Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

အောင်မြင်ကျော်ကြားပြီး ရေရှည် ခိုင်မြဲကြတဲ့ ကမ္ဘာကျော် အနုပညာရှင်စုံတွဲများ

$
0
0

နိုင်ငံတကာအနုပညာရှင်တွေရဲ့ အိမ်ထောင်ရေး အဆင်မပြေမှုတွေ၊ အကွဲအပြဲ ဇာတ်လမ်းတွေ မကြာခဏဆိုသလို သတင်းတွေမှာ ကြားသိနေရပေမယ့် အခုဖော်ပြပေးမယ့် ကမ္ဘာကျော် အနုပညာရှင် စုံတွဲတွေကတော့ Relationship သက်တမ်း ကြာရှည်ခိုင်မြဲကြတဲ့ စုံတွဲတွေပဲ ဖြစ်ပါတယ်။

(၁) Tom Hanks and Rita Wilson

မင်းသားကြီး Tom Hanks နဲ့ ဇနီးဖြစ်သူ Rita Wilson တို့ဟာ ဆိုရင် လက်ရှိအချိန်မှာ အိမ်ထောင်သက် ၂၈ နှစ်ကြာနေပြီဖြစ်ပြီး သူတို့နှစ်ဦးဟာ တယောက်နဲ့တယောက် အကျင့်စရိုက် ကွဲပြားတာမျိုးတွေ ရှိပေမယ့် ဒီလိုကွဲပြားနေတာမျိုးကိုပဲ သဘောကျတယ်လို့ မင်းသားကြီး Tom Hanks က အင်တာဗျူးတခုမှာ ဖြေကြားခဲ့ဖူးပါတယ်။

(၂) John Travolta and Kelly Preston

ဟောလိဝုဒ်ရဲ့ သက်တမ်းရှည်ကြာတဲ့ စုံတွဲတွေထဲမှာ အပါအဝင်ဖြစ်တဲ့ John Travolta တို့ စုံတွဲဟာ အိမ်ထောင်သက် တလျှောက် ခက်ခဲတဲ့ အချိန်ကာလတွေကို အတူတကွ ဖြတ်ကျော်ခဲ့ကြရတယ်လို့ ဆိုပြီး လက်ရှိအချိန်မှာ အိမ်ထောင်သက် ၂၅ နှစ်ကျော် သက်တမ်းရှိနေပြီပဲ ဖြစ်ပါတယ်။

(၃) Will Smith and Jada Pinkett Smith

မင်းသမီး Jada Pinkett Smith က သူမကို သရုပ်ဆောင်အဖြစ် “The Fresh Prince of Bel-Air series 1995” အတွက် ရွေးချယ်ခံခဲ့ရချိန်မှာပဲ Will Smith နဲ့ Jada တို့ဟာ စုံတွဲတွေ ဖြစ်သွားခဲ့ကြပါတယ်။ “Will နဲ့ ကျမဟာ တယောက်ကိုတယောက် နားလည်မှုရှိတယ်၊ပြီးတော့ ကျမရဲ့အလှကို သူပဲ မြင်နိုင်တယ်” လို့ သူက အင်တာဗျူးတခုမှာ ဖြေကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

(၄) David Beckham and Victoria Beckham

နာမည်ကြီး စုံတွဲတတွဲဖြစ်တဲ့ ကမ္ဘာကျော်ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းနဲ့ ဗစ်တိုးရီးယား ဘက်ခမ်းတို့ စုံတွဲဟာဆိုရင် အိမ်ထောင်သက် ၁၇ နှစ်ခန့် ကြာမြင့်နေပြီဖြစ်ပြီး မိသားစု သိုက်သိုက်ဝန်းဝန်းနဲ့ လူတိုင်း အားကျရတဲ့ စုံတွဲတတွဲပဲ ဖြစ်ပါတယ်။

(၅) Hugh Jackman and Deborra-Lee Furness

Wolverine နဲ့ Logan မင်းသားကြီး Hugh Jackman တို့စုံတွဲဟာဆိုရင် အိမ်ထောင်သက် နှစ် ၂၀ ခန့် ကြာပြီဖြစ်ပြီး Hugh နဲ့ Deborra တို့ဟာ သြစတြေးလျ တီဗီရှိုးတခုဖြစ်တဲ့ Correlli မှာ တွေ့ဆုံခဲ့တဲ့နောက် သိပ်မကြာခင်မှာ လက်ထပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

Ref : brightside.me

The post အောင်မြင်ကျော်ကြားပြီး ရေရှည် ခိုင်မြဲကြတဲ့ ကမ္ဘာကျော် အနုပညာရှင်စုံတွဲများ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...