Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ကိုယ်ပေးရတဲ့အချိန်နဲ့ တန်တဲ့ဇာတ်ကားမျိုးပဲ ရွေးပြီးရိုက်တော့မယ်”

$
0
0

အနုပညာအလုပ်များနဲ့ ဝေးကွာနေတဲ့ သရုပ်ဆောင်မိုးဟေကိုက “၂၄နာရီ ၁ချစ်” ဇာတ်ကားမှာ ပြန်လည် ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။ မိခင်ကျန်းမာရေးကြောင့် အနုပညာအလုပ်များနဲ့ ဝေးကွာနေရတာဖြစ်တယ်လို့လည်း မိုးဟေကိုက ဆိုပါတယ်။

“၂၄နာရီ၁ချစ် ဇာတ်ကားလေးကတော့ လူငယ်အချစ် ဖန်စီဟာသလေးပါပဲ။ ဇာတ်လမ်း တခုရိုက်မယ်ဆိုရင် ဘယ်ဟာပဲ ဖြစ်ဖြစ် ပြင်ဆင်ရပါတယ်။ ထွေထွေထူးထူးတော့ ပြင်ဆင်ရတာမရှိပါဘူး။ ကာရိုက်တာမထပ်အောင် ပြင်ဆင်တာထက် ပရိသတ်က ဘယ်ဟာတွေကြိုက်လဲ ပရိသတ်အကြိုက်ကိုလည်း လိုက်တယ်။ ကိုယ့်အကြိုက်လည်း ကိုယ်ရွေးပြီးရိုက်တယ်။ အားလုံးမျှအောင်ရိုက်ပါတယ်”

“အခု ကျမအနေနဲ့ ကားရိုက်တွေ အများကြီးလျော့တယ်။ မိခင်ကျန်းမာရေးကြောင့် ကိုယ်အရမ်းအချိန်ပေးရတာနဲ့ တန်တဲ့ ဇာတ်ကားမျိုးကိုပဲရွေးပြီးရိုက်တော့တယ်။ နောက်နှစ်တော့ ကိုယ်အချိန်ပေးရတာလည်း တန်တယ်။ ပရိသတ်ကြည့်ရှုရတာလည်း တန်တယ်။ ကိုယ်လည်း တကယ် စိတ်ဝင်စားပြီးရိုက်ချင်တဲ့ ကားတွေကို နောက်နှစ်ကစပြီးရိုက်ဖို့ ပြင်ဆင်ထားပါတယ်” လို့ မိုးဟေကိုက ဆိုပါတယ်။

“မိုးရုပ်ရှင် ထုတ်လုပ်ရေး” ကနေလည်း ဒီနှစ်မှာ ဇာတ်ကားတွေ ရုံတင်ဖို့ရှိကြောင်း ဇာတ်ကားရိုက်ကူးသည်ဖြစ်စေ မရိုက်ကူးသည် ဖြစ်စေ အားပေးနေတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း မိုးဟေကိုကပြောပါတယ်။

“မိုးရုပ်ရှင် ထုတ်လုပ်ရေးကနေရုံတင်မယ့် ကားတွေရှိပါတယ်။ ၂၀၁၉ ခုနှစ်မှာလည်း ရိုက်ဖို့ စီစဉ်ထားတာတွေ ရှိပါတယ်။ မိုးတော့ မပါပါဘူး။ အဓိကက ဘယ်ချိန်ပဲရုံတင်ရုံတင် ပရိသတ်တွေ ကြိုက်နိုင်မယ့် ဇာတ်ကိုပဲရွေးပြီးရိုက်ပါမယ်ရှင်။ အသက်၃၀ကျော်ပြီဆိုတော့ ကားရိုက်တွေလည်း မရိုက်ချင်တော့ဘူး။ လျော့ချင်ပြီ၊ မိုးရိုက်သည်ဖြစ်စေ မရိုက်သည်ဖြစ်စေ မိုးကို အားပေးနေတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ် လို့ပြောချင်ပါတယ်” လို့ ဆိုပါတယ်။

မိုးဟေကို က လက်ရှိမှာတော့ဇာတ်ကားများရိုက်ကူးမှုနည်းသွားပြီး “မိုးရုပ်ရှင် ထုတ်လုပ်ရေး” နှင့် “Moe fabric house” အထည်ဆိုင်ကို ဦးစီးလုပ်ကိုင်နေသူ ဖြစ်ပါတယ်။

The post “ကိုယ်ပေးရတဲ့အချိန်နဲ့ တန်တဲ့ဇာတ်ကားမျိုးပဲ ရွေးပြီးရိုက်တော့မယ်” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles