Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အိမ်မှာ တိတ်တဆိတ် တွေ့ဆုံနေတဲ့ ဘရက်ပစ်နဲ့ ဂျိုလီ

$
0
0

ကမ္ဘာကျော် အနုပညာရှင်စုံတွဲ တတွဲဖြစ်ခဲ့ဖူးတဲ့ မင်းသား ဘရက်ပစ်နဲ့ မင်းသမီး အန်ဂျလီနာဂျိုလီတို့ဟာ ခါးသီးဖွယ်ကောင်းတဲ့ လမ်းခွဲမှုနောက်ပိုင်းမှာ ဇာတ်လမ်းတခု အသစ်ပြန်စဖို့ အစပျိုးနေတဲ့ပုံလို့ ထင်ရပါတယ်။

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့မှာ ဂျိုလီက ကွာရှင်းခွင့်တောင်းခံခဲ့ချိန်ကစလို့ သူတို့ရဲ့ ကလေး ၆ ယောက်ကို ထိန်းသိမ်းစောင့်ရှောက်ခွင့်နဲ့ ပတ်သက်လို့ ခက်ခဲတဲ့အမှုနဲ့ ရင်ဆိုင်နေရပေမယ့် သတင်းရင်းမြစ်တခုရဲ့ အဆိုအရ မင်းသမီး ဂျိုလီဟာ မိဘအဖြစ် ပူးတွဲထမ်းဆောင်ဖို့ ဆက်ဆံရေးတခုကို မင်းသား ပစ်နဲ့အတူ တိုးမြှင့်နိုင်ခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

“ဘရက်ပစ်နဲ့ ဂျိုလီတို့ဟာ သူ့(ဂျိုလီ) ရဲ့အိမ်မှာ လျှို့ဝှက် တွေ့ဆုံနေကြပါတယ်။ ကလေးတွေကိစ္စ သူတို့နှစ်ဖက်ကြား စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ဆောင်ခဲ့ချိန်ကစလို့ သူတို့တွေ အလုပ်အတူတူ ပြန်လုပ်တာ ဒါပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ပစ်နဲ့ ဂျိုလီတို့ရဲ့ တွေ့ဆုံမှုဟာ အောင်မြင်မှုရခဲ့ပါတယ်။ သူတို့ဟာ တရားရုံးစီရင်ချက်တွေကနေ တဆင့် ချမှတ်လိုက်မယ့် အစီအစဉ်အတိုင်း နေထိုင်သွားကြမှာပါ” လို့ အဆိုပါ သတင်းရင်းမြစ်က ပြောကြားခဲ့ပါတယ်။

ဂျိုလီအနေနဲ့ အလုပ်ဖြစ်မယ့် အလုပ်တွေလုပ်ဆောင်ဖို့ ဆုံးဖြတ်ထားပြီး ဘရက်ပစ်ကလည်း အဲဒီကမ်းလှမ်းချက်အတွက် အဆင်သင့်ဖြစ်နေပြီလို့ဆိုပါတယ်။ သူတို့တွေဟာ ကလေးတွေအတွက် ခိုင်မာတည်ငြိမ်တဲ့ အခြေအနေတခုကို ဖန်တီးနိုင်မယ့် နေရာတခုကို နောက်ဆုံးတော့ ရောက်ရှိနိုင်တော့မယ်လို့ ထင်တဲ့အကြောင်း အဲဒီသတင်းရင်းမြစ်က ပြောဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လမှာ ဂျိုလီဟာ အသက် ၅၄ နှစ်အရွယ် ဘရက်ပစ်က အမှုရင်ဆိုင်နေရချိန် အချိန် တနှစ်ခွဲကာလအတွင်းမှာ အဓိပ္ပာယ်ပြည့်ဝတဲ့ ကလေးထောက်ပံ့မှု တစုံတရာမပေးခဲ့ဘူးလို့ စွပ်စွဲထားပြီး ကလေးစရိတ်ပေးစေဖို့ အမိန့်ချမှတ်ပေးဖို့ တရားရုံးကို တောင်းဆိုဖို့ စီစဉ်ထားပါတယ်။

မင်းသားပစ် ဖက်မှာရှိတဲ့ ရှေ့နေတွေက သိသာထင်ရှားတဲ့ ကလေးထောက်ပံ့စရိတ် မပေးခဲ့ဘူးဆိုတဲ့ စွဲချက်ကို ငြင်းဆိုခဲ့ပြီး ၂၀၁၆ ခုနှစ် စက်တင်ဘာလမှ သူတို့နှစ်ဦး လမ်းခွဲပြီးချိန်ကတည်းက ဂျိုလီဆီကို ဒေါ်လာ ၉ သန်းပေးခဲ့တယ်လို့ ပြောဆိုထားပါတယ်။

ကလေးတွေဟာ သူတို့ရဲ့ ဖခင်ဖြစ်သူကို သတိရတဲ့အတွက်ကြောင့် ကလေးတွေရဲ့ အပြုအမူ ပြောင်းလဲလာတာကို ဂျိုလီက သတိထားမိလာခဲ့ပြီး ကွာရှင်းမှုနဲ့ ပတ်သက်လို့ ကလေးတွေရဲ့ တုံ့ပြန်မှုဟာ ဂျိုလီ့ကို ကျဉ်းထဲကျပ်ထဲ အခြေအနေမှာ ကြိုးစားဖို့ ဖြစ်လာရစေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သူတို့နှစ်ဦးရဲ့ အခုလိုမျိုး လျှို့ဝှက်တွေ့ဆုံမှုဟာ နှစ်ဦးသားအတွက် ကြီးမားတဲ့ ခြေလှမ်းတရပ် ဖြစ်တယ်လို့ အဲဒီသတင်းရင်းမြစ်က ထောက်ပြပါတယ်။ ဂျိုလီက ကွာရှင်းဖို့ လုပ်ငန်းစဉ်ကို ရှေ့တိုးလုပ်ဆောင်ချင်နေတဲ့အကြောင်း ပြီးခဲ့တဲ့ သြဂုတ်လတုန်းက သူ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုထားပါတယ်။

ပစ်နဲ့ ဂျိုလီတို့ နှစ်ဦးလုံးဟာ ကလေးတွေအတွက် ချစ်ကြည်ရင်းနှီးတဲ့ သူတို့ရဲ့ ဆက်ဆံရေးကို ထိန်းသိမ်းဖို့ အကြောင်းနဲ့ ပတ်သက်လို့ ပြောဆိုခဲ့ကြပြီး ဖြစ်ပါတယ်။

ဆက်စပ်သတင်းလင့်ခ်
ဂျိုလီနဲ့ကလေးတွေကို ထောက်ပံ့ငွေ ဒေါ်လာ ၁ သန်းကျော် ပေးခဲ့ကြောင်း ဘရက်ပစ် ပြန်လည် ချေပ
ကလေးစရိတ် လုံလုံလောက်လောက် မပေးခဲ့ကြောင်း ဘရက်ပစ်ကို ဂျိုလီ စွပ်စွဲ
ကလေးများကို အုပ်ထိန်းခွင့် သဘောတူညီချက် အသစ် ရခဲ့တဲ့ ဂျိုလီတို့ စုံတွဲ

The post အိမ်မှာ တိတ်တဆိတ် တွေ့ဆုံနေတဲ့ ဘရက်ပစ်နဲ့ ဂျိုလီ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...