Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အဲလိဇဘက်ဘုရင်မကြီးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Claire Foy အမ်မီဆု ရရှိ

$
0
0

မင်းသမီး Claire Foy ဟာ အကြိမ် (၇ဝ) မြောက်အဖြစ် စက်တင်ဘာလ ၁၇ ရက်နေ့မှာ ကျင်းပတဲ့ အမ်မီဆုပေးပွဲမှာ “The Crown” ဇာတ်လမ်း တွဲနဲ့ ဒရမ်မာ ခေါင်းဆောင်မင်းသမီးဆုကို ရရှိခဲ့ပြီး လာမယ့် Season အတွက်လည်း ကြိုတင် သတင်းစကားပါး ခဲ့ပါတယ်။

မင်းသမီး Foy က “ကျမကို ဖန်တီးပေးခဲ့တဲ့ အဲဒီဇာတ်လမ်းတွဲကို ဆက်ပြမှာပါ။ အရမ်းဂုဏ်ယူရပါတယ်။ ကျမက ဒီဇာတ်ရုပ်ကို နောက်ထပ်သရုပ်ဆောင်ကို လွှဲပေးမှာပါ။ နောက်ထပ် မျိုးဆက်သစ်ထံကို လွှဲပေးမှာပါ။ ပြီးတော့ ဒါကို Matt Smith ထံကိုလွှဲပေးမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

Matt Smith ဆိုတာ ကတော့ ဇာတ်လမ်းတွဲထဲမှာ အဲလိဇဘက်ဘုရင်မကြီးရဲ့ ကြင်ယာတော် မင်းသားကြီး ဖိလစ် အဖြစ်သရုပ် ဆောင်ခဲ့တဲ့ မင်းသားကို ဆိုလိုတာ ဖြစ်ပါတယ်။

မင်းသမီး Foy ဟာ ပြီးခဲ့တဲ့နှစ်ကလည်း Netflix ကထုတ်လွှင့်ခဲ့တဲ့ ဗြိတိန်တော်ဝင်မိသားစု နောက်ခံ ဒရာမာမှာ သရုပ်ဆောင်ခဲ့တဲ့ အဲလိဇဘက်ဘုရင်မကြီး ဇာတ်ရုပ်နဲ့လည်း ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့ပေမယ့် အကောင်းဆုံး ဇာတ်ဆောင်မင်းသမီးဆုကို “The Handmaid’s Tale” ဒရာမာထဲက မင်းသမီး Elisabeth Moss က ရရှိသွားခဲ့တာပါ။

ဒီဇာတ်ရုပ်မှာ မင်းသမီးကို မြင်တွေ့ရတာ ဒါနောက်ဆုံးအကြိမ်ဖြစ်ပြီးတော့ အဲဒီ ဒရာမာရဲ့ တတိယမြောက် Season မှာတော့ မင်းသမီး အသစ် Olivia Colman ကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

မင်းသမီး Foy ဟာ ဒီတကြိမ်မှာတော့ ဆန်ခါတင်စာရင်းထဲမှာ ပါဝင်တဲ့ မင်းသမီး Moss၊ “Orphan Black” ဇာတ်လမ်းတွဲမှ မင်းသမီး Tatiana Maslany ၊ “Killing Eve” ဇာတ်လမ်းတွဲမှ မင်းသမီး Sandra Oh ၊ “The Americans” ဇာတ်လမ်းတွဲမှ မင်းသမီး Keri Russell နဲ့ “Westworld” ဇာတ်လမ်းတွဲမှ မင်းသမီး Evan Rachel Wood တို့ကို ကျော်တက်ပြီး ဆုရရှိခဲ့တာလည်း ဖြစ်ပါတယ်။

“The Crown” ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ခဲ့ရတဲ့အကြောင်းနဲ့ ပတ်သက်လို့လည်း မင်းသမီးက “ဒီလိုမျိုး ထူးခြားတဲ့ အဖွဲ့အစည်းမှာ ပါဝင်ရတာ အရမ်းဂုဏ်ယူမိတယ်လို့ ခံစားရပါတယ်။ Sandra Oh ရေ၊ ကျမ ရှင့်ကို သဘောကျပါတယ်။ ကျမရဲ့ ဘဝမှာ နှစ်နှစ်ခွဲလောက် အထူးခြားဆုံးအချိန်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ ကျမ အမြဲ ချစ်မြတ်နိုးနေရမယ့် လူတွေနဲ့ ကျမ ဆုံတွေ့ခဲ့ရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

မင်းသမီး Foy ဟာ “Wolf Hall” နဲ့ “Upstairs Downstairs” ဇာတ်လမ်းတွဲတို့မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

Ref: variety

The post အဲလိဇဘက်ဘုရင်မကြီးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Claire Foy အမ်မီဆု ရရှိ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...