လိင်ပြောင်းခွဲစိတ်မှုဟာ ယခုတိုးတက်လာတဲ့ ခေတ်အခြေအနေတွေမှာ ရေပန်းစားလာခဲ့တဲ့ ကိစ္စတခု ဖြစ်ပါတယ်။ အခုဖော်ပြပေးမယ့် အနုပညာရှင်တွေကတော့ လိင်ပြောင်းခွဲစိတ်မှု ပြုလုပ်ပြီးတဲ့အခါ ပရိသတ်တွေတောင် မမှတ်မိလောက်အောင်ကို အစစအရာရာ ပြောင်းလဲသွားခဲ့ကြသူတွေ ဖြစ်ပါတယ်။
(၁) Jazz Jennings
YouTube ရဲ့ ကြယ်ပွင့်တဦးဖြစ်တဲ့ Jazz Jennings ဟာ အသက် ၁၈ နှစ်သာ ရှိသေးပြီး လူသိအများဆုံးနဲ့ အငယ်ရွယ်ဆုံး လိင်ပြောင်းထားသူ တဦးပဲဖြစ်ပါတယ်။ သူမရဲ့ ကိုယ်ပိုင် YouTube Channel မှာတော့ သူမကိုယ်တိုင် ရေးသား ရိုက်ကူးထားတဲ့ I am Jazz စီးရီးတခုကို ထုတ်လွှင့်ပြသခဲ့တာ ဖြစ်ပါတယ်။
(၂) Conchita Wurst
သူမဟာ Eurovision Song ပြိုင်ပွဲမှာ Winner ဆုရရှိခဲ့အပြီးမှာ နိုင်ငံတကာရဲ့ အာရုံစိုက်ခြင်း ခံခဲ့ရပါတယ်။ ၂၀၁၄ခုနှစ် သြစတြေးလျနိုင်ငံကနေတဆင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ သီချင်းဖြစ်တဲ့ Rise Like a Phoenix နဲ့ နာမည်ကျော်ကြားခဲ့သူ တဦးလည်း ဖြစ်ပါတယ်။
(၃) Jamie Clayton
လူအများ လက်ခံမှုကို ရရှိထားတဲ့ တီဗီ Program တခုအနေနဲ့ Jamie Clayton ကို သရုပ်ဆောင်အဖြစ် ကမ်းလှမ်းခဲ့တဲ့အတွက်ကြောင့် လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားခဲ့ရပါတယ်။ သူမဟာ နာမည်ကျော် စီးရီးတခုဖြစ်တဲ့ Sense8 မှာ Nomi Marks အဖြစ် သရုပ်ဆောင်နေရာကို ရရှိခဲ့သူဖြစ်ပြီး စီးရီးမှာ သူမရဲ့ အခန်းကဏ္ဍ နည်းပါးခဲ့ချိန်မှာတော့ “The Neon Demon” နဲ့ “The Snowman” ရုပ်ရှင်တွေမှာ ဆက်လက်ပြီး သရုပ်ဆောင်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။
(၄) Nina Arsenault
Nina Arsenault ဟာ ကနေဒါနိုင်ငံရဲ့ Perfomance အနုပညာရှင်တဦးဖြစ်ပြီး အနုပညာအလုပ်ကို မလုပ်ကိုင်ခင် လိင်အလုပ်သမတဦးအဖြစ် အသက်မွေးဝမ်းကျောင်းပြုခဲ့သူလည်း ဖြစ်ပါတယ်။ fab မဂ္ဂဇင်းမှာ လိင်ပြောင်းလူသားတဦးရဲ့ ဘဝတစိတ်တပိုင်းကို ရေးသားခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ သူမဟာ Luke Magnotta နဲ့ သမီးရည်းစား ဆက်ဆံရေးရှိနေကြောင်း သူမကိုယ်တိုင် အခိုင်အမာ ဖွင့်ဟထားပါတယ်။
Ref: readysethealth.com
The post လိင်ပြောင်းခွဲစိတ်မှုနဲ့အတူ ပရိသတ်များ မမှတ်မိလောက်တဲ့ နာမည်ကျော် အနုပညာရှင်များ appeared first on ဧရာဝတီ.