Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“အေးအေးဆေးဆေးနဲ့ ပုံမှန်လေးနေရတာကို ကြိုက်တယ်”

$
0
0

အနုပညာလောကထဲမှာ ဖြည်းဖြည်းမှန်မှန်နဲ့ အနုပညာအလုပ်များကို လုပ်နေတဲ့ သရုပ်ဆောင်မိုးယံဇွန်ကတော့ သူ့ပုံစံကို ပရိသတ်တွေက အားမလိုအားမရ ဖြစ်ကြသလို သဘောကျကြတဲ့သူတွေလည်းရှိပေမယ့် သူကိုယ်တိုင်ကတော့ အေးအေးဆေးဆေးနဲ့ ပုံမှန်လေးနေရတာကို ကြိုက်တယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ကျနော်က အေးအေးဆေးဆေးနဲ့ ကိုယ်လုပ်တဲ့အလုပ်လေးကို လုပ်နေရတာကို ကြိုက်တယ်။ ဒါကျနော့်ပုံစံ ၊ ကျနော့် ခံယူချက် တခြားသူတွေရဲ့အမြင်မှာ အားမလိုအားမရဖြစ်ချင်ဖြစ်မယ်။ သဘောကျတာဖြစ်မယ်။ မကျတာ လည်းဖြစ် မယ်။ ဒါကတော့ သူတို့တွေရဲ့အပိုင်းပေါ့။ ကျနော့်ပရိသတ်တွေထဲမှာလည်း အားမလိုအားမရဖြစ်တာတွေရှိတယ်။ ဒီတိုင်းလေးကိုပဲ ပုံမှန်လေးသွားစေချင်တဲ့ ပရိသတ်တွေရှိတယ်။ အများကြီးပဲပေါ့။ အခုနေနေတဲ့ပုံစံကတော့ ကျနော် ကြိုက်တဲ့ပုံစံပေါ့” လို့ မိုးယံဇွန်က ပြောပါတယ်။

မိုးယံဇွန်က ရုပ်ရှင်ဇာတ်ကားများရိုက်ကူးရာမှာ ပညာတတ်သူဌေးသား ၊ စစ်ဗိုလ်ပုံစံများ ၊ ယူနီဖောင်းဝတ်ရတဲ့ ကာရိုက်မျိုးနဲ့ပဲ တွေ့ရတာများတဲ့အတွက် အဲဒါတွေနဲ့ ကွဲထွက်တဲ့ပုံစံမျိုးကို မြင်ရဖို့ရှိလားဆိုတဲ့အပေါ် အခုလို ပြောပါတယ်။

“ငယ်ပါသေးတယ်” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားထဲမှာ ဗီလိန်ကာရိုက်တာမျိုးနဲ့ သရုပ်ဆောင်ထားပါတယ်။ အဲဒီကား ထွက်လာရင် ကျနော့်ကို လူလိမ္မာ ဇာတ်ရုပ်တို့ ယူနီဖောင်းတွေဝတ်တဲ့ ကာရိုက်တာမျိုးနဲ့မတူတဲ့ပုံစံမျိုးနဲ့ မြင်တွေ့ ရမှာပါ”လို့ မိုးယံဇွန်က ပြောပါတယ်။

မိုးယံဇွန်က မကြာခင်မှာလည်း စာရေးဆရာဖေမြင့်ရဲ့ နာမည်ကြီး ဝတ္ထုကို ရုပ်ရှင်အဖြစ်ဖန်တီးမယ့် “တခါက ဆတ်သေချောင်း” ဆိုတဲ့ ရုပ်ရှင်ကားမှာ ဘိလပ်ပြန် ကျောင်းဆရာတယောက်အနေနဲ့ သရုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

“တခါကဆတ်သေချောင်းထဲမှာ မကြီးစိုးရဲ့ သား ၃ယောက်ထဲက အလတ်နေရာက သရုပ်ဆောင်ရမယ်။ နောက်ပြီး တော့ ဒီကားထဲမှာ ပါဝင်မယ့် ကျနော့်ကာရိုက်တာက ၁၉၆၀ခုနှစ်လောက်က ဘိလပ်တက္ကသိုလ်မှာ ဘွဲ့ရပြီးတော့ ကိုယ့်ရွာမှာ ကျောင်းဆရာပြန်လုပ်တဲ့ ပညာတတ်ကာရိုက်တာမျိုးပါ” လို့ မိုးယံဇွန်က ပြောပါတယ်။

ယခုအချိန်မှာ သရုပ်ဆောင်ချင်တဲ့ ဇာတ်ကောင်ထက် လိုက်ဖက်မယ့်ပုံစံနဲ့ လာရောက်ကမ်းလှမ်းသော ဇာတ်ရုပ်များကိုသာ ရိုက်ကူးရတာပိုများပြီး အဲဒီထဲကမှ လုပ်နိုင်မယ့်ဇာတ်ရုပ်ကို လက်ခံရိုက်ကူးဖြစ်တယ်လို့ ဇာတ်ရုပ်ရွေးချယ်မှုအပိုင်းကို ပြောပြခဲ့ပါတယ်။

“ကျနော့်စိတ်ထဲမှာတော့ အများကြီးရှိပါတယ်။ ဒါပေမယ့် ခက်တာက အခုအခြေအနေမှာ ကိုယ်ရွေးချယ်ချင်တဲ့ ဇာတ်ကောင်ထက် ကျနော်နဲ့လိုက်မယ်ဆိုပြီး ကျနော့်ကိုလာရွေးတဲ့ဇာတ်ကောင်တွေက ပိုများတယ်။ အဲဒီထဲကကိုပဲ ကျနော်လုပ်နိုင်မယ်ထင်တဲ့ဟာကိုပဲ လက်ခံဖြစ်နေတာပေါ့”

“တချိန်ချိန်ကျရင်တော့ ကျနော်လုပ်ချင်တဲ့ ဇာတ်ကောင်ကို ပုံဖော်ပြီးလုပ်မှာပေါ့။ အခုကျတော့ ကျနော်နဲ့လိုက်တယ်ဆိုပြီး လာရွေးချယ်တာနဲ့ပဲ ကြုံနေရတဲ့အခါကျတော့ လောလောဆယ်တော့ ဒီအတိုင်းကိုပဲ အကောင်းဆုံးကြိုးစားနေရဦးမှာပဲ” လို့ မိုးယံဇွန်က ပြောပါတယ်။

မိုးယံဇွန်ကတော့ ယခုနှစ်အတွင်း သူပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားများစွာ ရုံတင်ဖို့အတွက် ရှိသေးတယ် လို့ သိရပါတယ်။

The post “အေးအေးဆေးဆေးနဲ့ ပုံမှန်လေးနေရတာကို ကြိုက်တယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...