Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ရန်ငြိုးကြီးတဲ့ သားဖွားဆရာမအဖြစ် သရုပ်ဆောင်မယ့် မင်းသမီး အန်ဂျလီနာဂျိုလီ

$
0
0

ဟောလိဝုဒ် မင်းသမီး အန်ဂျလီနာဂျိုလီဟာ စာရေးဆရာ James Scott ရဲ့ ဝတ္ထု “The Kept” ကို အခြေခံ ရိုက်ကူးမယ့် ရုပ်ရှင်မှာ ၁၉၈၀ ပြည့်လွန်နှစ်တုန်းက ရန်ငြိုးကြီးတဲ့ သားဖွားဆရာမ တဦးအဖြစ် သရုပ်ဆောင်မယ်လို့ သိရပါတယ်။

၁၉၈၇ ခုနှစ်၊ ဆောင်းရာသီကာလကို နောက်ခံထားမယ့် အဲဒီရုပ်ရှင်ဇာတ်လမ်း အကြောင်းအရာကတော့ နယူးယောက် ပြည်နယ်မှာရှိတဲ့ လယ်တောအိမ်မှာ ခင်ပွန်းနဲ့ ကလေး ၄ ဦးကို သတ်ဖြတ်သွားတဲ့ အမျိုးသား ၃ ဦးကို ခြေရာခံ လိုက်လံ သတ်ဖြတ်မယ့် Elspeth Howell ဆိုတဲ့ အမျိုးသမီး တဦးအကြောင်း ဖြစ်ပါတယ်။

မင်းသမီး ဂျိုလီဟာ Imperative Entertainment ရဲ့ Dan Friedkin နဲ့ Bradley Thomas တို့နဲ့အတူ အဲဒီရုပ်ရှင်ကို အတူတူထုတ်လုပ်မှာ ဖြစ်ပါတယ်။

အဲဒီရုပ်ရှင်ဟာ မင်းသားကြီး Clint Eastwood က ဒါရိုက်တာ အဖြစ် ရိုက်ကူးပြီး မင်းသား Bradley Cooper နဲ့အတူ ပါဝင်သရုပ်ဆောင်ထားတဲ့ “The Mule” ဆိုတဲ့ ရုပ်ရှင်ပြီးတဲ့နောက် Imperative ရဲ့ ခြေလှမ်းသစ်ဖြစ်ပါတယ်။ ဒါ့အပြင် ဂျိုလီဟာ ပုံပြင်ဇာတ်လမ်းကို အခြေခံထားတဲ့ ရုပ်ရှင်နှစ်ခုကို ရိုက်ကူးနေခဲ့ပြီးတဲ့နောက် အခုလိုမျိုး သရုပ်ဆောင် လောကကို ပြန်လှည့်လာတာလည်း ဖြစ်ပါတယ်။

သူ့ရိုက်ကူးထားတဲ့ “Maleficent 2″ ကလည်း ရိုက်ကူးရေးအလွန် ထုတ်လုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီး Peter Pan နဲ့ Alice in Wonderland တို့ရဲ့ ကနဦးရုပ်ရှင်”Come Away” ရိုက်ကူးရေးကို လက်ရှိမှာ လုပ်ကိုင် နေပါတယ်။

Marissa Kate Goodhill ရဲ့ ဇာတ်ညွှန်းကို အခြေခံထားတဲ့ အဲဒီရုပ်ရှင်ဟာ Peter နဲ့ Alice တို့ မောင်နှမနှစ်ဦးအဖြစ် ကြီးပြင်းခဲ့တဲ့အကြောင်း ဇာတ်အိမ်တည်မှာဖြစ်တယ်လို့ Deadline မီဒီယာက ဆိုပါတယ်။ သူတို့နှစ်ဦးရဲ့ အစ်ကိုကြီး သေဆုံးခဲ့ပြီးတဲ့နောက် မိဘနှစ်ဦးကို ကယ်တင်ဖို့ ကြိုးစားကြမှာလည်း ဖြစ်ပါတယ်။

အဲဒီရုပ်ရှင် ဒါရိုက်တာ Chapman ကတော့ “ဂျိုလီနဲ့ သရုပ်ဆောင် ဒေးဗစ်တို့ဟာ လှပတဲ့အတွဲအစပ်ပုံစံမျိုး ဒီလိုမျိုး မှော်ဆန်တဲ့ ဇာတ်လမ်းမျိုးကို နက်နက်ရှိုင်းရှိုင်း ဖော်ထုတ်ယူဆောင်လာကြမှာဖြစ်ပြီး ခန့်မှန်းထားတဲ့ သာလွန်ထူးခြားတဲ့ ခြေလှမ်းအဆင့်တခုကို ပရိသတ်တွေထံ ပေးစွမ်းမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ အကျဉ်းစခန်းကနေ လွတ်မြောက်အောင် ကြိုးစားကြမယ့် ဂေါ်ရီလာမျောက်ဝံ တကောင်နဲ့ ဆင်တကောင်တို့ရဲ့အကြောင်း ဇာတ်အိမ်တည်မယ့် “The One and Only Ivan” ဆိုတဲ့ ကာတွန်း ရုပ်ရှင်မှာလည်း မင်းသမီးကြီး Helen Mirren နဲ့အတူ အသံသရုပ်ဆောင်အဖြစ် ပါဝင်ဦးမှာပါ။ ဂျိုလီဟာ ဆင်မလေး Stella နေရာကနေ သရုပ်ဆောင်မှာလည်း ဖြစ်ပါတယ်။

Ref: aceshowbiz

The post ရန်ငြိုးကြီးတဲ့ သားဖွားဆရာမအဖြစ် သရုပ်ဆောင်မယ့် မင်းသမီး အန်ဂျလီနာဂျိုလီ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...