Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

မွေးနေ့မှာ Weibo အကောင့်ကို သုံးခဲ့တဲ့ မင်းသမီး Fan Bingbing

$
0
0

လူမြင်ကွင်းကနေ ၃ လကျော်လောက် ပျောက်ကွယ်နေခဲ့တဲ့ တရုတ်ထိပ်တန်းမင်းသမီး Fan Bingbing ဟာ အွန်လိုင်းကို ၅ မိနစ်လောက် အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

အခွန်ရှောင်တဲ့ ကိစ္စအတွက် အာဏာပိုင် တွေရဲ့ စုံစမ်းစစ်ဆေးတာကို ခံနေရတယ်လို့ဆိုတဲ့ ကောလာဟလတွေကြားမှာ တရုတ်နိုင်ငံသားတွေ အသုံးများ တဲ့ လူမှုကွန်ရက်မီဒီယာ Weibo ပေါ်မှာ သူ့ရဲ့မွေးနေ့ဖြစ်တဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နေ့မှာ မင်းသမီးကို မြင်တွေ့လိုက်ရတာလည်း ဖြစ်ပါတယ်။

အွန်လိုင်းအသုံးပြုသူတွေကတော့ သူ့ရဲ့ Weibo အကောင့်မှာ မွေးနေ့မက်ဆေ့ချ်တခုကို မြင်တွေ့ခဲ့ရပြီး အဲဒီနောက် အဲဒီမက်ဆေ့ချ်ကို ပြန်ဖျက်လိုက်တယ်လို့ ဆိုပါတယ်။

“Global Times” မီဒီယာကတော့ အာဏာပိုင်တွေအနေနဲ့ အများပြည်သူရဲ့ စိုးရိမ်မှုတွေကို လျော့ပါးစေဖို့ မင်းသမီး Fan ဘယ်မှာ ဘာလုပ်နေတယ်ဆိုတာကို ထုတ်ဖော်ပြောကြားသင့်တယ်လို့ ပြောကြားထားပါတယ်။ တရုတ်နိုင်ငံပိုင် သတင်းစာ တစောင်ဖြစ်တဲ့ Securities Daily ကတော့ မင်းသမီးဟာ ထိန်းချုပ်ခံထားရပြီး တရားရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို လက်ခံရမှာ ဖြစ်တဲ့အကြောင်း အတည်ပြုထားပါတယ်။

မင်းသမီး Fan ကတော့ ရုပ်ရှင်တခုအတွက် သဘောတူညီချက်များစွာကို လက်မှတ်ထိုးပြီး ငွေပမာဏအများကြီး ရရှိစေခဲ့တဲ့ သဘောတူညီချက်စာချုပ်တွေကို အသုံးပြုပြီး အခွန်ရှောင်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာပါ။

အဲဒီလိုမျိုး စာချုပ်တွေက တရုတ်နိုင်ငံမှာ တရားမဝင်ပါဘူး။ အခုလိုမျိုး အခွန်ရှောင်အရှုပ်တော်ပုံထဲမှာ ပါဝင်နေတဲ့ တရုတ်နိုင်ငံက အခြားအနုပညာရှင်တဦးကတော့ ဒါရိုက်တာ Feng Xiaogang ဖြစ်ပြီး လက်ရှိမှာ အာဏာပိုင်တွေရဲ့ ထိန်းသိမ်းတာကို ခံထားရတယ်လို့လည်း ဆိုကြပါတယ်။

ဒါရိုက်တာ မင်းသား Feng ပါဝင်သရုပ်ဆောင်ထားတဲ့ “Ash Is Purest White” ဆိုတဲ့ ရုပ်ရှင်ကို အထူးပွဲ ပြသဖို့ ဖျက်သိမ်းခံလိုက်ရပြီးတဲ့နောက် အဲဒီသတင်းထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။

ဒါရိုက်တာ မင်းသား Feng ထိန်းသိမ်းခံထားရတဲ့အကြောင်း မင်းသမီး Shao Xiaoshan က အတည်ပြုပြောဆို ထားပါ တယ်။ အစောပိုင်း Weibo မှာတော့ ဒါရိုက်တာ Feng ဟာ အခွန်ရှောင်ဖို့ စာချုပ်ရဲ့ ဟာကွက်တွေကို အသုံးချသွားခဲ့တယ် ဆိုတဲ့ အကြောင်းကို ပယ်ချသွားခဲ့ပြီး သူနဲ့ပတ်သက်လို့ ထွက်ပေါ်နေတဲ့ ကောလာဟလတွေရှိနေခဲ့တဲ့အကြောင်း ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

Ref: thestar

The post မွေးနေ့မှာ Weibo အကောင့်ကို သုံးခဲ့တဲ့ မင်းသမီး Fan Bingbing appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...