Kit ဆိုတဲ့ ကောင်မလေးဟာ သူမအသက် ၉ နှစ်အရွယ်ကတည်းက သူမရဲ့ ဖခင်ကို ဆုံးရှုံးခဲ့ရတဲ့ စိတ်နဲ့ ကြီးပြင်း အရွယ်ရောက်လာသူတဦးဖြစ်ပါတယ်။ ဆယ်ကျော်သက်ပီပီ ဇွတ်တရွတ်နိုင်တဲ့ Kit ဟာ စိတ်ကျန်းမာရေးဆရာဝန်နဲ့ အပတ်စဉ်တွေ့နေရသူ တဦးလည်းဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ ဘလက်ခ်ဝုဒ် ဆိုတဲ့ ကျောင်းတခုကနေ သူမကို လာရောက်ပညာသင်ကြားဖို့ ရွေးချယ်ခံရပါတော့တယ်။
သူမကိုယ်တိုင်က မတက်ရောက်ချင်ပေမဲ့ သူမမိခင်ရဲ့ ဖြောင်းဖျမှုကြောင့် ဘလက်ခ်ဝုဒ်ကျောင်းကို ရောက်ရှိသွား ပါတော့တယ်။ ကျောင်းရဲ့ စည်းကမ်းတွေကတော့ ဖုန်းခေါ်ဆိုမှုကို သတ်မှတ်ထားတဲ့ ကာလမှသာ တကြိမ်တိတိ ခေါ်ဆိုခွင့်ရှိပြီး အင်တာနက်မရှိတဲ့ တောအုပ်တွေဘက်မှာ တည်ဆောက်ထားတာလည်းဖြစ်ပါတယ်။
ဒါ့အပြင် ကျောင်းမှာ ကန့်သတ်နယ်မြေတခုအဖြစ် ဘယ်သူ့ကိုမှ ဝင်ရောက်ခွင့်မပေးထားတာကလည်း စိတ်ဝင်စားစရာ ကောင်းနေပါသေးတယ်။ Duret ကတော့ ဘလက်ခ်ဝုဒ်ရဲ့ ကျောင်းအုပ်တယောက်ဖြစ်ပြီး ဆိုးသွမ်းနေတဲ့ ကောင်မလေးတွေကို သူ့အနေနဲ့ လက်ခံလိုက်ရခြင်းကတော့ ကောင်မလေးတွေရဲ့ တိမ်မြုပ်နေတဲ့ ပါရမီတခုခုကို ရှာဖွေတွေ့ရှိဖို့နဲ့ လူဆိုးမလေးတွေအဖြစ် လှောင်ပြောင်ခံရခြင်းကနေ ကယ်တင်ဖို့လို့ ဆိုပါတယ်။
ကျောင်းရဲ့ အစ ကနဦးနေ့ရက်တွေမှာ သိပ်စိတ်ဝင်စားစရာမရှိပေမယ့် အချိန်ကြာလာတာနဲ့အမျှ လက်သည်းနီတောင် မဆိုးတတ်တဲ့ ကောင်မလေးတယောက်ဟာ အဆင့်အတန်းမြင့်ပန်းချီကားတွေဆွဲနိုင်လာပြီး Kit ကတော့ သူတောင် နားမထောင်ဖူးတဲ့ သီချင်းတပုဒ်ကို ငြိမ့်ငြိမ့်ညောင်းညောင်းတီးခတ်နိုင်လာပါတော့တယ်။
ဒီဇာတ်လမ်းရဲ့ အဓိက ဆွဲဆောင်မှုကတော့ ဘာလို့ အခုလိုကျောင်းသူလေးတွေဟာ နေ့ချင်းညချင်း အနုပညာ ဘာသာရပ် တွေမှာ ထူးချွန်လာတယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ IMDb rating 5.2 ရရှိထားပြီး လျှို့ဝှက်ချက်တွေ အပြည့်နဲ့ Down a Dark Hall ကို ရုပ်ရှင်ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ရပါတယ်။
The post ဘလက်ခ်ဝုဒ်ကျောင်းရဲ့ ထိတ်လန့်ဖွယ် လျှို့ဝှက်ချက်များအကြောင်း appeared first on ဧရာဝတီ.