သရုပ်ဆောင် အဆိုတော် ဥက္ကာမင်းမောင်က LGBT အားလုံးအတွက် သီးသန့် Facebook Page ဖွင့်ထားပါတယ်။ ဒီ Page ကိုလည်း အမှတ်တရအနေနဲ့သူ့ရဲ့ မွေးနေ့မှာ စတင်ဖွင့်ဖြစ်ခဲ့တာဖြစ်ပါတယ်။
” ကျနော် LGBT Blogger/influencer တယောက်အနေနဲ့ ခရီးအစ LGBT တွေ အားလုံးအတွက် ကျနော်ရဲ့ မွေးနေ့မှာ စတင်ပြီး ဖန်တီးမွေးဖွားလိုက်တဲ့ UNOKKARN & ME page လေးပါ။ မြန်မာလို အသံထွက်ကတော့ ယူနိုကွန်းန်ပါ” လို့ သူ့ရဲ့ Facebook မှာ တရားဝင်ပြသခဲ့တာဖြစ်ပါတယ်။
ဥက္ကာမင်းမောင်ဟာ အခုလက်ရှိမှာတော့ New York မှာနေထိုင်တာဖြစ်ပါတယ်။ အခွင့်အရေး ရရင် ရသလို New York မှာရှိတဲ့ အနုပညာအလုပ်တွေမှာလည်း ပါဝင်ကြိုးစားနေတာဖြစ်ပါတယ်။ လက်ရှိမှာ သူတည်ထောင်လိုက်တဲ့ UNOKKARN & ME page ကနေ တဆင့် မကြာခဏ ဆိုသလို ပရိသတ်တွေနဲ့ တွေ့ဆုံသွားမယ်လို့ သိရပါတယ်။
”အချိန်ရရင်ရသလို LGBT တွေနဲ့ ပတ်သက်တဲ့ Video File လေးတွေ၊သတင်းလေးတွေ၊ မိတ်ကပ်၊ဖက်ရှင်၊Personal Stories လေးတွေ၊ဟာသဗီဒီယိုလေးတွေလည်း ဒီ Page ကနေတင်သွားပါမယ်။ Official Logo ကတော့ ဆွဲတုန်းမလို့ လောလောဆယ် ဒါလေးပဲတင်ထားတယ်” ဆိုပြီးတော့ သူရဲ့ Facebook မှာရေးသားထားပါသေးတယ်။
သူ့အနေနဲ့ New York မှာရှိတဲ့ အနုပညာလောကထဲကိုလည်း ဝင်ရောက်နိုင်ဖို့ ကြိုးစားနေသူဖြစ်ပြီး အမေရိကန် ရုပ်ရှင်ဇာတ်ကားတကားဖြစ်တဲ့ ‘Dead Of Night’ Short Film မှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။
ဥက္ကာမင်းမောင်က Mister Tourism World 2016 Winner ဆုကို ရရှိပိုင်ဆိုင်ထားတဲ့ သူတယောက်ဖြစ်ပြီး သရုပ်ဆောင်ဘက်မှာရော၊ ဂီတဘက်မှာပါ အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ခဲ့သူဖြစ်ပြီး 18 Album သီချင်းခွေလည်း ထွက်ရှိထားပါတယ်။
ဥက္ကာမင်းမောင်က သူ့ရဲ့အချစ်ရေးကို ပရိသတ်များထံ ချပြခဲ့ပြီးနောက် အမျိုးသားချင်းချစ်ကြိုက်တယ်ဆိုပြီး ပရိသတ်များရဲ့ ဝေဖန်မှုအများအပြားကိုလည်း ခံနေရတဲ့ အနုပညာရှင်တဦးဖြစ်ပါတယ်။
The post LGBT တွေအတွက် Facebook Page ဖွင့်ထားပေးတဲ့ ဥက္ကာမင်းမောင် appeared first on ဧရာဝတီ.