Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“ကောင်းတာဝေဖန်ရင်ခေါင်းထဲထည့်တယ် မကောင်းတာပြောရင် ခေါင်းထဲမထည့်ဘူး”

$
0
0

Myanmar Idol Season 3 မှာ Winner ဆုရရှိခဲ့ပြီး ပရိသတ်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ ဖြိုးမြတ်အောင်က သရုပ်ဆောင်လုပ်ဖို့ ကမ်းလှမ်းလာခဲ့ရင်လည်း သရုပ်ဆောင်မလုပ်ဘဲ အဆိုတော်ပဲလုပ်မှာပါလို့ ဧရာဝတီကိုဆိုပါတယ်။

“ကျနော့်ကို ပရိသတ်တွေ အရမ်းအားပေးတော့ တာဝန်တွေပိုကြီးသွားတယ်လို့ ခံစားရတယ်။ အမြဲတမ်းဘာပဲလုပ်လုပ် အသိ၊ သတိနဲ့ နေရတယ်။ သူတို့စိတ်ပျက်သွားမှာစိုးလို့လေနော်။ ပရိသတ်တွေအတွက် ပိုကြိုးစားရမယ် တာဝန်တွေ ပိုကြီးလာတယ်။ အခုလတ်တလောကတော့ ပွဲတွေဆိုနေတယ်။ ကြော်ငြာလေးတွေနဲ့ ပြက္ခဒိန်လေးတွေ ရိုက်နေတယ်”

“၉ လပိုင်း တလလုံးတော့ရှိတဲ့ အလုပ်လေးတွေ လက်ခံတယ်။ ၁၀ လ ပိုင်း ၁၁ လ ပိုင်းမှာ သီချင်းခွေ အတွက်လုပ်မယ်။ အွန်လိုင်းကနေ သီချင်းတွေ တင်သွားဖို့ရှိတယ်။ အခုကတော့ အချိန်မရှိသေးလို့။ တင်ဖြစ်ရင်တော့ ဧရာဝတီနဲ့ ပတ်သက် တဲ့ သီချင်းလေးတပုဒ်တင်ဖို့ရှိတယ်။ ကျနော်ကို သရုပ်ဆောင်လုပ်ဖို့ ကမ်းလှမ်းလာခဲ့ရင်လည်း သရုပ်ဆောင် မလုပ်ချင် ပါဘူး။ အဆိုကိုပဲလုပ်မှာပါ” လို့ ဆိုပါတယ်။

ဆက်လက်ပြီး ဖြိုးမြတ်အောင်က ” ကျနော်က သီချင်းဆိုတဲ့အလုပ်ကိုပဲ ဝါသနာပါတာ။ ကျနော်အိမ်မက်ကလည်း အဆိုတော်တယောက်ပဲ ဖြစ်ချင်တာပါ။ ကျနော့်ကို ပရိသတ်တွေကသူတို့နဂိုတည်းက စုထားတဲ့ ပိုက်ဆံလေးရယ် ကျနော်မှာရှိတာလေးရယ်နဲ့ ကားဝယ်ဖြစ်လိုက်တာပါ။ ၃ လပိုင်းထဲမှာ ဘုရားထီးတင်မယ်။ သီတင်းကျွတ်မှာတော့ ထီးတော်ချမှာပါ” လို့ ပြောပါတယ်။

ပြိုင်ပွဲပြိုင်နေစဉ်တည်းက ဝေဖန်မှုတွေနဲ့ အနုပညာလမ်းကြောင်းကိုလျှောက်လှမ်းလာတဲ့ ဖြိုးမြတ်အောင်က ကောင်းတာဝေဖန်ရင်တော့ နားထောင်လိုက်ပြီး မကောင်းတာဝေဖန်ရင်တော့ ခေါင်းထဲကိုမထည့်ဘဲ လျစ်လျူရှု ထားလိုက်တယ် လို့ဆိုပါတယ်။

“ကျနော်က ရုပ်ရှင်မင်းသားလုပ်မှာမဟုတ်ဘူး။ အသံနဲ့ပဲ အလုပ်လုပ်မှာ ဖြစ်တဲ့အတွက် အသံကိုပဲဂရုစိုက်တယ်။ ဖက်ရှင်ပိုင်းတွေကိုလည်း သိပ်စိတ်မဝင်စားဘူး။ ကိုယ်တိုင်လည်း သီချင်းတွေရေးတယ်။ အခုမှ စရေးကာစဆိုတော့ ဉာဏ်မှီသလောက်ဟာလေးတွေပဲ ရေးပါတယ်။ ဖက်ရှင်ပိုင်းတွေကို ကျနော်စိတ်ထဲမတွေးဘူး”

“စိတ်ထဲရှိတာ ကောက်ဝတ်လိုက်တာပဲ။ မျက်နှာပိုင်းအသားအရေပိုင်းတွေကအစ ဘာမှလုပ်ဖို့မရှိဘူး။ ဝက်ခြံထွက်တာ ကလည်း အချိန်တန်ရင်ပျောက်သွားမှာပါ။ အိပ်ရေးတွေကလည်း အရမ်းပျက်နေတာကြောင့် ဝက်ခြံတွေထွက်နေတာပါ။ ကျနော်ကို နားလည်ပေးကြပါ။ အလုပ်တွေရှုပ်နေတာကြောင့် အချိန်မပေးနိုင်တာကိုလည်း ပရိသတ်တွေ နားလည်ပေး ကြပါ”

“ကျနော်ပိုပြီးလည်း ကြိုးစားနေမှာပါ။ တယောက်နဲ့ တယောက် ရန်မဖြစ်ကြပါနဲ့ စည်းလုံးကြပါ။ ကျနော့်ကိုကောင်းတာ ဝေဖန်ရင် နားထောင်လိုက်တယ်။ မကောင်းတာဆိုခေါင်းထဲ ကို မထည့်ဘူး။လျစ်လျူရှုထားလိုက်တယ်” လို့ပြောပါတယ်။

ဖြိုးမြတ်အောင်က လက်ရှိမှာတော့ အနုပညာလုပ်ငန်းများကို တစိုက်မတ်မတ်ကြိုးစားနေသူတယောက်ဖြစ်ပြီး အကယ်ဒမီပိုင်ဖြိုးသုနဲ့လည်း တွဲဖက်ကာကြော်ငြာရိုက်ကူးခဲ့ပါတယ်။

The post “ကောင်းတာဝေဖန်ရင်ခေါင်းထဲထည့်တယ် မကောင်းတာပြောရင် ခေါင်းထဲမထည့်ဘူး” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...