Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

Superman အဖြစ် မင်းသား Nicolas Cage သရုပ်ဆောင်ဖို့ ပရိသတ်များ လိုလားနေ

$
0
0

ပြီးခဲ့တဲ့ သီတင်းပတ်မှာ မင်းသား Henry Cavill က Superman အဖြစ် သရုပ်ဆောင်မှုကနေ နုတ်ထွက်လိုက်ပြီ ဆိုတဲ့ သို့လောသို့လော သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း Warner Bros. ရုပ်ရှင်ထုတ်လုပ်ရေး ကနေ နောက်ထပ်ရိုက်ကူးမယ့် Superman ရုပ်ရှင်နဲ့ပတ်သက်လို့ ဆုံးဖြတ်ချက် တစုံတရာ ချမှတ်ထားတာ မရှိသေးတဲ့အကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီသတင်းတွေကြောင့် ပရိသတ်တွေက သံမဏိ လူသား Superman ရဲ့ ရုပ်ရှင်တွေနဲ့ ပတ်သက်ပြီး ရှုပ်ထွေးမှုတွေ ရှိလာခဲ့တာပါ။ ဒါပေမယ့် မင်းသား Cavill သာ လက်ရှိဇာတ်ရုပ်ကနေ နုတ်ထွက်သွားမယ်ဆိုရင် နောက်ထပ် Superman အဖြစ် သရုပ်ဆောင်ဖို့ ခန့်ထားမယ့် သရုပ်ဆောင်ထဲမှာ မင်းသား Nicolas Cage ကို ရွေးချယ်ပေးခဲ့ကြတာကို တွေ့ရပါတယ်။

ဒါ့အပြင် ပရိသတ်တွေက ရွေးချယ်ပေးခဲ့ကြတဲ့ အကြောင်းအရင်းတခုထဲမှာ မင်းသား Cage ဟာ လွန်ခဲ့တဲ့ နှစ် ၂ဝ လောက်တုန်းက ဒါရိုက်တာ Tim Burton ရိုက်ကူးခဲ့တဲ့ “Superman Lives” ရုပ်ရှင်မှာ Superman အဖြစ် ပါဝင်သရုပ်ဆောင်ရလုနီးပါး ဖြစ်ခဲ့တာလည်း ပါဝင်ပါတယ်။

ဒါပေမယ့် ရိုက်ကူးခဲ့ခြင်းမရှိခဲ့တဲ့ အဲဒီရုပ်ရှင်ဟာ “The Death of Superman Lives: What Happened” ဆိုတဲ့ မှတ်တမ်းရုပ်ရှင်အတွက် Superman ဝတ်စုံနဲ့ ရိုက်ကူးခဲ့တဲ့ မင်းသား Cage ရဲ့ ဓာတ်ပုံတွေကြောင့် နှစ်အနည်းငယ် လောက် လူပြောများခဲ့တာပါ။

အဲဒီလိုမျိုး ထည့်သွင်းစဉ်းစားရမယ့် အကြောင်းအချက်တွေကြောင့် မင်းသား Cage အနေနဲ့ Superman အဖြစ် သရုပ်ဆောင်ဖို့ ကမ်ပိန်းတခုကို ပရိသတ်တွေက Twitter မှာ ဖန်တီးခဲ့ကြပါတယ်။

၂၀၁၇ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ တိုရွန်တိုနိုင်ငံတကာရုပ်ရှင်ပွဲတော်အတွင်းမှာ မင်းသား Cage ဟာ သူရိုက်ကူးခဲ့ရခြင်းမရှိခဲ့တဲ့ Superman ရုပ်ရှင်အကြောင်း ဆွေးနွေးခဲ့ပါတယ်။

မင်းသား Cage က “Tim နဲ့ ကျနော် ဖန်တီးရမယ့် ရုပ်ရှင်အတွက် ကမ်းလှမ်းခံခဲ့ရတာဟာ စိတ်ကူးထဲမှာဆိုရင် တခြား Superman ရုပ်ရှင်တွေထက် ပိုပြီး အင်အားကောင်းခဲ့တာပါ” လို့ ပြောဆိုခဲ့ပါတယ်။

အဲဒီရုပ်ရှင်ကို ရိုက်ကူးခဲ့ရတာမရှိပေမယ့် ပရိသတ်တွေ ရဲ့ စိတ်ကူးထဲမှာ အဲဒီရုပ်ရှင်ဟာ ရှင်သန်နေတဲ့အကြောင်း၊ အဲဒီရုပ်ရှင်ကို မကြည့်လိုက်ရပေမယ့်လည်း တကယ့် Superman ရုပ်ရှင် ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

Ref: etcanada

The post Superman အဖြစ် မင်းသား Nicolas Cage သရုပ်ဆောင်ဖို့ ပရိသတ်များ လိုလားနေ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...