Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ချစ်သူကို တရားဝင် ချမပြရဲသေးဘူး။ သူများနောက် ပါသွားမှာစိုးလို့”

$
0
0

အနုပညာအလုပ်များကို ကြိုးစားလုပ်ကိုင်နေတဲ့ အေးမြတ်သူက ကောင်းမွန်တဲ့ Relationship တခု ရှိတယ်လို့ ဆိုပြီး အပျိုကြီးဘဝကို မစွန့်လွှတ်သေးဘဲ ပျော်နေတယ်လို့လည်း သူက ဆိုပါတယ်။

“အပျိုကြီးဘဝကို မစွန့်လွှတ်သေးဘူး။ ပျော်နေသေးတယ်။ ပျော်နေသေးတယ်ဆိုတာ အေးမြတ်သူက ပျော်ပျော်နေတယ်။ ပြီးတော့ အပျိုကြီးလို့သာပြောတာ ကိုယ့်မှာလည်း အရမ်းကို ကောင်းမွန်တဲ့ Relationship တခု ရှိပါတယ်။ ဘာပဲပြောပြော အေးမြတ်သူတို့ Long Distance Relationship ဆိုတော့ အေးမြတ်သူအတွက်က အပျိုကြီးလို့လည်း ပြောလို့ရသလို တဖက်မှာလည်း ရည်မှန်းထားတဲ့သူ ရှိတဲ့အတွက် အေးမြတ်သူ ပျော်ရွှင်ပါတယ်”လို့ အေးမြတ်သူက ပြောပါတယ်။

“တချို့လည်း ပြောကြတယ်။ ချစ်သူကို အရမ်း အမွှန်းတင်တယ်။ သတင်း လုပ်တယ်ပေ့ါ။ မဟုတ်ပါဘူး။ တခါတလေ လူတွေက တဖက်သားကို ချီးမွမ်းဖို့ မေ့နေကြတယ်။ ချီးမွမ်းသင့်တဲ့သူကို ချီးမွမ်းတာလည်း မင်္ဂလာတပါးပဲ။ ပြီးတော့ ကိုယ့်ချစ်သူကို ကိုယ်ချီးမွမ်းတယ် ဆိုတာကလည်း သူ့ကိုလည်း ကိုယ်က ကိုယ်ဘယ်လောက်ထိ လေးစားမှု ရှိတယ်ဆိုတာကို ပြတဲ့ သဘောပါ” လို့ အေးမြတ်သူက ဆိုပါတယ်။

ဆက်လက်ပြီး “အေးမြတ်သူအတွက် အဆင်အပြေဆုံးနဲ့ နားလည်မှု ရှိတဲ့သူ ဖြစ်လို့လေ။ သူ့ကို ချစ်လို့ပါ။ တခါတလေ ချီးမွမ်းမိတဲ့ စာတွေ ရေးမိတာပေါ့နော်။ အချစ်ဆိုတာက ကိုယ့်ရဲ့ ချစ်သူဆီက ရတဲ့ အချစ်ရော ကိုယ့်ကို ချစ်တဲ့ ပရိသတ်တွေဆီက ရတဲ့ အချစ်ရော ပြီးတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ့်ကို ချစ်တဲ့သူတွေ အရမ်းများ နေတဲ့အတွက် ကိုယ့်ကို အရမ်းကို ချစ်ကြတဲ့အတွက် အရမ်းကို ပျေ်ာစရာ ကောင်းပြီးတော့ အရမ်းကို လတ်ဆတ်နေတာပါ” လို့ အေးမြတ်သူက ပြောပါတယ်။

ခန္ဓာကိုယ် လှလှလေးနဲ့ အဝတ်အစား ခပ်မိုက်မိုက်တွေ ဝတ်တတ်တဲ့ သူမအတွက် ချစ်သူကလည်း အဝတ်အစားပိုင်းနဲ့ ပတ်သက်ပြီး ဝင်စွက်ဖက်တာမျိုး မရှိဘူးလို့ ဆိုပါတယ်။

“အဝတ်အစားပိုင်းနဲ့ ပတ်သက်ပြီးတော့ သူက ဘာပဲ ဝတ်ဝတ် အေးမြတ်သူကို မစွက်ဖက်ဘူး။ ဘယ်လိုပဲ့ဖစ်ဖြစ် သဘောကျတယ်။ မြန်မာဝတ်စုံ ဝတ်ရင် သူသဘောကျတယ်။ ဟော့ရှော့ ဝတ်လည်း ချစ်သူက လှတာကို ဝတ်ပါဖို့။ အေးမြတ်သူရဲ့ အတွေးတွေ အေးမြတ်သူရဲ့ စိတ်အာရုံကို သူဘယ်တော့မှ မနှောင့်ယှက်ဘူး။ အမြဲတမ်း သူအနောက်ကနေ ထိန်းကွပ်ပေးတယ်။ Support လုပ်ပေးတယ်” လို့ ဆိုပါတယ်။

“ချစ်သူကကောင်းတော့ ပစ္စည်းကောင်းကောင်း ရတာ ဥထားရတယ်။ Review ကောင်းကောင်း မရေးရဲဘူး။ ပါသွားမှာ စိုးလို့။ ချစ်သူကို တရားဝင် မပြရဲသေးဘူး။ သူများနောက် ပါသွားမှာ စိုးလို့ ။ ဒီဝါကျွတ်ရင် မစားရသေးဘူး။ နောက် ၃ နှစ်လောက် လိုသေးတယ်”လို့ အေးမြတ်သူက ပြောပါတယ်။

သရုပ်ဆောင် အေးမြတ်သူကတော့ အခုလက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ လက်ခံရိုက်ကူး နေရသလို အနုပညာရှင် အသစ်တွေနဲ့ တွဲပြီး ရုပ်သံဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်။

မကြာခင် ရုံတင်ပြသတော့မယ့် “ချူဆီ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားသလို MRTV-4 က ပြသခဲ့တဲ့ “မိုးကောင်းကင် အိပ်မက်” ဇာတ်လမ်းတွဲမှာလည်း “နေခြည်ဝင့်ထည်” ကာရိုက်တာကို ပရိသတ်တွေ အကြိုက်တွေ့ခဲ့ကြပါတယ်။

ဆက်စပ်သတင်းလင့်ခ်     ပရိတ်သတ်နဲ့ အနီးဆုံးနေချင်တဲ့ အေးမြတ်သူ

The post “ချစ်သူကို တရားဝင် ချမပြရဲသေးဘူး။ သူများနောက် ပါသွားမှာစိုးလို့” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...