Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

သရုပ်ဆောင်အသစ်တွေကို သည်းခံဖို့ပြောတဲ့ ဇဏ်ခီ

$
0
0

“ဥပါယ်တံမျဉ်” ၊ “ မုဒြာခါ်သံ” ဇာတ်ကားများနဲ့ ပရိသတ်အားပေးမှုရရှိလာခဲ့ သရုပ်ဆောင်ဇဏ်ခီဟာ Central Base Production က “ Now & Ever” ဇာတ်ကားနဲ့ “ သီတာ” ဇာတ်ကားမှာ သရုပ်ဆောင်အသစ်များနဲ့ တွဲဖက် သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။

Central Base Production က သရုပ်ဆောင်သစ်များကို ခေါ်ယူနေပြီး သရုပ်ဆောင်ဖြစ်ဖို့ ကြိုးစားနေတဲ့ သူတွေကို ဇဏ်ခီက သည်းခံနိုင်အောင်ကြိုးစားဖို့လိုကြောင်း ဧရာဝတီကို ပြောပါတယ်။

“ဥပါယ်တံမျဉ်“ ရိုက်ခဲ့တဲ့ Central Base Production က “ Now & Ever” ဇာတ်ကားအတွက်ရော “ သီတာ” ဇာတ်ကားအတွက်ရော TV Series တွေ အတွက်ရော သရုပ်ဆောင်တွေ လိုနေတော့ ကာရိုက်တာနဲ့ ဘယ်သူတွေလိုက်မလဲ ဆိုပြီး ရှာနေတာပါ။ ကျနော်နဲ့လည်း တွဲဖက်သရုပ်ဆောင်ရမှာပါ။ လူရွေးချယ်ရာမှာတော့ မပါပါဘူး။ ကျနော်သရုပ်ဆောင်နေရာမှာပဲ တာဝန်ယူထားပါတယ်”

“အဓိကကတော့ သရုပ်ဆောင်နဲ့ အသက်မွေးဖို့ဆိုရင် အရမ်းခက်ပါတယ်။ ပါရမီရှိတာ တခုတည်းနဲ့လည်းမရပြန်ဘူး။ အရမ်းသည်းခံနိုင်ရတယ်။ ကိုယ့်ရဲ့ အချိန်မရောက်မခြင်း တောင့်ခံနိုင်ရတယ်။ ကိုယ့်ရဲ့အချိန်ရောက်လာပြီဆိုရင်လည်း တကယ်အလုပ်ခွင်မှာလုပ်ပြီ ဆိုရင်လည်း ရုပ်ရှင်ရိုက်တာ အရမ်းခက်တယ်။ အထူးသဖြင့် ပြောင်းလဲတဲ့ဘက်ကို သွားနေတဲ့သူတွေ အတွက်က တကားရိုက်ပီဆို အနည်းဆုံး သုံးလေးလလောက်ကြာတယ်။ ငါးလခြောက်လလည်း ကြာသွားတတ်တယ်။ အဲ့အလုပ်လုပ်ချိန်မှာ ရေရှည်လုပ်ဖို့ သည်းခံနိုင်မှုလည်း လိုအပ်တယ်။ ကျနော်ကတော့ သရုပ်ဆောင်ဖြစ်ဖို့ ကြိုးစားနေတဲ့ သူတွေကို ပြောချင်တာက သည်းခံနိုင်အောင် ကြိုးစားပါ” လို့ ဆိုပါတယ်။

ကြိုးစားတဲ့အခါ ပါရမီမလျော့အောင်နဲ့ မင်းသားဖြစ်မှ မင်းသမီးဖြစ်မှ ဆိုပြီး စိတ်မထားစေချင်ကြောင်းလည်း ဇဏ်ခီကဆိုပါတယ်။ မြန်မာ့ရုပ်ရှင် လောကကတော့ ရှေ့လျှောက်ကောင်းလာဖို့ရှိကြောင်း ပရိသတ်တွေကလည်း အကောင်းတွေကြိုက်လာကြတဲ့အတွက် ကောင်းအောင်ရိုက်ပြရမယ်ဆိုတဲ့ စိတ်လေးတွေရှိသင့်ကြောင်း ဇဏ်ခီပြောပါတယ်။

“ မြန်မာ့ရုပ်ရှင်လာကကတော့ ရှေ့လျှောက်ကောင်းလာဖို့ဖြစ်လာမှာပါ။ ၂၀၁၈ခုနှစ် အစမှာပဲ အရွေ့တခုရှိတယ်လို့ ကျနော်မြင်တယ်။ ပရိသတ်ကလည်း ခုနောက်ပိုင်း ကောင်းမှကြိုက်တဲ့ ပရိသတ်များလာတယ်။ အဲ့တာအရမ်းကောင်းတဲ့ အရွေ့တခုလို့ ကျနော်မြင်တယ်”

“ ရှေ့လျှောက်လည်း ကျနော်မြင်တာ ထုတ်လုပ်သူတွေရော တိုက်တွေရော ရုပ်ရှင်ရိုက်တော့မယ်ဆိုရင် အရင်နဲ့ မတူတာတခုကခါင်းထဲမှာ ကောင်းအောင်ရိုက်မှ ဖြစ်တော့မယ်ဆိုတဲ့ စိတ်ကလေးတော့ ရှိလာလောက်ပြီလို့ ထင်ပါတယ်။ ပရိသတ်ကလည်း ကောင်းတာ အရမ်းကြိုက်တတ်လာပြီ။ သီချင်းခွေထွက်ဖို့လည်း လုပ်နေတယ်။ ဒီနှစ်ကုန်လောက် ထွက်နိုင်မလား ကျနော်မပြောတတ်သေးဘူး’’ လို့ ပြောပါတယ်။

ဇဏ်ခီဟာ ခုချိန်မှာတော့ Now & Ever ဇာတ်ကားမှာ သီဟနေရာက ရိုက်ကူးသရုပ်ဆောင်မှာဖြစ်ပြီး လတ်တလောမှာတော့ ကြော်ငြာတွေရော သီချင်းအခွေထွက်ဖို့ပါ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

The post သရုပ်ဆောင်အသစ်တွေကို သည်းခံဖို့ပြောတဲ့ ဇဏ်ခီ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...