Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ပရိသတ်တွေကို အင်္ဂလိပ်သီချင်းတပုဒ် ပေးဖို့ ကြိုးစားနေတဲ့ နီနီခင်ဇော်

$
0
0

အသံအား ကောင်းကောင်းနဲ့ သီချင်းတွေကို သီဆိုတတ်ပြီး ပရိသတ်အခိုင်အမာ ရရှိထားတဲ့ အဆိုတော် နီနီခင်ဇော်က အင်္ဂလိပ်သီချင်း တပုဒ် ပရိသတ်တွေကို ၂၀၁၉ ခုှနှစ်၊ ဇန်နဝါရီလမှာ ပေးနိုင်အောင် ကြိုးစားနေပါတယ်လို့ ဆိုပါတယ်။

“နီနီ Single Song တွေ သွင်းနေပါတယ်။ ပြည်တွင်းမှာလည်း အသံသွင်းတယ်။ ပြည်ပမှာလည်း မပြီးသေးတဲ့အလုပ် တချို့လုပ်နေပါတယ်။ နီနီ အင်္ဂလိပ် သီချင်းတပုဒ် သွင်းနေပါတယ်။ ပရိသတ်တွေကို ဇန်နဝါရီလောက်မှာ ပေးနိုင်အောင် ကြိုးစားနေပါတယ်။ ပွင့်လင်းရာသီဖြစ်နေတော့ နယ်ပွဲတွေ တောက်လျှောက် ဆိုဖြစ်နေပါတယ်။ Music Video တွေလည်း တင်ဖို့ ရှိပါတယ်”လို့ နီနီခင်ဇော်က ပြောပါတယ်။

“ထူးထူးဆန်းဆန်းလေးတွေ ရှေ့လမှာ ရိုက်ဖို့တော့ ရှိတယ်။ ပရိုဂျူဆာနဲ့ တိုင်ပင်ပြီးရိုက်နေရတော့ ကြန့်ကြာမှုလေးတွေ ရှိနေတော့ အဲဒီအတွက် တော်တော်ကျော်ဖြတ်နေရတယ်။ ထိုင်ဝမ်မှာ သီဆို ဖျော်ဖြေဖို့ ရှိပါတယ်။ သီတင်းကျွတ် သွားမှာပါ။ တရုတ်လို ဆိုရတာ အခက်အခဲတော့ ရှိတယ်။ ကိုယ့်ဘာသာစကားလည်း မဟုတ်ဘူး။ တတ်လည်း မတတ်ဘူး။ အခက်အခဲတွေ ရှိတယ်”လို့ နီနီခင်ဇော်က ပြောပါတယ်။

အွန်လိုင်းခေတ်ဖြစ်နေတာကြောင့် အွန်လိုင်းမှာ Music Video တွေလည်း များလာတော့ မတူအောင် အကောင်းဆုံး ကြိုးစားပြီး လုပ်ရတယ်လို့ နီနီခင်ဇော်က ပြောပါတယ်။

“နီနီထွက်ခဲ့တဲ့ U ကတော့ Music Video လာပါလိမ့်မယ်။ တပုဒ်စီ သွားပါလိမ့်မယ်။ ကြာပါလိမ့်မယ်။ နောက်ထပ် အယ်လ်ဘမ်တခုကတော့ အခုလာမယ့် နှစ်ဆန်းပိုင်းလောက်မှာ ထွက်ဖို့ ကြိုးစားနေပါတယ်။ နာမည် လုံးဝ မစဉ်းစားရသေးပါဘူး။ နီနီက နာမည်ကို ခွေထွက်ခါနီး တပတ်လောက်မှ စဉ်းစားတာမို့ပါ။ အခုက အွန်လိုင်းခေတ်ဆိုတော့ တပုဒ် တပုဒ်က ပြန့်နေတယ်။ အရင်တုန်းကခွေကို ကြိုးစားပြီး ရိုက်ကြတယ်”လို့ နီနီခင်ဇော်က ဆိုပါတယ်။

“သိမ်းထားချင်တဲ့ ပရိသတ်တွေလည်းသိမ်းထားလို့ရအောင် U ကို Music Video ထွက်မှာပါ။ အွန်လိုင်းမှာ MV တွေလည်း များလာတော့ မတူအောင်လို့ အကောင်းဆုံးကြိုးစားပြီး လုပ်ရတာပေါ့။ ခိုးကူးခေတ်တုန်းက ခွေထွက်ရတာ ပိုလွယ်တယ်။ ခုနောက်ပိုင်းမှာ အွန်လိုင်းခေတ်ဖြစ်လာတော့ MV လုပ်တာတွေရော သီချင်းလုပ်တာတွေရော အွန်လိုင်းပေါ်ပဲ တန်းတင်လိုက်ရသလို့ဖြစ်နေတယ်”လို့ နီနီခင်ဇော်က ပြောပါတယ်။

“အနုပညာကိုလည်း ချစ်တယ်။ Artist ကိုလည်း မြတ်နိုးတယ် ဆိုရင် မူရင်းခွေကို သိမ်းပြီးဝယ် စုတာ မြန်မာနိုင်ငံမှာလည်း ရှိကြပါတယ်။ ဒါကြောင့် နီနီတို့လို အဆိုတော်တွေ အားလုံး ပိုပြီး ရုန်းကန်လာရတယ်။ အလုပ်တွေ ပိုကြိုးစားရတယ်။ ပွဲတွေ ပိုဆိုရတယ်။ ထွက်လိုက်တဲ့ခွေကနေ ရရှိတဲ့ ဝင်ငွေဆိုတာ မရပါဘူး” လို့ နီနီခင်ဇော်က ပြောပါတယ်။

အဆိုတော် နီနီခင်ဇော်ကတော့ Melody World ပြိုင်ပွဲကနေ အနုပညာလောကကို ရောက်ရှိလာခဲ့ပြီး ဂီတလှုပ်ရှားမှုတွေ လုပ်ကိုင်ရင်း သူမ ဝါသနာပါရာ စီးပွားရေးဖြစ်တဲ့ Super Red အလှကုန် ပစ္စည်းများကိုလည်း ကိုယ်တိုင် ထုတ်လုပ်နေသူ တဦး ဖြစ်ပါတယ်။

ဆက်စပ်သတင်းလင့်ခ်များ

အဖြူရောင်တွေနဲ့ ချစ်ခြင်းမေတ္တာတွေကို ဖွဲ့ဆိုထားတဲ့ နီနီခင်ဇော်ရဲ့ “Stand by Me”

အသက်၂၇ နှစ်ပြည့်သွားပြီ ဖြစ်တဲ့ အဆိုတော် နီနီခင်ဇော်

The post ပရိသတ်တွေကို အင်္ဂလိပ်သီချင်းတပုဒ် ပေးဖို့ ကြိုးစားနေတဲ့ နီနီခင်ဇော် appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...