Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

နောင်တနဲ့ လူငယ်များ (သို့မဟုတ်) American Animals (2018)

$
0
0

ဒီတခါ မိတ်ဆက်ပေးမယ့် ရုပ်ရှင်ကတော့ ဒါရိုက်တာ Bart Layton ရိုက်ကူးထားတဲ့ Crime , Drama အမျိုးအစား ရုပ်ရှင်တကားဖြစ်တဲ့ American Animals (2018) ပဲဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Evan Peters , Blake Jenner , Barry Keoghan နဲ့ Jared Abranhamson တို့အပြင် အခြား သရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။

ဇာတ်လမ်းအစမှာWarren ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးတယောက်ဟာ သူ့ကိုယ်သူ အဘိုးအိုတဦး အသွင်မျိုး ရုပ်ဖျက်နေတာ ဖြစ်ပါတယ်။ နာရီလက်တံကလည်း တဖြည်းဖြည်း လည်ပတ်နေပြီး သူဟာ ရုပ်ဖျက်ပြီး အချိန်တခုကို စောင့်ဆိုင်းနေခဲ့တာပါ။

လွန်ခဲ့တဲ့ အချိန်ကာလတခုမှာ Warren သူငယ်ချင်း Spencer ဟာ တက္ကသိုလ် စာကြည့်တိုက်တခုကို အလည်အပတ် ရောက်ရှိခဲ့ပြီး ရှေးဟောင်းစာအုပ်တွေ စုဆောင်းထားတဲ့ အထူးအခန်း တခုကိုပါ လေ့လာခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။ Spencer ဟာ ပန်းချီအနုပညာကို သင်ကြားနေသူ တယောက်ဖြစ်တဲ့အတွက် အထူးခန်းထဲမှာ သူတွေ့ရှိလိုက်ရတာကတော့ “အမေရိကန်ရဲ့ ငှက်များ” ဆိုတဲ့ စာအုပ်ဖြစ်ပြီး အဲဒီစာအုပ်ကိုလည်း မှန်ဘောင်ထဲမှာ သော့ခတ်ပြသထားတာပါ။

အဲဒီစာအုပ်ကို မြင်မြင်ချင်းမှာပဲ သူဟာ စာအုပ်ကိုအသုံးချပြီး သူ့ဘဝအပြောင်းအလဲတခုကို ပြုလုပ်ဖို့ စတင် စွဲလမ်းလာတော့တာပါတယ်။ သူ့အချစ်ဆုံး သူငယ်ချင်း Warren ကို စာအုပ်အကြောင်းနဲ့ စာအုပ်ရဲ့ တန်ဖိုးကို ပြောပြဖြစ်ခဲ့ပြီး Warren ကလည်း အဲဒီစာအုပ်ကို ရဖို့အတွက် သူငယ်ချင်းနှစ်ယောက် အစီအစဉ်တခုကို စတင်ရေးဆွဲပါတော့တယ်။

သူတို့နှစ်ယောက်ဟာ စာအုပ်ကို ရရှိတာနဲ့ ပြန်လည်ရောင်းချဖို့ ဝယ်ယူမယ့် အမည်မသိ လူတဦးကိုပါ အီးမေးလ်က တဆင့် ဆက်သွယ်ရင်း သူတို့နေထိုင်ရာ ကန်တက်ကီမြို့ပြင်ကို ထွက်လာခဲ့ပြီ ဖြစ်ပါတယ်။ အစီအစဉ်ရဲ့ အသေးစိတ်အပေါ် မူတည်ပြီး လူအင်အားဟာလည်း သူတို့နှစ်ယောက်နဲ့ မလုံလောက်တဲ့အတွက် Eric နဲ့ Chas စတဲ့ ကျန်သူငယ်ချင်း နှစ်ယောက်ကို ပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

လူငယ်တွေရဲ့ အပြောင်းအလဲကို ဆာလောင်စိတ်နဲ့ ဖြတ်လမ်းလိုက် လမ်းမှားရောက်မှုတွေကို အချိတ်အဆက်မိမိ ရိုက်ကူးထားတာဖြစ်ပြီး တကယ့်ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ရုပ်ရှင်ထဲမှာ စာအုပ်ခိုးယူမှုကို ကျူးလွန်ခဲ့တဲ့ လူငယ် ၄ ယောက်လုံးကို အင်တာဗျူးပုံစံ ရိုက်ကူးထားတာကလည်း American Animals ရဲ့ ဆွဲဆောင်မှု တခု ဖြစ်တာကြောင့် ရုပ်ရှင်ချစ် ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

The post နောင်တနဲ့ လူငယ်များ (သို့မဟုတ်) American Animals (2018) appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles