ဟောလိဝုဒ်မင်းသမီး Dakota Johnson ဟာ မင်းသား Chris Hemsworth ရဲ့ အမိုက်စားခန္ဓာကိုယ်ကြောင့် အံ့သြခဲ့ရဖူးတယ်လို့ ဆိုပါတယ်။
Coldplay တီးဝိုင်းမှ Chris Martin နဲ့ တွဲနေတဲ့ အသက် ၂၈ နှစ်အရွယ် မင်းသမီးဟာ “Bad Times at the El Royale” ဆိုတဲ့ ရုပ်ရှင်မှာ မင်းသား Chris နဲ့ အတူတူ ပါဝင်သရုပ်ဆောင်ထား တာ ဖြစ်ပြီး မင်းသားအကျၤီချွတ် လိုက်တဲ့ ဇာတ်ဝင်ခန်းအကြောင်း ပြန်ပြောင်း ပြောပြခဲ့ပြီး သူ့အနေနဲ့ ထူးထူးခြားခြား အံ့သြခဲ့ရတယ်လို့ ပြောဆိုလိုက်ပါတယ်။
ကလေး ၃ ဦးရဲ့ ဖခင် မင်းသား Chris အကြောင်း ပြောပြရာမှာတော့ မင်းသမီး Dakota က “သူ့ခန္ဓာကိုယ်က အမိုက်စားပဲ။ ကြည့်လိုက်တာနဲ့ ရူးမတတ်ဖြစ်ရလို့ မယုံကြည်နိုင်လောက်အောင်ပါပဲ။ သူ့ရှပ်အကျၤီက ကြယ်သီးချွတ်ထားတာပါ။ ရိုက်ကွင်းက ဘယ်သူ့ကို အာရုံမစိုက်နိုင်လောက်အောင်ပါပဲ” လို့ ပြောဆိုခဲ့ပါတယ်။
“Fifty Shades of Grey” ရုပ်ရှင်မင်းသမီးက အသက် ၃၅ နှစ်အရွယ်မင်းသား Chris အနေနဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ မုန့်တွေကို စားနေတာကို မြင်တွေ့ရတဲ့အခါ သူကိုယ်တိုင်က ခန္ဓာကိုယ်ကို ထိန်းသိမ်းဖို့ အချိန် ၃ လလောက် အစိမ်းရောင် အစားအစာတွေကို စားသုံးခဲ့ရတဲ့အတွက် အထူးအဆန်းဖြစ်နေခဲ့တယ်လို့ ဆိုပါတယ်။
Vogue Australia မဂ္ဂဇင်းနဲ့ ပြောဆိုရာမှာတော့ မင်းသမီးက “Smarties ချောကလက်တပန်းကန်လောက် သူ (မင်းသား Chris) စားနေတာကို မြင်လိုက်ရတဲ့အခါ ရှင်ဘာတွေစားနေတာလဲ။ ကျမက ချိုတာတွေ တခုမှစားလို့မရဘူး။ ဂျင်းဘောင်း ဘီဝတ်လို့ရအောင် အချိန် ၃ လလောက် အစိမ်းရောင်ရှိတဲ့အစားအစာတွေကို စားခဲ့ရတယ်လို့ ပြောလိုက်ရသေးတယ်။ သူစားချင်တာကို စားရတဲ့အခါ တကယ့်ကို မျက်နှာက ပြုံးဖြီးနေတာပါပဲ။ တကယ့်ကို ရူးလောက်ပါတယ်” လို့ ပြောကြား ခဲ့ပါတယ်။
အခုလိုမျိုး မင်းသမီးက တွဲဖက် မင်းသား Chris အပေါ်မှာ အံ့သြမိတဲ့အကြောင်း ပြောခဲ့တာ ဒါပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး။ မကြာသေးခင်ကပဲ မင်းသားရဲ့ ခန္ဓာကိုယ်ကြောင့် စိတ်အာရုံထွေပြားရတာမလို့ ရုပ်ရှင်ထဲမှာ မင်းသားကို အကျီချွတ်စေတာဟာ အမှားကြီးတခုပဲလို့ ဟာသနှောပြီး ပြောခဲ့ပါသေးတယ်။
သူက “သူ (မင်းသား Chris )ကို အကျၤီချွတ်ခိုင်းတာ အမှားကြီးတခုကို ကျူးလွန်လိုက်သလိုပဲလို့ ကျမ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကြည့်လိုက်ရင် အလွန်အံ့သြဖို့ကောင်းလိမ့်မယ်။ အားကျဖို့ ကောင်းလိမ့်မယ်။ သူကတော့ တခြားလူတွေ အဲဒီလိုဖြစ်တာနဲ့ ပတ်သက်လို့ သိချင်မှ သိလိမ့်မယ်။ အဲဒါကတော့ ကျမအတွက်တော့ တော်တော်ကြီးကို စိတ်ထိခိုက်စရာကြီးပေါ့” လို့ ပြောကြားခဲ့ပါတယ်။
Ref:contactmusic
The post မင်းသား Chris Hemsworth ရဲ့ ခန္ဓာကိုယ်ကြောင့် အံ့သြခဲ့ရတဲ့ မင်းသမီး Dakota Johnson appeared first on ဧရာဝတီ.