။ ပရိသတ် မမုန်းဘဲ ဟိုမရောက် ဒီမရောက်ဖြစ်နေရင် သရုပ်ဆောင်မှု ညံ့ဖျင်းလို့ ကိုယ့်ကြိုးစားမှု ညံ့ဖျင်းလို့ပေါ့” လို့ အေးမြတ်သူက ဆိုပါတယ်။

ဗီလိန်ဇာတ်ကောင်များကို သရုပ်ဆောင်တဲ့အခါ ပရိသတ်မုန်းတာခံရပေမယ့် ဇာတ်ကောင်ပီပြင်ဖို့အတွက် ကြိုးစားပြီးသရုပ်ဆောင်ထားတယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာ ဗီဒီယို ဇာတ်ကားတွေ ရှားသွားပြီး ရုပ်ရှင်ရုံကြီးတွေ မရှိတဲ့နေရာမှာ တီဗီချန်နယ်တွေကလာတာကို ပရိသတ်တွေကအလေးထားပြီး ကြည့်ရတာဖြစ်နေတဲ့အတွက် ပရိသတ်နဲ့ နီးချင်တာကြောင့်ဗီလိန် ဇာတ်ရုပ်ကို ရိုက်ကူးခဲ့တယ်လို့ ဆိုပါတယ်။

“ဗီလိန်ဇာတ်ရုပ်ကို ဘာလို့ရိုက်လဲဆိုတော့ ပရိသတ်နဲ့ အနီးဆုံးနေရာမှာ ရှိချင်လို့ပါရှင့်။ အေးမြတ်သူမရိုက်လည်းရတဲ့ ဇာတ်လမ်းမျိုးပါ။ ဒါပေမယ့် ပရိသတ်ကိုချစ်တယ်။ ပရိသတ်နဲ့ အနီးဆုံးမှာ နေချင်တယ်”

“ ဒီဘက်ခေတ်မှာ ဗီဒီယိုကားတွေက အနည်းငယ်ရှားသွားပြီ။ ရုပ်ရှင်ရုံကြီးတွေ မရှိတဲ့ နေရာမှာ တီဗီကလာတာကို အားလုံးကအလေးထားပြီး ကြည့်ရတာဖြစ်နေတဲ့အခါကျတော့ အနယ်နယ်အရပ်ရပ် တီဗီရှိတဲ့ အိမ်တိုင်းမှာ ဒီဇာတ်လမ်းတွဲ ကို ကြည့်ခွင့်ရသလို ဒါကို မလေးရှားတို့၊ ယိုးဒယားတို့၊ စင်္ကာပူတို့မှာ ရောက်နေတဲ့ မြန်မာတွေကလည်း Pyone Play ကနေကြည့်ကြတဲ့အခါ အေးမြတ်သူ ဒီဇာတ်ကားလေးကို လက်ခံလိုက်တာ မှန်တယ်လို့ ခံစားရတယ်”

“ တဖက်ကလည်း ပရိသတ်တွေစိတ်ထဲမှာရောက်နေလို့ ပျော်သလို တဖက်ကလည်း ဒီကာရိုက်တာနဲ့ ငါ့ကို မျက်မုန်းကျိုးသွားမလား မုန်းသွားမလားတော့ စိုးရိမ်မိတယ်” လို့ပြောပါတယ်။

အေးမြတ်သူက လက်ရှိမှာတော့ ဇာတ်ကားများစွာကို ရိုက်ကူးနေပြီး သူမပါဝင်သရုပ်ဆောင်ထားတဲ့ “ ချူဆီ” ဇာတ်ကားကလည်း မကြာခင်ရုံတင်ပြသနေပြီဖြစ်ပါတယ်။

The post ပရိတ်သတ်နဲ့ အနီးဆုံးနေချင်တဲ့ အေးမြတ်သူ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...