Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

တေးသံရှင် ကိုင်ဇာ ဦးဆောင် ပြုလုပ်မယ့် “လိမ္မော်ရောင်ကောလိပ် ဂီတည”

$
0
0

တက္ကသိုလ်မြေကိုချစ်တဲ့ အဆိုတော် ကိုင်ဇာက သူငယ်ချင်း ကျောင်းသား၊ ကျောင်းသူတွေ ပြန်လည် ဆုံစည်းဖို့ စိတ်ကူးနဲ့ “လိမ္မော်ရောင်ကောလိပ်” Facebook Page ကို တည်ထောင်ခဲ့ပြီး အဲဒီကနေ တဆင့် ဆရာကန်တော့ပွဲ၊ ရန်ပုံငွေ ဂီတပွဲများကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။

တေးသံရှင် ကိုင်ဇာက ယခုနှစ်မှာလည်း တက္ကသိုလ်ဆရာ၊ ဆရာမများ ကျန်းမာရေးစောင့်ရှောက်မှု ရန်ပုံငွေပွဲအဖြစ် ဒုတိယအကြိမ်မြောက် “လိမ္မော်ရောင်ကောလိပ် ဂီတည” ဖျော်ဖြေပွဲကြီးကို ဦးစီးပြီး စီစဉ်နေတယ်လို့ သိရပါတယ်။

“မနှစ်က ပထမအကြိမ် ဆရာကန်တော့ပွဲလုပ်တော့ ဆရာ၊ ဆရာမ ၆၀၀ ကျော် တက်ရောက်တယ်။ အဲဒီထဲမှာ အယောက် ၁၀၀ ကျော်က အသက်တွေ အရမ်းကြီးပြီးတော့ အင်အားတွေ အရမ်း နည်းနေတယ်။ ကျောင်းသူ၊ ကျောင်းသားတွေ မြင်ရတာ စိတ်မကောင်းဘူး။ စောင့်ရှောက် ချင်လိုက်တာ။ ကူညီချင်လိုက်တာ။ မကျန်းမာလို့ ဆေးရုံတက်ရင် ကျောထောက် နောက်ခံရော ကောင်းရဲ့လား။ ငါတို့ကျောင်းသားတွေ စုပြီးတော့ ရန်ပုံငွေတခု ရှိမှဖြစ်မယ်ဆိုတဲ့ ရည်ရွယ်ချက်တခု ထပ်ပိုတိုးလာတယ်” လို့ အဆိုတော် ကိုင်ဇာက ပြောပါတယ်။

ဆက်လက်ပြီး သူက “ကျောင်းသားဟောင်းတွေထဲမှာ တချို့က အခြေအနေကောင်းပြီး အင်အားကြီးနေသူတွေလည်း ရှိပါတယ်။ သူတို့ကလည်း ကျောင်းတော်ကြီးနဲ့ ပတ်သက်ရင် နှုတ်၏ စောင်မခြင်း၊ လက်၏ စောင်မခြင်း၊ အလှူငွေတွေနဲ့ ဝိုင်းပံ့ပိုးကြတယ်။ ဒီတော့ ကျနော်တို့ ကျောင်းတော်ကြီးပွဲ လုပ်ရတာ တာဝန်ကြီးပေမယ့်လည်း ကျနော် ရဲဝံ့စွာနဲ့ အဲဒီတာဝန်ကို ယူပြီးတော့ လုပ်ဖြစ်ပါတယ်။ အောင်မြင်မယ်လို့လည်း ယုံကြည်တယ်။ ကြိုးလည်း ကြိုးစားပါ့မယ်”လို့ ကိုင်ဇာက ဆိုပါတယ်။

ဒုတိယအကြိမ် “လိမ္မော်ရောင်ကောလိပ် ဂီတည” ဖျော်ဖြေပွဲကြီးကို အောက်တိုဘာလ ၆ ရက်နေ့၊ ညပိုင်း၊ သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်းမှာ ကျင်းပမှာဖြစ်ပြီး ၁၉၇၆-၁၉၉၆ ခုနှစ်က ကျောင်းတော်ပြီးမှာ တက်ရောက်ရင်း သီချင်းတွေနဲ့ နာမည်ကြီးခဲ့တဲ့ အဆိုတော်ကြီးများ ပါဝင်သီဆိုကြမှာပါ။

ဒီပွဲမှာ စီစဉ်သူ တေးသံရှင် ကိုင်ဇာက ပါဝင်သီဆိုကြမယ့် အဆိုတော်ကြီးတွေကို သီချင်း ၂ ပုဒ်စီ ဆိုဖို့နဲ့ ပရိသတ်သိပြီး လိုက်ဆိုနိုင်တဲ့ သီချင်းမျိုးကို ရွေးဆိုဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

“အောင်မြင်တဲ့ သီချင်းတွေ များစွာရှိတဲ့ အဆိုတော်တွေအတွက်တော့ ဒီပွဲမှာ ၂ ပုဒ်ဆိုတာ ရွေးရ ခက်တာပေါ့လေ။ ဒါပေမယ့် အများနဲ့ လုပ်ရတာကြောင့်မို့ပါ။ ကျနော်က အားလုံးပျော်မယ့် သီချင်း ၂ ပုဒ်လောက်တော့ စီစဉ်မယ်။ ကျနော့် အကျင့်လေးလည်း ရှိတယ်။ ဘာလုပ်ပြမလဲ မမေးနဲ့။ တခုခုတော့ လုပ်မှာပါ”လို့ တေးသံရှင် ကိုင်ဇာက ဆိုပါတယ်။

အရင်ကတက္ကသိုလ်နဲ့ ပတ်သက်တဲ့ သီချင်းတွေ အခုထိ ပြန်ဆိုနေကြရပြီး တက္ကသိုလ် ခံစားချက် အသစ်တွေ သိပ်မထွက်လာတဲ့အပေါ် ကိုင်ဇာရဲ့ခံစားမှုအမြင်ကို မေးတဲ့အခါ အခုလိုပဲ ဖြေပါတယ်။

“ကျနော်တို့တုန်းကတော့ ရန်ကုန်တက္ကသိုလ်လို့ ရေးလိုက်ပြီဆိုတာနဲ့ မြန်မာတပြည်လုံးက ခံစားလို့ ရတယ်လေ။ ခုချိန်မှာကျတော့လည်း ဒဂုံတက္ကသိုလ်က ကျောင်းသားတွေ ခံစားချက်ဆိုရင် ဒဂုံတက္ကသိုလ်အကြောင်း ရေးမှဖြစ်မှာပေါ့။ ဆိုတော့လေ သူတို့အတွက် နယ်မြေ ကျဉ်းတာပေါ့။ ပရိသတ်အင်အားလည်း နည်းတာပေါ့”လို့ သူက ဆိုပါတယ်။

“ဒါကြောင့်လည်း မဖန်တီးဖြစ်ခဲ့ကြတာ ဖြစ်မှာပေါ့။ ကျနော်တို့ ကျောင်းတက်တုန်းက ဖန်တီးဖြစ်ခဲ့တဲ့ သီချင်းတွေကို ခုလူငယ်တွေဆိုပြီး ပေါက်နေကြတုန်းဆိုတော့ ကလေးတွေပါ ကြိုက်နေကြတုန်း ပေါ့နော်။ ဆိုတော့ ကျနော်တို့ သမိုင်းကိုအချိန်အကြာကြီး ဆွဲဆန့်နိုင်ခဲ့လို့ ကြည်နူးတယ်။ ပီတိဖြစ်တယ်”လို့ ကိုင်ဇာက ပြောပါတယ်။

ဆက်လက်ပြီး ကိုင်ဇာက တက္ကသိုလ်တုန်းက အမှတ်တရတွေနဲ့အတူ ရန်ကုန်တက္ကသိုလ်ကို ၁၀ နှစ် တက်ခဲ့ကြောင်းလည်း အခုလိုမျိုး ဆိုပါတယ်။

“၈၆၊ ၈၇၊ ၈၈ ခုနှစ်တွေက Final၊ နောက်ဆုံး Physic Final Year နဲ့ စာမေးပွဲ မဖြေဘူး။ ဘွဲ့လည်း မယူခဲ့ဘူး။ ရန်ကုန်တက္ကသိုလ်မှာ ၁၀ နှစ်တက်ခဲ့တယ်။ အမှတ်တရတွေကတော့ အများကြီးပဲ။ ဘယ်လောက်တောင်များလဲဆိုရင် သီချင်းတိုင်းမှာ ပါနေပါတယ်”လို့ ကိုင်ဇာက ဧရာဝတီကို ပြောပါတယ်။

လက်ရှိ လုပ်ဖြစ်နေဆဲ အနုပညာတွေ အလုပ်တွေနဲ့ လုပ်ချင်နေတဲ့ အနုပညာတွေအကြောင်းကိုတော့ ကိုင်ဇာက အခုလို ပြောပြပါတယ်။ “ကျနော် သီချင်းလေးတွေ ရေးတယ်။ သွင်းတယ်။ ပရိသတ်ရှေ့ရောက်အောင် ချပေးဖို့တော့ လုပ်ရမှာက ကျနော့်ရဲ့ တာဝန် ဖြစ်ပါတယ်။၂၀၁၉ လောက်မှာတော့ လုပ်ပြနိုင်လိမ့်မယ်လို့၊ ချပေးနိုင်လိမ့်မယ်လို့ မျှော်လင့် ယုံကြည်ပါတယ်”

“တကိုယ်တော်ရှိုးပွဲလည်း ကျနော့်မှာ အကြွေးတွေ ရှိတယ်ဗျ။ ပြီးခဲ့တဲ့နှစ် Live Show တခုမှာ ကျနော် ပြောထားတယ်။ ပရိသတ်ကို တကိုယ်တော်ပွဲ သီဆိုဖျော်ဖြေဦးမယ်လို့ စင်ပေါ်မှာ စကားကျွံခဲ့တော့ ဗီဒီယိုထဲတွေမှာ ပါပါပြီး ကာရာအိုကေဆိုင်တွေမှာ ဖွင့်တိုင်းကြားနေရတယ်။ ကျနော့် ကတိအတွက် ကျနော် လုပ်ပါမယ်”လို့ ကိုင်ဇာက ဧရာဝတီကို ပြောပါတယ်။

တေးသံရှင် ကိုင်ဇာကတော့ အနုပညာလှုပ်ရှားတွေ သိပ်မတွေ့ရပေမယ့် သူကိုယ်တိုင်က သီချင်းသမားမို့ သီချင်းအလုပ်တွေတော့ လုပ်ဖြစ်နေတုန်းပဲလို့ ဆိုပြီး သူ့အနေနဲ့ စိတ်တိုင်းကျ ဖျော်ဖြေခွင့်ရမယ့် ဖိတ်ကြားတဲ့ပွဲတွေမှာတော့ သီချင်းတွေ ဆိုဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

The post တေးသံရှင် ကိုင်ဇာ ဦးဆောင် ပြုလုပ်မယ့် “လိမ္မော်ရောင်ကောလိပ် ဂီတည” appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...