Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

“Now & Ever” ကို မြန်မာကားဖြစ်အောင် ရိုက်မယ့် ဒါရိုက်တာ ခရစ္စတီးနားခီ

$
0
0

ဒါရိုက်တာ ခရစ္စတီးနားခီ ထပ်မံ ဖန်တီးရိုက်ကူးမယ့် “Now & Ever” လို့ အမည်ပေးထားတဲ့ ရုပ်ရှင်ဇာတ်ကားမှာတော့ အရင်ဇာတ်ကားတွေနဲ့ မတူညီတဲ့ အချစ်ကားတကားအဖြစ် ပုံဖော်ထားပြီး မြန်မာကားဖြစ်အောင် ရိုက်သွားမယ်လို့ ဒါရိုက်တာ ခရစ္စတီးနားခီက ပြောပါတယ်။

“မြန်မာကားဖြစ်အောင် လုပ်မယ်။ ဇာတ်ညွှန်းက ကိုဇဏ်ခီရေးတယ်။ သူ့ကိုလည်း ပြောတယ်။ နိုင်ငံခြားကားတွေလိုမျိုး မဖြစ်ချင်ဘူး။ ရုပ်ရှင်ကတော့ ရုပ်ရှင်သဘာဝအတိုင်း သွားမယ်။ မြန်မာလင်မယားနေတဲ့ ပုံစံမျိုးလေးပေါ့။ အဲဒါကိုပဲ တချို့နေရာတွေကို မြန်မာဆန်တာလေး ထည့်မယ်ပေါ့”လို့ ဒါရိုက်တာ ခရစ္စတီးနားခီက ပြောပါတယ်။

ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ တတိယမြောက်ကားဖြစ်တဲ့ “Now & Ever” ရုပ်ရှင်ကတော့ အရှေ့မှာ ရိုက်ကူးထားခဲ့တဲ့ “မုဒြာရဲ့ ခေါ်သံ”၊ “ဥပါယ်တံမျဉ်” ရုပ်ရှင်ဇာတ်ကားများနဲ့ ကွဲထွက်တဲ့ ပုံစံကို မြင်ရမှာဖြစ်ပြီး ဒီကားအတွက် ဇာတ်ညွှန်းကိုလည်း ဇဏ်ခီကိုယ်တိုင် ရေးသားထားတာဖြစ်တယ်လို့ သိရပါတယ်။

“အရင်ကနဲ့တော့ မတူဘူးပေါ့နော်။ ဒီကားကကျတော့ အချစ်ကား၊ ကျမကားတွေ များသောအားဖြင့်က အချစ်ဘက်ကို ဦးတည်ပြီး မရိုက်ထားဘူးလေ။ မုဒြာရဲ့ခေါ်သံကလည်း ယဉ်ကျေးမှုနဲ့ မိဘရှာတဲ့ ကားလေး။ အချစ်က အနောက်မှာပဲ ကျန်ခဲ့တယ်။ ဥပါယ်တံမျဉ်ကလည်း တကယ့်အချစ်ကြီး မဟုတ်ပြန်ဘူး။ ဒီကားကကျတော့ တကယ့်အချစ်ပဲ။ အချစ်ကနေ ပေါက်ဖွားလာပြီးတော့ ဘဝတခုက ကောင်းခြင်း၊ ဆိုးခြင်းတွေကို အတူရင်ဆိုင်ရတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ အရာပေါ့” လို့ ဒါရိုက်တာ ခရစ္စတီးနားခီက ပြောပါတယ်။

မကြာခင်ရိုက်ကူးမယ့် “Now& Ever” အပြင် Central Base Production အတွက် သရုပ်ဆောင် အသစ်များကိုလည်း ရွေးချယ်လျက်ရှိပြီး ရွေးချယ်နေမှု အခြေအနေကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

“ဒီနေ့ဆိုရင် ကျမတို့ ထုတ်လုပ်ရေးကနေ Casting လျှောက်လွှာကို ဒီနေ့ ပိတ်ပြီ။ တော်တော် များများလည်း လျှောက်ကြတယ်။ အစက ပိတ်လိုက်မလားလို့ စဉ်းစားပေမယ့် ၂ ပတ်အထိ ဖွင့်ပေးထားလိုက်တယ်။ စိတ်ဝင်စားတဲ့သူတွေ များတဲ့အတွက် ဝမ်းသာတယ်။ Now & Ever အတွက်ကတော့ ကျမတို့ Team က လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်နေတယ်။ Location တွေ ရှာဖို့လုပ်နေပြီ။ နောက်ပြီး Team ကို ဒီတခေါက်တော့ အလုပ်တွေ ခွဲပေးနိုင်အောင် ကြိုးစားနေပါတယ်” လို့ ဒါရိုက်တာ ခရစ္စတီးနားခီက ဆိုပါတယ်။

ဒါရိုက်တာ ခရစ္စတီးနားခီ အရင်ဆုံး ရိုက်ကူးဖန်တီးမယ့် ဇာတ်ကားကတော့ “Now & Ever” ရုပ်ရှင်ဖြစ်ပြီး အဆိုပါ ဇာတ်ကားပြီးရင်တော့ ဇာတ်လမ်းတွဲနဲ့ “သီတာ” ရုပ်ရှင်ဇာတ်ကားကြီးကို ဆက်တိုက် ဖန်တီးသွားမယ်လို့ သိရပါတယ်။

မြန်မာရုပ်ရှင်လောကမှာ မတူညီတဲ့ ဖန်တီးမှုများနဲ့ ရောက်လာခဲ့ကြတဲ့ သရုပ်ဆောင် ဇဏ်ခီနဲ့ ဒါရိုက်တာ ခရစ္စတီးနားခီတို့ရဲ့ အနုပညာဖန်တီးမှုများကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေကတော့ ဘယ်လို ဖန်တီးမှုမျိုး ရောက်လာမလဲ ဆိုတာကို ရင်ခုန်လျက် ရှိပါတယ်။

ဆက်စပ် သတင်းလင့်ခ်များ
သရုပ်ဆောင်ရွေးပွဲ လျှောက်သူတွေအတွက် ဇဏ်ခီရဲ့ အကြံပြုစကား

“Now & Ever” ရုပ်ရှင်ကားအတွက် ခီမောင်နှံ သရုပ်ဆောင်သစ်များ ခေါ်ယူလျက်ရှိ

The post “Now & Ever” ကို မြန်မာကားဖြစ်အောင် ရိုက်မယ့် ဒါရိုက်တာ ခရစ္စတီးနားခီ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles