Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အမီတာဘဂျမ်းကို ရေတပ်တပ်မှူး အဖြစ်မြင်တွေ့ရမယ့် “Thugs of Hindostan” ရုပ်ရှင်

$
0
0

“Thugs of Hindostan” ရုပ်ရှင်ရဲ့ လိုဂိုထွက်ပေးလာပြီးနောက်မှာ အဲဒီ စွန့်စားခန်း၊ အက်ရှင်ရုပ်ရှင် ထုတ်လုပ်သူ တွေဟာ တပ်မှူး Khudabaksh အဖြစ် မြင်တွေ့ရမယ့် စူပါစတား အမီတာဘဂျမ်းရဲ့ ဇာတ်ကောင် ဓာတ်ပုံကိုလည်း မိတ်ဆက်ခဲ့ပါတယ်။

မင်းသား Aamir Khan ကတော့သူ့ရဲ့ Twitter အကောင့်ကနေ မင်းသားကြီး အမီတာရဲ့ ဇာတ်ကောင်ပုံရိပ်ပိုစတာကို တင်ခဲ့ပါတယ်။ လက်ထဲမှာ ဓားကိုင်ထားပြီး ခန္ဓာကိုယ်မှာလည်း သံချပ်ကာအကျီ၊ ဦးခေါင်းမှာ ပန်ချာပီခေါင်းပေါင်းတွေကို ဝတ်ဆင်ထားတဲ့ မင်းသားကြီးဘဂျမ်းဟာ ဇာတ်ကောင် လူမိုက်ကြီးတယောက်ရဲ့ ပုံစံထက် ပိုမိုသာလွန်ပါတယ်။

၁၉ ရာစုအစောပိုင်းကာလမှာ အိန္ဒိယနိုင်ငံက ဗြိတိသျှအင်ပါယာကို စိန်ခေါ်ခဲ့တဲ့ လူမိုက်အုပ်စုခေါင်းဆောင် Azad အကြောင်း ဇာတ်အိမ်တည်မယ့် ရုပ်ရှင်လည်းဖြစ်ပါတယ်။ အချိန်ကာလကတော့ ၁၉၇၀ နဲ့ ၁၈၀၅ ခုနှစ်ကြား ကို စိတ်ကူးယဉ်ပုံစံနဲ့ ပုံဖော်ထားတာလည်း ဖြစ်ပါတယ်။

မင်းသားကြီး အမီတာရဲ့ ဇာတ်ကောင် အကြောင်း ဖော်ပြချက်မှာတော့ “မုန်တိုင်းတွေနဲ့ တိုက်ပွဲတွေကို ဖြတ်ကျော်ရင်း လူမိုက်တပ်မှူးကြီး ရောက်လာခဲ့ပါပြီ။ Khudabaksh အဖြစ် အမီတာဘဂျမ်း” လို့ ရေးသားထားပါတယ်။

ပိုစတာထဲမှာတော့ စစ်ပွဲတိုက်ဖို့ အသင့်ဖြစ်နေတဲ့အချိန် စစ်တပ်အဖွဲ့ တပ်မှူး Khudabaksh အဖြစ် မင်းသားကြီးကို မြင်တွေ့ရမှာပါ။ ဒရာမာဆန်တဲ့ နောက်ခံပုံရိပ်က ရုပ်ရှင်အမြည်းဓာတ်ပုံကို ပိုမို ရုပ်ကြွစေပါတယ်။ ရုပ်ရှင် ထုတ်လုပ်သူတွေရဲ့ အဆိုအရ ဒါရိုက်တာ Vijay Krishna Acharya ရိုက်ကူးမယ့် အဲဒီ ရုပ်ရှင်ဟာ ပင်လယ်ပြင်ကို နောက်ခံထားမယ့် ပထမဆုံး ဘောလိဝုဒ်ရုပ်ရှင် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မင်းသား Aamir ကတော့ “အကြီးမားဆုံးလူမိုက်ကြီးအုပ်စု၊ အားလုံးကိုချစ်တယ်” လို့ အဲဒီအမြည်းဓာတ်ပုံမှာ စာရေးသားခဲ့ပါတယ်။

မင်းသားကြီးရဲ့ အမီတာရဲ့ ဇာတ်ကောင်ပိုစတာကို မြင်တွေ့ရပြီးတဲ့နောက်မှာတော့ ဇာတ်လမ်း ထဲမှာ ပါဝင်လာမယ့် မင်းသား Aamir ရဲ့ ဇာတ်ကောင်အသွင်အပြင်ကိုလည်း ပရိသတ်တွေက သိချင် နေကြပါတယ်။ ပေါက်ကြားလာခဲ့တဲ့ ရိုက်ကွင်း ဓာတ်ပုံတွေထဲမှဆိုရင် မင်းသားဟာ မမှတ်မိနိုင် လောက်အောင် ပုံစံပြောင်းလဲသွားတယ်လို့ဆိုပါတယ်။

“Thugs of Hindostan” ရုပ်ရှင်ဟာ စာရေးဆရာ Philip Meadows Taylor ရဲ့ “Confessions of a Thug and the cult of the Thuggee” ဆိုတဲ့ဝတ္ထုကိုအခြေခံထားတာပဲ ဖြစ်ပါတယ်။

အဓိက ဇာတ်ဆောင်တွေ အဖြစ် Sana Shaikh နဲ့ Katrina Kaifin တို့လည်း ပါဝင်ထားကြပါတယ်။ လာမယ့် ဒီပါဝလီ ပွဲတော်ကာလမှာ ဖြန့်ချိဖို့ စီစဉ်ထားတဲ့ အဲဒီရုပ်ရှင်ကို လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။

Ref: indianexpress

The post အမီတာဘဂျမ်းကို ရေတပ်တပ်မှူး အဖြစ်မြင်တွေ့ရမယ့် “Thugs of Hindostan” ရုပ်ရှင် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...