Quantcast
Channel: Entertainment - ဧရာဝတီ
Viewing all articles
Browse latest Browse all 7343

ဖက်ရှင်နဲ့ ပတ်သက်လာရင် အသက်မကြီးလာတဲ့ ဒီဇိုင်နာ မပုံ့

$
0
0

ဒီဇိုင်နာ မပုံ့က ခင်လေးနွယ် အပါအဝင် သူငယ်ချင်းများနဲ့ ပူးပေါင်းပြီး ခေတ်ပေါ် ပိတ်စဒီဇိုင်းစုံကို တနေရာတည်းမှာ ရရှိနိုင်တဲ့ “KAY Fashion & Fabric House” ကို ၂၀၁၅ ခုနှစ်က စတင် ဖွင့်လှစ်ခဲ့ပါတယ်။ ၃ နှစ်ပြည့်အထိ အောင်မြင်နေတဲ့ KAY Fabric House ကို မန္တလေးမှာမြို့ပါ တိုးချဲ့ ဖွင့်လှစ်ထားပါတယ်။

“ပုံ့တို့က ဒီဇိုင်နာဆိုတော့ ပိတ်စတွေကိုလည်း ကျွမ်းကျင်ဖို့ လိုတယ်လေ။ နောက်ပြီး ကိုယ့်မြန်မာပြည်နဲ့ ဘယ်လို အစတွေက လိုက်ဖက်လဲ။ ဘယ်လိုဈေးနှုန်းလဲပေါ့နော်။ အဓိကတော့ ဒီ KAY ဆိုင်လေး ၃ နှစ်ပြည့်သွားတဲ့အချိန်မှာ ပုံ့ကအမှန်အတိုင်းပြောရရင် ပိတ်စပိုင်းကတော့ ကျွမ်းကျင်လာပေမယ့် ဈေးကွက်ပိုင်းကိုတော့ ခုချိန်ထိ နားလည်တယ်လို့ ပြောလို့မရဘူးပေါ့”လို့ ဒီဇိုင်နာ မပုံ့က ဧရာဝတီကို ပြောပါတယ်။

“ကိုယ်က အနုပညာ၊ Artist၊ ဒီဇိုင်းဘက် သက်သက်ပဲ။ ကျန်တာတွေကတော့ ကျွမ်းကျင်သူတွေ ခန့်ထားတယ်။ KAY နဲ့ ပတ်သက်လို့တော့ အားရကျေနပ်တယ်။ ဒီဆိုင်လေးကို သူငယ်ချင်းတွေနဲ့ အတူ လက်တွဲပြီး ဖွင့်ခဲ့ရတာကို မှန်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ဖြစ်ပေါ်နေတယ်”လို့ မပုံ့က ဆိုပါတယ်။

“KAY Fashion & Fabric House” ဆိုင်မှ လူကြီး၊ လူငယ်မရွေး နှစ်သက်တဲ့ ပိတ်စအမျိုးအစား အစုံကို အွန်လိုင်းကနေလည်း ဖြန့်ချိပေးနေတာဖြစ်ပြီး ၃ နှစ်ပြည့်ပွဲအဖြစ် စက်တင်ဘာလ ၂၂ ရက်နေ့ကနေ ၂၄ ရက်နေ့အထိ ၃ ရက်တိုင်တိုင် အထူးဈေးနှုန်းတွေနဲ့ ဈေးရောင်းပွဲ ကျင်းပခဲ့ပါတယ်။

ဒီဇိုင်နာ မပုံ့က “KAY” တခုတည်း မဟုတ်ဘဲ “Ready To Wear” နဲ့ “Zeoy Beg” တွေကလည်း ထုတ်လုပ်ရောင်းချနေပြီး Customer များရဲ့ အားပေးမှုများ ရရှိနေပါတယ်။ တပြိုင်တည်း လုပ်ဖြစ်နေတဲ့ ဖန်တီးမှုတွေအကြောင်းကိုလည်း မပုံ့က အခုလိုပြောပြပါတယ်။

“ပုံ့က Ready To Wear ကို အသက် ၄၀ ပြည့်တဲ့ အချိန်မှာစထုတ်ဖြစ်တာ။ Customer အတွက် သီးသန့်ချုပ်ရတာက အရမ်းပင်ပန်းတယ်။ တယောက်ချင်းစီကို ဝန်ဆောင်မှု ပေးရတာဆိုတော့လေ။ ဒီတော့ သင်တန်းဖွင့်မယ်။ နာမည်တခုလည်း ကျန်ခဲ့အောင်ဆိုပြီး Ready to Wear ထုတ်မယ်ဆိုပြီး လုပ်ဖြစ်တယ်။ ဒါက အောင်မြင်သင့်သလောက် အောင်မြင်သွားတယ်”

“ဒါပေမယ့် မနှစ်က အောက်တိုဘာလက သမီးကြီးမွေးနေ့မှာ သူ့နာမည်နဲ့ Zeoy Bag လေးတွေ လုပ်တာ Zeoy က ပိုပြီး အောင်မြင်သလို၊ ပေါက်သလိုဖြစ်နေတော့ Ready to Wear ဘက်မှာ ထုတ်တာက နည်းသလို ဖြစ်နေတယ်။ လောလောဆယ်တော့ Zeoy ကို ပိုလုပ်နေရတယ်။ ငါအသက်ကြီးပြီ။ Lifestyle Change မယ်လို့ လုပ်ပေမယ့် ဒီဘက်ကလည်း မလျော့တော့ ထပ်ချဲ့ လုပ်သလို ဖြစ်နေရော။ ပိုအလုပ်ရှုပ်သလို ဖြစ်နေတာပေါ့။ ဘာပဲဖြစ်ဖြစ် ပျော်ပါတယ်။ ကိုယ်မှန်းထားတဲ့ Target ထက် အများကြီး ရသွားလို့ ပျော်ပါတယ်”လို့ မပုံ့က ဆိုပါတယ်။

ဒီဇိုင်နာ မပုံ့ကတော့ ကိုယ်ဖန်တီးလိုက်တဲ့ ဝတ်စုံတွေအတွက် ရိုက်ကွင်းတွေအထိ လိုက်ပါဖြစ်နေတဲ့ အကြောင်းကိုလည်း အခုလို ပြောပြပါတယ်။

“ပုံ့တို့ အလုပ်ဆိုတာကလေ အမြဲတမ်းလေ့လာနေမှ ရမှာ။ သိသွားပြီ၊ တတ်သွားပြီဆိုပြီး ရပ်ထားလို့မရဘူး။ ဥပမာ-သမီးကြီး မွေးပြီးချိန်လောက်ကဆို ပုံ့ အကုန်ချုပ်တတ်နေပြီ။ Customer ကလည်း လက်မလည်အောင် ချုပ်နေရပြီ။ အဲဒီအခြေအနေနဲ့ ဝင်ငွေနဲ့လည်း ရပ်ပြီးနေလိုက်ရင် ရပြီ။ ငွေကြေးပိုင်း၊ ဒီလောက်အောင်မြင်မှုပိုင်းနဲ့ ရပ်တည်နေရတာကို ပုံ့က မကြိုက်ဘူး။ ပုံ့ရဲ့ Life က ဖက်ရှင်ကို ချစ်တယ်။ ဖက်ရှင်နောက်ကို လိုက်နေရတာကို ပျော်တယ်”

“တခါတလေ ပုံ့မအားတာကလွဲရင် ကိုယ့်ရဲ့ Cover တွေ၊ ရှုတင်တွေ၊ ရိုက်ကွင်းတွေကို ကိုယ်တိုင် လိုက်တယ်။ ကိုယ်က ဝါသနာပါတာကိုး။ ကိုယ်တိုင်လည်းခေတ် အလိုက် လေ့လာလိုက်စားတယ်။ ကိုယ်တိုင်ကိုက ဖက်ရှင်နဲ့ ပတ်သက်ရင် အသက်မကြီးလာဘူး။ ပုံ့သမီးဆို အမြဲပြောတယ်။ မာမီက သမီးထက်တောင် ပိုငယ်နေတယ်တဲ့”

“ပုံ့က အင်္ကျီ ဒီဇိုင်းတင် မကဘူး။ Head to Toe (ခေါင်းကနေ ခြေမအထိ) ပုံ့အင်္ကျ ီဝတ်ရင် Hair Style ကို ဘယ်လိုပြင်မလဲ၊ ဘာဖိနပ် စီးမလဲ။ ဘယ်လို Accessories ဝတ်ရမလဲ ဆိုတာက အစ စဉ်းစားပေးတယ်။ ဖိနပ်တွေဆို လှရင် ဝယ်ထားလိုက်တာ။ ပုံ့ဖိနပ်က ဆိုဒ်ကြီးတော့ မော်ဒယ်တွေအတွက် အဆင်ပြေတယ်လေ။ ရှုတင်တွေကို ဖိနပ်ပုံးပါ သယ်သွားတာ” လို့ မပုံ့က ပြောပါတယ်။

“ပုံ့နဲ့ရိုက်ဖူးတဲ့ ကလေးတိုင်း သိပါတယ်။ Accessories ဆိုရင်လိုတာက ၅ ခုဆို ပုံ့က အခု ၅၀ လောက်ကို သယ်သွားတာ။ ဆံပင်၊ မိတ်ကပ်၊ Accessories၊ ဖိနပ် အားလုံးကို စဉ်းစားပေးတာ။ ကိုယ့်ကိုယ်ကိုယ်လည်း အောင်မြင်တယ်လို့ ဘယ်တော့မှ မတွေးဘူး။ အမြဲကြိုးစားနေတယ်” လို မပုံ့က ဆိုပါတယ်။

ဒီဇိုင်နာ မပုံ့ကတော့ အောက်တိုဘာလ ၂ ရက်နေ့မှာ တနှစ်ပြည့်တော့မယ့် “Zeoy” အမှတ်တံဆိပ် အတွက်လည်း ထူးထူးခြားခြား အစီအစဉ် တခုခုလုပ်ဖို့ စဉ်းစားနေတယ်လို့လည်း ဆိုပါတယ်။

ဆက်စပ် သတင်းလင့်ခ် – “Zoey အိတ်တွေက သမီးအတွက် ရည်ရွယ်ပြီး ထုတ်ထားတာပါ” ဆိုတဲ့ ဒီဇိုင်နာ မပုံ့

The post ဖက်ရှင်နဲ့ ပတ်သက်လာရင် အသက်မကြီးလာတဲ့ ဒီဇိုင်နာ မပုံ့ appeared first on ဧရာဝတီ.


Viewing all articles
Browse latest Browse all 7343

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...