Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“Running Man” PD ဟောင်း ရိုက်ကူးတဲ့ ရှိုးအသစ်မှာ ပါဝင်မယ့် ယူဂျယ်ဆော့

$
0
0

ယူဂျယ်ဆော့ဟာ ယခင် Running Man PD ဟောင်းနဲ့ လက်တွဲပြီး ပဒေသာရှိုးအသစ် ရိုက်ကူးဖို့ စီစဉ်နေပါပြီ။

စက်တင်ဘာလ ၁၈ ရက်နေ့က SBS ရုပ်သံက ကြေညာချက်အရ ယခင် Running Man ကို တာဝန်ယူစီစဉ်ခဲ့သူ PD ဂျောင်ချောမင် ရိုက်ကူးမယ့် ပဒေသာရှိုးအသစ်မှာ ယူဂျယ်ဆော့ ပါဝင်သွားဖို့ရှိတယ်လို့ အတည်ပြု ပြောဆိုလိုက်ပါတယ်။

“စီစဉ်နေတဲ့ ပရိုဂရမ်အသစ်အတွက် လိုနေတဲ့ လစ်ဟာမှုကို ဖြည့်လိုက်နိုင်ပါပြီ” လို့ PD ဂျောင်ချောမင်က ဆိုပါတယ်။ ယူဂျယ်ဆော့ကို သူကိုယ်တိုင် သွားရောက်တွေ့ဆုံခဲ့ပြီး အသစ်ရိုက်မယ့် အစီအစဉ်မှာပါဖို့ ကမ်းလှမ်းခဲ့တာပါ။ ယူဂျယ်ဆော့ကလည်း ဒီစကားကို ကြားကြားချင်း ဝမ်းပမ်းတသာ လက်ခံပေးခဲ့ပါတယ်။

ပရိုဂရမ်အသစ်နဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကို မပြောသေးပေမယ့် ရိုက်ကွင်းကို စတူဒီယိုထဲ မဟုတ်ဘဲ အပြင်မှာ Outdoor ပုံစံ ရိုက်ကူးသွားမယ်လို့ ဆိုပါတယ်။ နောက်လ အောက်တိုဘာမှာ စတင် ရိုက်ကူးတော့မယ်လို့လည်း ဆိုပါတယ်။

ယူဂျယ်ဆော့ဟာ ကမ္ဘာတလွှား နာမည်ကျော် Running Man အစီအစဉ်အပြင် ၂၀၀၁ ခုနှစ်ကတည်းက စတင် ရိုက်ကူးခဲ့တဲ့ “Happy Together” ၊ ၂၀၁၈ ခုနှစ်မှာ Running Man မှာ အတူလက်တွဲလာတဲ့ လီဂွမ်ဆူနဲ့အတူ ရိုက်ကူး အောင်မြင်ခဲ့တဲ့ “Busted” ၊ ၂၀၀၅ ခုနှစ်ကနေ စတင်ရိုက်ကူးခဲ့ပြီး နှစ်ပေါင်းတာရှည် အောင်မြင်ခဲ့ကာ ၂၀၁၈ ခုနှစ်မှ ရပ်နားလိုက်တဲ့ “Infinite Challenge” စတဲ့ နာမည်ကျော် အစီအစဉ်များစွာမှာ MC အဖြစ် တာဝန်ယူခဲ့သူ တဦးပါ။

ယူဂျယ်ဆော့ဟာ ကိုရီးယားနိုင်ငံရဲ့ နာမည်ကျော် အနုပညာရှင်တဦးဖြစ်ပြီး အနုပညာလောကကို ၁၉၉၁ ခုနှစ် မှာ KBS ရုပ်သံလိုင်းက ကောလိပ်ကျောင်းသားတွေအတွက် စီစဉ်ပေးခဲ့တဲ့ “Comedian Festival” မှာ စတင်ပါဝင်ရင်း လူရွှင်တော်အဖြစ် အနုပညာလောထဲ ဝင်ရောက်လာခဲ့တာပါ။

၉ နှစ်ကြာ လူမသိတဲ့ လူရွှင်တော်အဖြစ် လုပ်ကိုင်းရင်း ၂၀၀၂ ခုနှစ်မှာတော့ တွဲဖက် MC အဖြစ် အစီအစဉ်တင်ဆက်ခဲ့ရာကနေ ပရိသတ် သတိထားမိပြီး ဒီနေ့အချိန်ထိ အောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။

အစီအစဉ် တင်ဆက်သူအဖြစ် ယူဂျယ်ဆော့ လုပ်ပေးခဲ့တဲ့ ပဒေသာရှိုးပွဲတွေဟာ အောင်မြင်ခဲ့တာမို့ အသစ် ရိုက်ကူးမယ့် “Running Man” PD နဲ့ လက်တွဲမယ့် အစီအစဉ်သစ်မှာရော ဘယ်လိုတွေတင်ဆက်မလဲဆိုတာ ပရိသတ်တွေ မျှော်လင့်စောင့်စားနေကြပါတယ်။

Ref: Soompi

The post “Running Man” PD ဟောင်း ရိုက်ကူးတဲ့ ရှိုးအသစ်မှာ ပါဝင်မယ့် ယူဂျယ်ဆော့ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...