Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

သားနှစ်ယောက်နဲ့ တွေ့ဆုံဖို့ ကြိုးစားနေတဲ့ အဆိုတော်မိုးမိုး

$
0
0

အဆိုတော်မိုးမိုးကတော့ ယခင်က အကြောင်းအမျိုးမျိုးကြောင့် အိမ်ထောင်ရေးပြိုကွဲခဲ့ပြီး ယခုချိန်မှာတော့ နားလည်မှုရှိတဲ့ လက်တွဲဖော်နဲ့အတူ သမီးလေးတယောက် ရရှိနေပေမယ့် ယခင် အိမ်ထောင်နဲ့ ရရှိခဲ့တဲ့ သား၂ယောက်ကို တွေ့ခွင့်ရအောင် ကြိုးစားနေတယ်လို့ ဧရာဝတီကို ပြောပါတယ်။

“ရှေ့မှာလည်း ကျနော်က အမှားတွေ အများကြီး ကြုံခဲ့တယ်။ မှားခဲ့တဲ့အတွက် ကျန်တဲ့သူတွေ သက်ဆိုင်တဲ့သူတွေကို တောင်းပန်ပါတယ်။ ကျနော့်အမှားအတွက် ပရိသတ်တွေကိုလည်း တောင်းပန်ပါတယ်။ မှားခဲ့ဖူးတဲ့အတွက် ဒီတခေါက်တော့ မမှားအောင် ကြိုးစားထိန်းသိမ်းပြီးတော့ တန်ဖိုးထားရတဲ့ မိသားစုလေးဖြစ်တဲ့အတွက် ပိုပြီးတော့တောင် တန်ဖိုးထားရပါတယ်”လို့ အဆိုတော် မိုးမိုးက ပြောပါတယ်။

အခုအချိန်မှာ ရရှိနေတဲ့ မိသားစုဘဝလေးကို ပိုပြီးဂရုတစိုက်နဲ့ ထိန်းသိမ်းဖြစ်ပြီး သား၂ယောက်နဲ့သာ ပြန်လည် တွေ့ခွင့်ရမယ်ဆို ပိုပြီးပျော်ရွှင်ရမယ် ဆိုပေမယ့် သူ့ရဲ့အမှားတွေအတွက် တွေ့ခွင့် မရတာလို့ ခံယူထားပါတယ်လို့ ပြောပါတယ်။

“အခုသမီးလေးလည်း ရလာပြီဆိုတဲ့အခါကျတော့ ပိုပြီးတော့မိသားစုကို ထိန်းသိမ်းရတယ်။ ပြောချင်တာကတော့ အခု ပျော်ပျော်ရွှင်ရွှင် ဖြစ်နေရတာက သမီးလေးကြောင့်ပါပဲ။ သူ့အစ်ကိုတွေနဲ့ တွေ့ဖြစ်အောင် ကြိုးစားနေပါတယ်။ အခုချိန်ထိတော့ တွေ့ခွင့် မရသေးဘူး။ တွေ့ခွင့်ရရင်တော့ ပျော်စရာကောင်းမှာပေါ့။ ကျနော့်အမှားတွေအတွက် တွေ့ခွင့်မရဘူးလို့ ခံယူထားပါတယ်”လို့ မိုးမိုးက ပြောပါတယ်။

ယခုလက်ရှိ အမျိုးသမီးဖြစ်သူက သူ့ထက် အသက် ၁၀ နှစ်လောက်ငယ်ပေမယ့် နားလည်မှုရှိပြီး သားတွေနဲ့ တွေ့ခွင့်ရအောင်လည်း ကြိုးစားပေးတယ်လို့ ဆိုပါတယ်။

“အခုကျနော့်ရဲ့ အမျိုးသမီးကလည်း ကျနေ်ာ့အပေါ်မှာ အနွံတာခံတယ်။ အနစ်နာခံတယ်။ ဖေးမတယ်။ ကိုယ့်ထက် ၁၀ နှစ်လောက်ငယ်ပေမယ့်လည်း တကယ့်ကို အမေတယောက်လိုရော သူငယ်ချင်းတယောက်အနေနဲ့ရော ဖေးမပေးတဲ့အတွက် ပျော်ရွှင်တဲ့ဘဝလေးကို ပြန်ရလာတာပါ။ အဲဒီအတွက်လည်း ကျနော်ကျေးဇူးတင်ပါတယ်။ ရှေ့က သားတွေနဲ့ တွေ့ရအောင်လည်း ကြိုးစားပေးတယ်။ တွေ့ခွင့်ရရင် ဒီထက် ပျော်စရာကောင်းမှာပါ” လို့ မိုးမိုးက ပြောပါတယ်။

သမီးလေးကတော့ ၆ လ ခန့်ရှိနေပြီဖြစ်ပြီး နာမည်ကိုတော့ “မိုးအိပ်မက်လွှာ” လို့ပေးထားပြီးတော့ စကား မပြောတတ်သေးပေမယ့် သီချင်းလေးတွေ ညည်းတတ်နေပြီလို့ သမီးလေးအကြောင်းကို ပြောပြခဲ့ပါတယ်။

“သမီးလေးက ၆ လပဲ ရှိသေးတယ်။ ကြာသပတေးသမီး မိုးအိပ်မက်လွှာလို့ ခေါ်ပါတယ်။ ၆လပဲ ရှိသေးပေမယ့် သီချင်းတွေလျှောက်ဆိုနေတာ Facebook မှာ တွေ့မှာပါ။ လျှောက်ဆိုနေတာပါ။ စကားတောင် မပြောတတ်သေးဘူး။ တော်တော်တော့လည်တယ်”လို့ မိုးမိုးက ပြောပါတယ်။

The post သားနှစ်ယောက်နဲ့ တွေ့ဆုံဖို့ ကြိုးစားနေတဲ့ အဆိုတော်မိုးမိုး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...