Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“စိုင်းစိုင်းခမ်းလှိုင်ဆီက အတုယူရတာတွေ ရှိတယ်” လို့ ပြောလာသူ မျိုးကျော့မြိုင်

$
0
0

စိုင်းစိုင်းခမ်းလှိုင် ဂီတလောကကို မရောက်ရှိလာသေးတဲ့ အချိန်ကာလမှာကတည်းက ခင်မင်ရင်းနှီးလာခဲ့ကြတဲ့ မျိုးကျော့မြိုင်က စိုင်းစိုင်းဆီက အတုယူမိတာတွေရှိတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“စိုင်းစိုင်းက မျှမျှတတ သုံးတတ်တယ်ပေါ့။ အဲဒီတော့ သူဘာလုပ်လုပ်တော့ ကျနော် ဆိုလိုတာက သူများနဲ့တော့ မတူဘူးပေါ့။ သူ့အားနည်းချက်လည်း သူသိတယ်။ သူ့ရဲ့အားသာချက်ကိုလည်း အကုန်လုံးကို ပြန်လည်ဝေမျှပြီးတော့ ထူးဆန်းတယ်၊ ထူးခြားတယ်ပြောတာ မဟုတ်ပါဘူး။ သူဘာလုပ်လုပ် စနစ်တကျ လုပ်တတ်တဲ့အတွက် ကျနော် ကိုယ်တိုင်လည်း အတုယူနေမိတာပါပဲ။ အမှတ်တရပြောပါဆိုရင် အဲဒါပါပဲ” လို့ မျိုးကျော့မြိုင်က ပြောပါတယ်။

မျိုးကျော့မြိုင်နဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ မိခင်ဖြစ်သူတို့က သူငယ်ချင်းများဖြစ်ကြပြီး စိုင်းစိုင်း အဆိုတော် မဖြစ်ခင် မော်ဒယ်ဘဝမှာကတည်းက ခင်မင်သိကျွမ်းလာတာလို့ သိရပါတယ်။

စိုင်းစိုင်းအပေါ် မျိုးကျော့မြိုင်က သူ့ရဲ့အမြင်ကိုလည်း အခုလို ပြောပြခဲ့ပါသေးတယ်။

“ အနုပညာသမားဆိုတာ ကိုယ်ဖျော်ဖြေတာပဲရှိတာ ဒါပေမယ့် ကိုယ်တကယ်ပြချင်တဲ့ဟာ ရောက်ချင်မှရောက်သေးတာလေ။ သူကကျတော့ ရောက်ပြီးလို့ ဖွတ်ဖွတ်ညက်ညက် ကြေအောင်တောင် ပြပြီးပြီ။ သီချင်းဆိုမှ မဟုတ်ပါဘူး။ သူတခုခု ဆက်ပြဦးမှာပါ။ သူ့အရွယ်နဲ့ ရင့်ကျက်မှုနဲ့ပေါ်မှာ ဆိုင်ပါလိမ့်မယ်။ သီချင်းချည်းပဲဆိုပြီး ပြချင်မှလည်းပြတော့မယ်” လို့ မျိုးကျော့မြိုင်က ပြောပါတယ်။

မျိုးကျော့မြိုင်ကတော့ ဂီတလောကမှာ ဂီတပညာရှင်တယောက်အနေနဲ့လည်း ရပ်တည်နေပြီး သူသိထားတဲ့ ဂီတနဲ့ ပတ်သက်တဲ့အကြောင်းအရာများကိုလည်း ပြန်လည်မျှဝေလျက်ရှိပါတယ်။

မကြာသေးခင်က ကျင်းပပြီးစီးခဲ့တဲ့ Myanmar Idol Season 3 မှာလည်း ဒိုင်တဦးအနေနဲ့ ပါဝင်ခဲ့တဲ့ မျိုးကျော့မြိုင်က သူ့ရဲ့အတွေ့အကြုံများကို ပြောပြခဲ့ပါတယ်။

“Entertainment အစီအစဉ် တခုပဲလေ။ ကျနော်က အဲဒီထဲမှာပါဝင်ပြီးတော့ ကိုယ့်ရဲ့ မြန်မာပြည်က လူတယောက်ကို ၂လအတွင်းမှာ တနေရာ ရောက်သွားအောင် လုပ်ပေးရတဲ့ထဲမှာ ပါနေတော့ ကျနော့် အနေနဲ့ကတော့ ကောင်းတာပေါ့။ ဂယက်ဆိုတာတော့ မျိုးစုံရှိတာပေါ့။ ကျနော်ကတော့ ကိုယ့်အလုပ်ကိုယ်လုပ်တယ်လို့ မြင်ပါတယ်။ လူတွေကို ဖျော်ဖြေရတာကောင်းတာပေါ့” လို့ မျိုးကျော့မြိုင်က ပြောပါတယ်။

အဆိုပါ အဆိုပြိုင်ပွဲများက ဂီတလောကကို လျှောက်လှမ်းရာမှာတော့ မြို့အဝင်ဂိတ်တခုသာဖြစ်ပြီး ရှေ့ဆက် လျှောက်လှမ်းရမယ့် ဂိတ်တွေ အများကြီး ရှိသေးတယ်လို့ ဆိုပါတယ်။

“လူတယောက်ကို အချိန်တိုတိုအတွင်းမှာ တနေရာရောက်အောင် လုပ်ပေးလိုက်နိုင်တဲ့ အခွင့်အရေးကိုရမယ်။ ဒီလိုပြိုင်ပွဲတွေဆိုတာ ဒီလိုသွားရမယ်။ ဒီဟာသည်အနုပညာကိုလုပ်တဲ့အခါမှာ ဒီလမ်းကပဲဖြတ်ရမယ်လို့ ဆိုလိုတာမဟုတ်ဘူး။ မြို့အဝင်ဂိတ်လေးတခုပဲ။ တခြားဂိတ်တွေလည်း အများကြီးရှိသေးတယ်။ အဲဒီသဘောပါပဲ” လို့ မျိုးကျော့မြိုင်က ပြောပါတယ်။

The post “စိုင်းစိုင်းခမ်းလှိုင်ဆီက အတုယူရတာတွေ ရှိတယ်” လို့ ပြောလာသူ မျိုးကျော့မြိုင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...