Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ရွှေထူးအပြောခံရတော့ မျက်ရည်ကျရတယ်” ဆိုတဲ့ ရွှေထူးမိခင်ဒေါ်ယဉ်ကျေး

$
0
0

အဆိုတော်ရွှေထူးရဲ့ မိခင်ဖြစ်သူ ဒေါ်ယဉ်ကျေးက လက်ရှိအချိန် သားဖြစ်သူရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ဝေဖန်ခံနေရတဲ့အပေါ် မျက်ရည်ကျတဲ့အထိခံစားရပြီး မေတ္တာသာထားဖြစ်တယ်လို့ ဧရာဝတီကို ဆိုပါတယ်။

“သားကို ဆဲကြ၊ ဆိုကြတယ်။ နွားလို့ပြောကြတယ်။ ခံစားရတာပေါ့နော်။ မျက်ရည်ပိုးပိုးပေါက်ပေါက်ကျတယ်။ သားလေးကို အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေတာလေ။ ဒီလို ဗရမ်းဗတာတွေ ပြောကြတော့ ခံစားရတာပေါ့။ ပြီးတော့ ကျန်းမာရေးက မကောင်းဘူး။ ထစ်ခနဲဆို သွေးတိုးပြီ။ အခုလည်း စိတ်တွေအရမ်းလှုပ်ရှားနေပြီး ဆေးသောက်ထားရတယ်။အခုတော့ အန်တီက မေတ္တာနဲ့ပဲ နေသွားတော့တယ်” လို့ပြောပါတယ်။

စက်တင်ဘာ ၁၉ ရက်နေ့က ရွှေထူးရဲ့မွေးနေ့ပြုလုပ်ခဲ့တာနဲ့ ပတ်သက်လို့လည်း အခုလိုဆိုပါတယ်။

“အန်တီကမွေးနေ့ကို ရိုးရိုးရှင်းရှင်းလေးပဲလုပ်ချင်ခဲ့တာ။ တကယ်လည်း အဲဒီအတိုင်းပဲလုပ်တာ။ ဒါပေမယ့် သားပရိသတ်ကများလာတော့ အန်တီက မကြေညာလိုက်ရဘူး၊ page မှာလည်းမတင်ဘူး။ ဒါပေမယ့်တဖြည်းဖြည်းနဲ့ သိသွားကြပြီး fan တွေ၊ မီဒီယာတွေကလည်းပြောလာတော့ မငြင်းရက်တော့ဘူး“

“ အားလုံးကိုပျော်စေချင်၊ စိတ်ချမ်းသာစေချင်တယ်။ အဆင်ပြေဆုံးဖြစ်အောင် လုပ်လိုက်တာပါ။ သားကြီးကဘာမှ ကြိုမသိထားဘူး။ အန်တီပဲ ဦးဆောင်ပြီး လုပ်လိုက်တယ်။ မထင်မှတ်ဘဲ ဒီနှစ်သူ့မွေးနေ့က စည်စည်ကားကားလေး ဖြစ်သွားခဲ့တာပေါ့”လို့ ရွှေထူးမိခင် ဒေါ်ယဉ်ကျေးက ဧရာဝတီကိုပြောပါတယ်။

၈၉ မိုင်မှာ လှူဖို့အတွက် ဟိုအရင်ကတည်းက စဉ်းစားထားပေမယ့် ခုမှလှူဖြစ်တယ်လို့ သိရပြီး ရွှေထူးကစုထားတဲ့ငွေကြေးများနဲ့ ဘုရားကျောင်းဆောင်လုပ်ဖြစ်ပြီး ကျန်တာကို လှူဒါန်းဖြစ်တာလို့ ဆိုပါတယ်။

လက်ရှိဝေဖန်မှုခံနေရတဲ့ အနုပညာရှင်တဦးရဲ့ မိခင်၊မိသားစုဝင်အဖြစ် ရပ်တည်နေရတဲ့အနေအထားနဲ့ ပတ်သက်ပြီးလည်း သူက အခုလိုဆိုပါတယ်။

“အရမ်းပင်ပန်းတာပေါ့။ ဒါပေမယ့် ဘာကိုသွားတွေးလိုက်လဲဆိုတော့ ကိစ္စတခု၊အကြောင်းအရာတခုကိုရှင်းရင် ပိုရှုပ်မယ်။ သူက အနုပညာသမားဖြစ်တဲ့အတွက် ပိုပြီးသည်းခံနိုင်ရမယ်။ မြိုချနိုင်ရမယ်ဆိုတဲ့ စိတ်ကိုရသွားတယ်။ မေတ္တာထား နိုင်ရမယ်။ “

“ဟိုးအရင်ကတည်းကလည်း ရန်တွေ့တာတွေ၊ ရန်ဖြစ်တာမျိုးတွေ ရှိကိုမရှိခဲ့ဘူး။ အေးအေးဆေးဆေးနဲ့ နာမည်နဲ့လိုက်အောင် နေတတ်ခဲ့တာ။ မေတ္တာပဲပေးနိုင်ပါတယ်။ ကလေးတွေကိုလည်း မေတ္တာပဲထားပါတယ်” လို့ ဆိုပါတယ်။

အရွယ်ရောက်ပြီးအောင်မြင်နေတဲ့ အနုပညာရှင်သားကို ဘယ်လိုထိန်းသိမ်းစောင့်ရှောက်တယ်ဆိုတာကိုလည်း ဒေါ်ယဉ်ကျေးက ခုလိုပြောပြပါတယ်။

“သားကြီးရွှေထူးက စနေသားဖြစ်တော့ စိတ်ဆတ်တယ်။ မဟုတ်မခံစိတ်ရှိတယ်။ ဒါပေမယ့် ကြည့်တော့သာမာကြောမလိုနဲ့ စိတ်ကတအားငယ်တယ်။ ဒါကြောင့်သူ့ကို စိတ်ပိုင်းဆိုင်ရာ အမြဲအားပေးရတယ်။ သူကလည်း အမေကို အမြဲပြောတယ်။ တတ်နိုင်သရွေ့ဘေးကနေ ထိန်းပေးရတာပေါ့နော်”

“ခုချိန်အထိလည်း ထိန်းပေးနေတုန်းပဲ။ ဒါပေမယ့် အသက် ၂၆နှစ်ရှိပြီဖြစ်တဲ့အတွက် တချို့ကိစ္စတွေကျတော့ ကိုယ်လိုချင် တဲ့ပုံစံ ရချင်မှရမယ်လေ။ သူတို့ကိုလည်း လွတ်လပ်ခွင့်ပေးရမှာပေါ့။ အရွယ်အရ တချို့ အရာတွေ ခွင့်ပြုပေးလိုက်တဲ့ သဘောပါပဲ။ နောက်ပြီး ဒီအရွယ်မှာ မိဘတွေဆုံးမတာထက် သူတို့ကိုယ်တိုင်က သိသွားတာကပိုပြီးကောင်းတယ်။ကြုံဖူးမှ သိသွားမှာ။ အဲဒီအသိတရားကိုပဲ သူတို့ကိုပေးလိုက်တော့တယ်” လို့လည်း ဆိုပါတယ်။

ဒေါ်ယဉ်ကျေးက သားဖြစ်သူ ရွှေထူး ချစ်ရသူတိုင်းကို ချစ်ကြောင်းမေတ္တာပဲထားကြောင်း၊သားဖြစ်သူရဲ့ ပရိသတ်တွေ အားလုံးကလည်း မိမိရဲ့ သားသမီးတွေလိုပဲဖြစ်ကြောင်း၊သားက ပရိသတ်ကြီးကြိုက်တဲ့သီချင်းတွေ ဖန်တီးမှာ ဖြစ်သလို၊ သားကြိုက်တဲ့ သီချင်းတွေလည်း ဖန်တီးခွင့်ပေးပါလို့ တောင်းဆိုချင်ကြောင်း ဧရာဝတီကို ပြောပြပါတယ်။

ဆက်စပ်သတင်းလင့်ခ်ရှုတင်ဖျက်ပြီး အချိန်ပေးတဲ့ချစ်သူကြောင့် မွေးနေ့မှာ ပျော်ရွှင်နေတဲ့ ရွှေထူး

The post “ရွှေထူးအပြောခံရတော့ မျက်ရည်ကျရတယ်” ဆိုတဲ့ ရွှေထူးမိခင်ဒေါ်ယဉ်ကျေး appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...